တပ်မတော်မှ အသက် (၆၀) ပြည့်၍ အငြိမ်းစားယူ နုတ်ထွက်ခွင့်ရရှိ သူများ၊ စစ်ဆင်ရေးတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် ထိခိုက် ဒဏ်ရာရရှိပြီး အငြိမ်းစား နုတ်ထွက်သူများ အတွက် အထပ်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောသည်။
ကျွန်တော်တို့ ဆောက်လုပ်ပေးရန်အတွက်ကို စီမံချက် ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်ဟု ၎င်း က ပြောသည်။ယင်းစီမံချက်အရ ၂၀၀၃ခုနှစ်မှ ၂၀၁၂ ခုနှစ်ကာလထိ အသက် (၆၀) ပြည့်ဖြင့် နှုတ်ထွက်ခွင့်ရရှိခဲ့သူ စစ်မှုထမ်းအရေအတွက်ပေါ်အခြေခံတွက်ချက်ခဲ့ရာ တစ်နှစ်ပျမ်းမျှဦးရေမှာ (၁၁၂၃) ဦးခန့် ရှိပြီး ၊ စစ်မှုထမ်းသက် (၃၂)နှစ်၊ (၃၅) နှစ်၊ (၃၇) နှစ်နှင့် (၄၂)နှစ်ဖြင့် သက်ပြည့် နုတ်ထွက်ခွင့်ရရှိ စစ်မှုထမ်းများ၏ လုပ်သက် ဆုကြေးငွေများကို တွက်ချက်ရာတွင် လုပ်သက် ဆုကြေးငွေမှာ တစ်ဦးလျှင် ပျမ်းမျှ (၅၅၂၈၆၀၉ ဒသမ ၃၈) ကျပ်ခန့် ရရှိမည် ဖြစ်ကြောင်း သိရသည်။
၎င်းတို့၏ လုပ်သက် ဆုကြေးငွေများကို ခုနှိမ်ကာ စစ်မှုထမ်းဟောင်း အိမ်ရာတစ်လုံးအား ခန့်မှန်း ကျပ်သိန်း (၁၀၀) နှုန်းဖြင့် ဆောက်လုပ်ပါက (၁၁၂၃)ဦး အတွက် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ (၅၀၂၁၃၇၁၆၆၆ ဒသမ၂၆) ကျပ်အား လည်းကောင်း၊ ခန့်မှန်း ကျပ်သိန်း (၁၂၀) နှုန်းဖြင့် ဆောက်လုပ် ပါက စုစုပေါင်း ခန့်မှန်း (၇၂၆၇၃၇၁၆၆၆ ဒသမ ၂၆) ကျပ်အား လည်းကောင်း ကုန်ကျမည်ဖြစ်ပြီး တပ်မတော်အထွေထွေ သက်သာချောင်ချိရေး ရန်ပုံငွေ မှ စိုက်ထုတ် သုံးစွဲသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်နေရာမှ အသက် (၆၀) ပြည့်ဖြင့် အငြိမ်းစားယူ နုတ်ထွက်ခွင့်ရရှိသူများ အနက် တိုင်းစစ် ဌာနချုပ်နယ်မြေ အလိုက် စစ်မှုထမ်းဟောင်း အိမ်ရာများတွင် နေထိုင် လိုကြောင်း တင်ပြလာသူများအား စိစစ်၍ နေရာချထားပေး လျက်ရှိရာ ၂၀၀၉ခုနှစ်၊ မေလမှ ၂၀၁၄ ခုနှစ်၊ မေလထိ စုစုပေါင်း(၃၁၁)ဦးအား နေရာချထားပေးပြီး ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ သိရသည်။
စစ်ဆင်ရေးမှာ ကျဆုံး/သေဆုံးခဲ့ သူများရဲ့ မှတ်တမ်းဝင် အမွေခံ မိသားစုဝင် များ၊ စစ်ဆင်ရေးမှာ ရန်သူ့လက်နက်ဖြင့် ထိခိုက် ဒဏ်ရာရရှိပြီး ဆေးအဆင့်နိမ့်ဖြင့် အ ငြိမ်းစား နုတ်ထွက်သွားသူများကို ကိုယ့်အိုးကိုယ့်အိမ်နဲ့ အေးချမ်းစွာ ဘ၀ရပ်တည်နေနိုင်ရေးအတွက် အထပ်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ပေးသွားရခြင်း ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။
တပ်မတော်သားများအနေဖြင့် တိုက်ပွဲ တွင် ကျဆုံးကြခြင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့ ခြင်းတို့ကြောင့် ၎င်းင်းတို့၏ မိသားစုဝင်များ သည် စားဝတ်နေရေး ပြေလည်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေစားသောက်နေရ ကြောင်း၊ အသက်(၆၀)ကျော်သောကြောင့် အငြိမ်းစားယူသည့် စစ်သည်များကိုမှု နိုင်ငံ တော်၏ တပ်မတော်မှ စောင့်ရှောက်မှု အား နည်းသည်ကို တွေ့ရကြောင်း၊ အသက်ပြည့် ပင်စင် ပြည့်သူများ(တပ်မတော်သားမှ အရာ ခံဗိုလ်အထိ)တို့သည် သက်ပြည့်ပင်စင် ယူရ မည်ကို ကြောက်ရွံ့နေကြပြီး၊ ယင်းကဲ့သို့ ဖြစ် ပေါ်နေရသည်မှာ တပ်မတော်မှ ထွက်ပါက နေ ထိုင်ရန် နေစရာ ဒုက္ခတွေ့နေရခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော်တွင်း(၃၅) နှစ်ကြာ စစ်မှုထမ်းခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။
Credit : The Messenger