ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ တိုက်ခန်းများအားလုံး ရောင်းချပြီးဟုဆို

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ တိုက်ခန်းများအားလုံး ရောင်းချပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Aug 2014 3:44 pm တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများမှ တိုက်ခန်းများအားလုံး စုစုပေါင်း ၁၂၀၀ ခန်းကို ရောင်းချပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

အဆိုပါ အိမ်ရာများကို အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချခြင်း ဖြစ်ပြီး အခန်းတန်ဖိုးအလိုက် ကာလအပိုင်းအခြား ကွာခြား၍ ငွေပေးချေရခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“အခန်းတွေက ဆောက်လို့တော့ မပြီးသေးဘူး။ အကုန်လုံးတော့ ရောင်းပြီးသွားပါပြီ” ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

အခန်း ၄၀၀ ခန်းပါ ဗိုလ်ဗထူးအိမ်ရာမှ တိုက်ခန်းများကို မဲစနစ်ဖြင့် မေလ တတိယပတ်အတွင်းက ပြည်သူများထံသို့ စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး အခန်း ၈၀၀ ခန်းပါ ဗိုလ်မင်းရောင် အိမ်ရာမှ တိုက်ခန်းများကို ဇွန်လ ၇ ရက်နေ့တွင် လုပ်သက် နှစ် ၂၀ ရှိ အစိုးဝန်ထမ်းများကို စတင် မဲနှိုက်ခွင့်ပြုခဲ့ကာ ဇွန်လ ၂၄ ရက်နေ့တွင် အများပြည်သူ၊ အငြိမ်းစား ဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းနှင့် အသင်းအဖွဲ့များမှ ဝယ်ယူလိုသူများကို မဲနှိုက်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“တကယ်တော့ ပြည်သူတွေဆီ ရောင်းချမယ့် အိမ်ရာတွေမှာ တန်ဖိုးကို ဦးစားပေးပြီး ဆောက်တာထက် ခိုင်ခံ့မှုက အရေးကြီးပါတယ်။ ဒီလို တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်ခြင်းဟာ ဒီတိုက်ခန်းတွေ ဟောင်းသွားတဲ့ အချိန်မှာ၊ အဆင့်မြှင့်တင်မှုတွေ ပြန်လုပ်တဲ့အချိန်မှာ ပြဿနာ ရှိနိုင်ပါတယ်” ဟု သုံးရာသီ ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုကိုလေးက ဆိုသည်။

လတ်တလော ဆောက်လုပ်လျက် ရှိသော အိမ်ရာများမှာ ယနေ့ခေတ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မျှတသည်ဟု ဆိုနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက် ရှိသော လှိုင်သာယာမြို့နယ် အတွင်းရှိ အခန်းပေါင်း ၂၄၀ ပါဝင်သည့် ရွှေလင်ဗန်း အိမ်ရာမှ တိုက်ခန်းများကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင် ရောင်းချပေးလျက် ရှိပြီး အဆိုပါ အခန်းများကို ဝယ်ယူလိုပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

Credit : The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service