လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ် စသည့် ဆင်ခြေဖုံးများတွင် အစိုးရနေ့စဉ်သတင်းစာများမှတစ်ဆင့် ကြော်ငြာများထည

လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ် စသည့် ဆင်ခြေဖုံးများတွင် အစိုးရနေ့စဉ်သတင်းစာများမှတစ်ဆင့် ကြော်ငြာများထည - Property News in Myanmar from iMyanmarHouse.com
6 Aug 2014 10:10 am တွင် တင်ခဲ့သည်
1372 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးများ မြင့်တက်နေမှုသည် ဈေးကစားမှုများအပါအ၀င် တရုတ်လူမျိုးများ ၀င်ရောက်ဝယ်ယူနေသောကြောင့်ဖြစ်ကြောင်းနှင့် လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အစရှိသည့် ရန်ကုန်မြို့၏ ဆင်ခြေဖုံးဒေသများတွင်လည်း နေ့စဉ်အစိုးရသတင်းစာများမှတစ်ဆင့် ကြော်ငြာများထည့်သွင်းလျက် တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။

“မြေကို ဘယ်သူတွေက ၀ယ်နေတာလဲဆိုတော့ တရုတ်တွေဝယ်နေကြတာ။ တရုတ်က ဘယ်လိုလုပ်လဲဆိုရင် မူဆယ်ကို ပထမအဆင့် ၀င်လာကြတယ်။ မူဆယ်နားက မြေတွေ သူတို့ဝယ်ကြတယ်။ ကုန်သွယ်ရေးဇုန်နားက မြေတွေဆိုလို့ရှိရင် ရှမ်းတရုတ်တွေပိုင်တဲ့မြေတွေဆိုရင် တရုတ်တွေ ၀ယ်ပြီးသွားပြီ။ ပြီးတော့ လားရှိုးရောက်လာတယ်။ လားရှိုးမှာလည်း မြေကွက်တွေက အကုန်လုံး ဒီတရုတ်တွေယူထားကြတာ။ လားရှိုးကနေပြီးတော့ တစ်ခါ မန္တလေး၊ မန္တလေးပြီးတော့ အခု ရန်ကုန်၊ ရန်ကုန်ကျတော့ ဘယ်နေရာတွေဝင်လဲဆိုတော့ ဟိုဆင်ခြေဖုံးလယ်ကွက်တွေကို စ၀င်တယ်။ ဒါသူတို့မှာ strategy ရှိပြီးသား တရုတ်တွေဝယ်တယ်ဆိုတာ အရမ်းကာရော လျှောက်ဝယ်တာ မဟုတ်ဘူး။ ဘလိုင်းကြီး မ၀ယ်ဘူး။ တဖြည်းဖြည်း အုပ်စုလေးတွေဖွဲ့ပြီး ၀ယ်တာ။ အခုလှည်းကူးတို့ ဘာတို့ဘက်တွေမှာလည်း ၀ယ်သွားတာတွေ လိုက်ကြည့်လိုက် လားရှိုးတရုတ်တွေချည်းပဲ။ တချို့က မန္တလေးတောင် မခံတော့ဘူး။ လားရှိုးကနေ ရန်ကုန်ကို တန်းဆင်းပြီး ၀ယ်နေတာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသော်လည်း ယင်းကဲ့သို့ တရုတ်များမြေ၀ယ်ယူမှုကို ဗြောင်ကျကျပြုလုပ်နိုင်ခြင်းမှာလည်း တရားဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ခက်တယ်ဗျ၊ သူတို့ကလည်း ဘင်္ဂါလီတွေလိုပဲ။ မူဆယ်နေပြီဆိုကတည်းက မှတ်ပုံတင်က ရပြီးသွားပြီ။ သူတို့က transmigration လုပ်နေတာ။ ရန်ကုန်မြို့မှာတော့ မြို့ထဲ သိပ်မ၀င်နိုင်ကြသေးဘူး။ တချို့လည်း ၀င်နေပြီပေါ့။ ဆင်ခြေဖုန်းကို အဓိက၀င်နေတာ။ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုရင် တရုတ်တွေချည်းပဲ။ တစ်လောတုန်းကဆို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စားသောက်ဆိုင်တွေတောင် ညဘက်ဖွင့်ထားတယ်။ အဲဒီမှာ ပွဲစားတွေရော၊ တရုတ်တွေရော ခြေချင်းရှုပ်နေတာပဲ။ တရုတ်ဆိုင်ပွဲစားတွေနဲ့ ညအထိရှိတယ်။ ကားတွေနဲ့ မီးတွေထွန်းပြီးတော့ ၀ယ်နေကြတာ။ အခုလည်း သတင်းစာမှာ နေ့တိုင်းကြည့်လေ။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၀ယ်လိုတယ်။ ဘယ်ဖုန်းနံပတ်ကို ဆက်ပါဆိုပြီး နေ့တိုင်းကြော်ငြာနေတာ။ တရုတ်က ဒီမှာမျိုနေပြီ။ အဲဒီဆိုင်မှာစာရေးရင် မြန်မာလိုရေးတာအပြင်၊ တရုတ်လိုပါရေးတယ်။ လာရင် ဘောင်းဘီတိုနဲ့ တရုတ်တွေချည်းပဲ”ဟု ၎င်းက ဆိုသည်။

