မီးရထားဌာနပိုင် မြေကွက်သုံးခုကို လုပ်ငန်းသုံး ခေတ်မီအဆောက်အအုံများ ဆောက်ခွင့်ပြုမည်

မီးရထားဌာနပိုင် မြေကွက်သုံးခုကို လုပ်ငန်းသုံး ခေတ်မီအဆောက်အအုံများ ဆောက်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
5 Aug 2014 4:09 pm တွင် တင်ခဲ့သည်
824 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့မီးရထားက ၎င်း တို့ဌာနပိုင်မြေ သုံးကွက်ကို စီမံ ကိန်းလုပ်ကိုင်ရန် မရှိကြောင်း အာမခံချက်ဖြင့် နှစ်ရှည်ငှားရမ်း ရန် ပြည်တွင်းလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားသည်။

ထိုမြေကွက် သုံးကွက်မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေနေရာများဖြစ်ပြီး ငှားရမ်းမည့်မြေတိုင်းတွင် သတ်မှတ်အ ဆောက်အအုံများလည်း ဆောက် လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရ သည်။ ယင်းသို့မြေကွက်များ ငှား ရမ်းခြင်းမှာ နိုင်ငံတော်စီးပွားရေး တိုးတက်မှုကို အထောက်အကူပြု စေရန်ဖြစ်သည်ဟု ဌာနက ဆိုထားသည်။

ယင်းမြေများမှာ ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မြို့ နယ်၊ ကမ်းနားလမ်းနှင့် ဝါးတန်း (၁)လမ်းထောင့်ရှိ ပေ (၁၁၇-၅၀)ရှိသောမြေကွက်ဖြစ်ပြီး RC (၁၂)ထပ် အဆောက်အအုံ ဆောက်လုပ်ခွင့်ပေးသွားမည်ဖြစ်သည်။ ထိုမြေပေါ်တွင် ဟိုတယ်နှင့်ရုံးလုပ် ငန်းများကို လုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း အဆိုပါဌာနက ပြောသည်။

ငှားရမ်းမည့်အထဲတွင်ပါဝင် သော မရမ်းကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သမိုင်းဘူတာရှေ့၊ ဗဟိုလမ်းဘေးရှိ ပေ (၄၆၁-၄၀) မြေကွက်၌ RC ရှစ်ထပ်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမည်ဖြစ် သည်။ ယင်းမြေတွင် Shopping Mall, Super Market၊ ရုံးခန်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများ၊ စားသောက်ဆိုင်လုပ်ငန်း စသည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။

အထက်ပါ မြေနှစ်ကွက်ကို BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကနဦး နှစ်(၃၀) လုပ်ကိုင်ခွင့်ပေးပြီးတစ် ဆက်တည်း သက်တမ်းတိုးခွင့် (၁) ကြိမ် ငါးနှစ်စီဖြင့် ၂ကြိမ်ထိ လုပ် ကိုင်ခွင့်ပြုမည်ဖြစ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ တောင်-မြောက်လမ်းဆုံ အနီး၊ တိုးကြောင်ကလေးဘူတာ ယာဒ်ဝင်း၊ အမှတ်(၂)လမ်းမကြီး ဘေးရှိ ပေ (၃၀၀-၁၅၀)ရှိသော မြေကွက်ကိုလည်း ခေတ်မီ သုံး ထပ်အဆောက်အအုံများဆောက် လုပ်ခွင့်နှင့်အတူ ငှားရမ်းသွား မည်ဖြစ်သည်။ ယင်းမြေကွက်ကို ငှားရမ်းရာတွင် Shopping Mall, Super Market, Car Showroom၊ရုံးခန်းနှင့် ပုဂ္ဂလိကစာသင်ကျောင်းများစသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။ ယခု ငှားရမ်းမည့်မြန်မာ့ မီးရထားပိုင် မြေကွက်ကို BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင် ခွင့်ပြုမည်ဖြစ်ပြီး ကနဦး (၁၅)နှစ်၊ တစ်ဆက်တည်း သက်တမ်းတိုး ခွင့်ငါးနှစ် (၁)ကြိမ်လုပ်ကိုင်ခွင့်ပြု မည်ဖြစ်သည်။

အဆိုပါမြေများကို BOT စနစ်ဖြင့်နှစ်ရှည်ငှားရမ်းလုပ်ကိုင် လိုသော ပြည်တွင်းလုပ်ငန်းရှင်၊ ကုမ္ပဏီများ တင်ဒါယှဉ်ပြိုင်နိုင်ရန် အဆိုပြုလွှာပုံစံ တစ်စုံလျှင်ကျပ် သုံးသိန်းဖြင့်ဝယ်ယူကာ သြဂုတ် ၂၀ ရက် နောက်ဆုံးထားပြီးရန် ကုန်ဘူတာကြီး(ပထမထပ်)တိုင်း အမှတ် (၇)ရုံး၊ မန်နေဂျာ(စီးပွားရေး၊ တိုင်း) သို့ လာရောက် လျှောက်ထားရမည်ဖြစ်သည်။

Credit : 7day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service