ပေါက်ဈေးထက် ဈေးပိုခေါ်လို့ အိမ်ခြံမြေ အရောင်းအ၀ယ်ကျ

ပေါက်ဈေးထက် ဈေးပိုခေါ်လို့ အိမ်ခြံမြေ အရောင်းအ၀ယ်ကျ - Property News in Myanmar from iMyanmarHouse.com
5 Aug 2014 3:57 pm တွင် တင်ခဲ့သည်
1191 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အခုနောက်ပိုင်း ဈေးထက် ပိုခေါ်ကာ ရောင်းချတာတွေကြောင့် ကွာဟမှုမြင့်တဲ့ နေရာတွေမှာ အရောင်းအ၀ယ် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

'ဈေးကွက်ထဲမှာက ၁၀၀၀ လောက်တန်တာကို ၂၀၀၀ လောက် ဈေးခေါ်နေတော့ ၀ယ်သူက လက်တွန့်လာတာပေါ့၊ တချို့က ခေါ်ဈေးက တစ်မျိုး ၀ယ်သူလည်းလာရော ဈေးတင်ပြီး ထပ်ပြောတော့ ၀ယ်မယ့်သူက မ၀ယ်တော့ဘူး၊ ဒီလို ဈေးပိုခေါ်နေလို့ အခုတလော အရောင်းအ၀ယ်တွေ ကျလာတယ်' လို့ ရန်ကုန်မြို့တွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်သက် ၁၅ နှစ်ဝန်းကျင်ရှိ ဦးဇော်မြင့်က ပြောပါတယ်။

ရန်ကုန်မြို့ရှိ အိမ်ခြံမြေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေဟာ ဖြစ်သင့်တဲ့ ဈေးထက် အဆမတန် မြင့်မားနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေတောင် ၀ယ်ယူမြှုပ်နှံထားဖိုး စဉ်းစားလာရတဲ့ အခြေအနေ ဖြစ်လာပါတယ။ ဒါ့အပြင် မဖြစ်မနေ မိသာစုနေထိုင်ဖို့ ၀ယ်ယူလိုသူတွေ အနေနဲ့လည်း ဈေးနှုန်းမြင့်မားလာတဲ့ အိမ်ခြံမြေဈေးကွက်ကို လိုက်မမီနိုင်တာကြောင့် လက်ရှိမှာ ၀ယ်လိုအား ကျဆင်းလာပြီး အရောင်းအ၀ယ်ပါ ကျနေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

'အရင်ကတော့ မြေဈေးတွေက ဈေးမှန်ခေါ်ထားတော့ ၀ယ်ရောင်းလုပ်တာတောင် အဆင်ပြေတယ်၊ အခုက နောက်သုံးလေးနှစ်လောက်မှ ဖြစ်မယ့် ဈေးလောက်ကို ကြိုခေါ်နေတော့ ကိုယ့်လက်ထဲရောက်ပြီးမှ ထင်သလိုဖြစ်မလာရင် ရှုံးပြီလေ၊ မစွန့်စားတော့ဘူး' လို့ ပြောပါတယ်။

ရောင်းတဲ့သူတွေဖြစ်တဲ့ မြေရှင်ကိုယ်တိုင်က ဈေးပိုခေါ်တာတွေ ရှိသလို တချို့ကတော့ ပွဲစားတွေက မြေရှင်ရဲ့ ခေါ်ဈေးထက် ပိုခေါ်ကာ အရောင်းအ၀ယ်ဖြစ်ဖို့ ဆောင်ရွက်တာတွေကြောင့်လည်း အရောင်အ၀ယ်ကျနေတာ ရှိပါတယ်။

စီးပွားရေး ဥပဒေပညာရှင် ဦးတင်သန်းဦးက 'ပေါက်ဈေးထက် ဈေးပိုခေါ်တယ်ဆိုတာကို ပြောရင် ပေါက်ဈေးကို ဘယ်လိုသတ်မှတ်လဲဆိုတာ ကြည့်ရမယ်၊ ငွေပိုလျှံတဲ့သူတွေနဲ့ ငွေဖြူပြောင်းချင်တဲ့သူတွေက ခေါ်တဲ့ဈေးတွေနဲ့ လိုက်ဝယ်တယ်၊ တကယ်ကြိုးစားပြီး လုပ်အားခနပဲ ၀ယ်ချင်တဲ့ သူတွေအတွက် ခက်ခဲ့လာတာပေါ့' လို့ သုံးသပ်ပါတယ်။

လတ်တလော အရောင်းအ၀ယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေကတော့ တောင်ဥက္ကလာပမြို့နယ်ဘက်မှာ အချက်အချာကျတဲ့ ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို သိန်း ၄၀၀၀ ခန့်ရှိနေပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘက်မှာတော့ သိန်း ၁၀၀၀ ကျော်ခန့်ရှိနေတယ်လို့ သိရပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service