အလားတူပြီးခဲ့သည့် ကာလအတွင်း ၂၀၀၇ ခုနှစ်လောက်မှာစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ၀င်ငွေရလမ်းဖော်ပြစရာမလိုဆိုသော စနစ်မှာလည်း ၎င်းတို့အတွက် အခွင့်အရေးတစ်ရပ် ဖန်တီးပေးသကဲ့သို့ ရှိခဲ့ကြောင်းလည်း သိရသည်။

“တရုတ်အတွက် သီးသန့်ဖန်တီးပေးတာတော့ မဟုတ်ဘူး။ တရုတ်က ဒီအပေါ်မှာ အကွက်မြင်သွားတာပါ။ သူတို့က ပိုက်ဆံလည်းရှိတယ်။ တောက်လျှောက်ကို ၀င်နေတာပါ”ဟု မူဆယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အိမ်ခြံမြေဈေးတွေ တက်တယ်ဆိုတာ ၀ယ်လိုအားများလို့ဖြစ်တယ်လို့ ထင်ပါတယ်။ ဈေးကစားချင်လို့ ၀ယ်တဲ့အပိုင်းမှာတော့ နှစ်ပိုင်းရှိလိမ့်မယ်။ မြို့ထဲပိုင်းတွေကျတော့ လက်ပြောင်းလက်လွှဲဝယ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက အမည်ပေါက်လုပ်ရတယ်။ မြို့သစ်က ပါမစ်မြေကွက်တွေကျတော့ လက်ပြောင်းလက်လွှဲလုပ်လို့ လွယ်တယ်ပေါ့။ မြို့သစ်မှာမှ မြို့ထဲနဲ့နီးတဲ့နေရာတွေက ဈေးနှုန်းတော်တော်မြင့်သွားတယ်။ မြို့ပြင်ကျ ဈေးသက်သာတာက တစ်ပိုင်း၊ နောက်စီမံကိန်းတွေရှိတယ်ဆိုပြီး ၀ယ်တာမျိုးတွေလည်း ရှိတယ်။ နောက် ငွေကြေးအရင်းအနှီးနည်းတဲ့ သူတွေကျတော့ မြို့ထဲမှာမနိုင်တော့ မြို့ပြင်ဘက်မှာ ၀ယ်ကြတယ်။ ဒဂုံဆိပ်ကမ်းဘက်တွေမှာ ၀ယ်ကြတယ်။ မြို့ထဲမှာက တိုက်ခန်းတစ်ခန်းက သိန်း ၃၀၀၊ ၄၀၀ နဲ့ မရတော့ဘူး။ စီမံကိန်းတွေ ဘာတွေရှိတယ်ဆိုရင် မြို့ထဲတွေမှာ သယ်ယူပို့ဆောင်ရေးကလည်း ကောင်းလာမယ်ဆိုပြီးတော့ ၀ယ်ကြတယ်။ အခုဆိုရင် ဒဂုံအရှေ့ဘက်တို့ ဘာတို့ သွားရလာရတာပို လွယ်လာတယ်။ ဒါကြောင့် ၀ယ်လိုအားလည်း ကောင်းလာပါတယ်”ဟု Unity အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ဆိုသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service