လှိုင်သာယာရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာဝယ်ချင်ရင် ၃၁.၇.၂၀၁၄ နေ့မတိုင်မီ အမြန်လျှောက်ကြပါ

လှိုင်သာယာရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာဝယ်ချင်ရင် ၃၁.၇.၂၀၁၄ နေ့မတိုင်မီ အမြန်လျှောက်ကြပါ - Property News in Myanmar from iMyanmarHouse.com
28 Jul 2014 1:00 pm တွင် တင်ခဲ့သည်
5877 ကြိမ် ကြည့်ရှု့ပြီး
၁၁.၇.၂၀၁၄ နေ့ထုတ်ကြေးမုံသတင်းစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွာသာကြီးဘူတာအနီးတွင် မြန်မာမီးရထားပိုင် စီမံကိန်းမြေနေရာမှာ “ကုန်းတွင်းအိမ်” တည်ဆောက်တော့မယ်လို့ သတင်းစာမှာဖတ်ရှုရတာနဲ့ အိမ်ခြံမြေအရောင်းအ၀ယ်သမားတွေကတော့ တပ်နှင့်ချီပြီး ရွာသာကြီးဘူတာအနီးမှာ မြေကွက်အရောင်းအ၀ယ်တွေလုပ်ဖို့ ဈေးကစားနေကြပြီလေ။ သူတို့တွေအလုပ်ရှုပ်နေပေမယ့်လည်း ရောင်းစရာ မြေတစ်ကွက်မှမရှိတဲ့ ကျွန်ုပ်တို့အဖို့ အဝေးကသွားရေကျပြီး ရွာသာကြီးဘူတာက ရထားစီးပြီး မြို့ ထဲထွက်လာခဲ့တယ်။ မြို့ ထဲရောက်တော့ ရန်ကုန်မြို့ တော်ခန်းမရှေ့ ရောက်လာတယ်။ လူရှင်းနေတယ်။ အဆောက်အအုံငှာနအောက်မှာ ဗိုလ်ဗထူးအိမ်ရာနဲ့ ဗိုလ်မင်းရောင်အိမ်ရာ မဲပေါက်သူများစာရင်းကို ကြေညာထားတာတွေ့ရတယ်။ မဲပေါသူများစာရင်းဖတ်နေစဉ် “ရွှေလင်ဗန်းတန်ဖိုနည်းအိမ်ရာတိုက်ခန်းလျှောက်လွှာတွေရမယ်” ဆိုတော့ စာရေးသူလည်းစိတ်ဝင်စား သွားတယ်။ ဒါနဲ့လျှောက်လွှာပုံစံတစ်စုံ ၅၀၀ ပေးပြီး ဖတ်ကြည့်လိုက်တယ်။ လျှောက်လွှာပုံစံနဲ့အတူ ဆောက်လုပ်ပြီးတိုက်ခန်းများအရေအတွက်၊ အခန်းရောင်းဈေးများပါ ဖော်ပြထားတာကိုတွေ့ရတယ်။“ ၃ သိန်းဝင်ငွေရှိသူတိုင်းလျှောက်လို့ရတဲ့ရွှေလင်ဗန်းအိမ်ရာ” အသက် ၂၅ နှစ်ပြည့်သူ နိုင်ငံသားတိုင်းလျှောက်ထားနိုင်တာကိုတွေ့ရတယ်။ တစ်လအနည်းဆုံးဝင်ငွေ ၃ သိန်းရှိရမတဲ့။ စည်းကမ်းချက်အသေးစိတ်သိလိုရင်တော့ လှိုင်သာယာမြို့ နည်အထွေထွေအုပ်ချုပ်ရေးဦးစီးငှာနမှာ သွားပြိးစုံစမ်းရမယ်။ ၃၁.၇ .၂၀၁၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမယ်။ မဲစနစ်နဲ့တိုက်ခန်းနေရာချထားပေးမယ်လို့လည်းဖော်ပြထားတယ်။ စာဖတ်သူများလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့  အသိပေးကြေညာချက်နဲ့ စည်းကမ်းချက်များကိုဖတ်ပြီး စာတိုက်မှတစ်ဆင့်ပေးပို့ လျှောက်ထားနိုင်ကြောင်းသိရပါတယ်။ စိတ်ဝင်စားသူများအသိနောက်မကျစေဖို့ “တိုက်ခန်းလျှောက်လွှာပုံစံ” အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။ “မသိသူကျော်သွားပေမဲ့သိသူရွှေလင်ဗန်းကို အမြန်သွားကြပါစို့” “အသိပေးကြေညာချက်” ၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ် ၊ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိ ၆ ခန်းတွဲ ၄ ထပ် (Steel Structure ) Hall Type ၁၈ လုံး၊ ၆ ခန်းတွဲ ၄ ထပ် ၊ (RCC Structure ) Hall Type ၆ လုံး၊ စုစုပေါင်းတိုက်ခန်း ၂၄ လုံး၊ စုစုပေါင်းအခန်း ၅၇၆ ခန်းအားတည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ ၂။ အဆိုပါတိုက်ခန်းများအရစ်ကျ ငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူသည့်စနစ်များဖြင့် ၀ယ်ယူနိုင်ပါသည်။ ရောင်းချမည့်ဈေးနှုန်းများကို အောက်ပါအတိုင်းသတ်မှတ်ထားပါသည်။ (က) ၆ ခန်းတွဲ ၄ ထပ် (Steel Structure)တွင် မြေညီထပ်ကျပ် ၁၂၀ သိန်း၊ ပထမထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ်ကျပ် ၁၁၃ သိန်း၊ တတိယထပ်ကျပ် ၁၁၀ သိန်း၊ (ခ) ၆ ခန်းတွဲ ၄ ထပ် (RCC Structure) တွင် မြေညီထပ် ကျပ် ၁၂၅ သိန်း ၊ ပထမထပ် ကျပ် ၁၂၂ သိန်၊ ဒုတိယထပ်ကျပ် ၁၁၉ သိန်း၊ တတိယထပ်ကျပ် ၁၁၆ သိန်း။ ၃။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၂၅ နှစ်ထက်မငယ်သူဖြစ်ရမည်။ လစဉ်မိသားစုဝင်ငွေ စုစုပေါင်းကျပ် ၃ သိန်းရှိရမည်ဖြစ်ပြီး ၇ သိန်းကျပ်ထက်မကျော်လွန်သော ၀င်ငွေရှိမိသားစုဖြစ်ရမည်။ စည်းကမ်းချက်အသေးစိတ်အား မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးငှာနများတွင် စုံစမ်းနိုင်ပါသည်။ ၄။ လျှောက်ထားသူသည် ကြော်ငြာသင်ပုန်းတွင်ကပ်ထားသည့် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ ၊ တိုက်ခန်းလျှောက်လွှာပုံစံကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့  ၃၁.၇.၂၀၁၄ ရက်နေ့နောက်ဆုံးထား၍ စာတိုက်မှတစ်ဆင့် မှတ်ပုံတင်ပေးပို့ လျှောက်ထားရမည်။ ၅။ တိုက်ခန်းများနေရာချထားမှုကို မဲစနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး မဲနှိုက်မည့်အစီအစဉ်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့” “စည်းကမ်းချက်များ” ၁။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ (နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပူတွဲတင်ပြရမည်။) ၂။ အသက် ၂၅ နှစ်မငယ်သူဖြစ်ရမည်။ ၃။ တန်ဖိုးနည်းတိုက်ခန်းများအား နိုင်ငံဝန်ထမ်းများ၊ ပြည်သူများ၊ အငြိမ်းစားများ၊ အသင်းအဖွဲ့ဝင်များ၊ ကုမ္မဏီဝန်ထမ်းများနှင့် ပုံမှန်ဝင်ငွေရှိသောသူများ စသည်ဖြင့်မဲစနစ်ဖြင့်ရောင်းချမည်ဖြစ်ရာ- (က) နိုင်ငံဝန်ထမ်းများသည် ၀န်ထမ်းဖြစ်ကြောင်းသက်ဆိုင်ရာအကြီးအကဲငှာန၏ ထောက်ခံချက်ပါရှိရမည်။ (၀န်ထမ်းကတ်မိတ္တူ ပူတွဲတင်ပြရမည်။) (ခ) ပြည်သူများဖြစ်ပါက ပုံမှန်ဝင်ငွေရှိကြေင်းအာမခံပေးသူ ၂ ဦး၏ထောက်ခံချက်ပါရှိရမည်။ (ဂ) အငြိမ်းစားများဖြစ်ပါက အငြိမ်းစာလစာထုတ်ယူခွင့်စာအုပ်မိတ္တူ ဖြင့် တင်ပြလျှောက်ထားရမည်။ (ဃ) အသင်းအဖွဲ့ဝင်ဖြစ်ပါက အသင်းဝင်/အဖွဲ့ဝင်ကတ်ပါရှိရမည်။ (င) ကုမ္မဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္မဏီအကြီးအကဲ၏ထောက်ခံချက်ပါရှိရမည်။ ၄။ တန်ဖိုးနည်းတိုက်ခန်းများအား နည်းလမ်း ၂ သွယ်ဖြင့်ဝယ်ယူနိုင်ပါသည်။ (က) တိုက်ခန်းတန်ဖိုအား အရစ်ကျစနစ် ၄ လအတွင် ၄ ရစ်ဖြင့်အကြေပေးချေသောစနစ်၊ (ခ) ဘဏ်ချေးငွေဖြင့်ပေးယူသောစနစ်၊ (ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပြီး ဘဏ်ချေးငွေအား ၄ နှစ်သတ်မှတ်၍ တိုက်ခန်းတန်ဖိုးအား ၄ နှစ်အတွင်း အရစ်ကျအကြေပေးချေရန်ဖြစ်ပါသည်။) ၅။ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူရန်အတွက် လျှောက်ထားသူ၏လစဉ်မိသားစုဝင်ငွေစုစုပေါင်း အနည်းဆုံးကျပ် ၃ သိန်းရှိရမည်ဖြစ်ပြီး ၇ သိန်းထက်မကျော်လွန်သော ၀င်ငွေရှိမိသားစုဖြစ်ရမည်။ ၆။ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူရန် အတွက် လစဉ်မိသားစုဝင်ငွေစုစုပေါင်း ကျပ် ၃ သိန်းရှိ၍ ကျပ် ၇ သိန်းထက်မကျာ်လွန်ကြောင်း နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာငှာနအကြီးအကဲ၏ ထောက်ခံချက် ၊ ပြည်သူများ၊ အငြိမ်းစားများနှင့် အသင်းအဖွဲ့ဝင်များမှာ အာမခံပေးသူ ၂ ဦး၏ထောက်ခံချက်ပါရှိရမည်။ ကုမ္မဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္မဏီအကြီးအကဲ၏ ထောက်ခံချက်တို့ပါရှိရမည်။ ၇။ တိုက်ခန်းဝယ်ယူခွင့်ရရှိသူမှ ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ၅ နှစ်အတွင်းငှားရမ်းခြင်း ၊ တစ်ဆင့်လွှဲပြောင်းရောင်းချခြင်းမပြု လုပ်ရ။ အခါအားလျော်စွာစစ်ဆေးတွေ့ရှိပါက တိုက်ခန်းအားပြန်လည်သိမ်းယူမည်ဖြစ်ပြီး စည်းကမ်းပျက်အမည်စာရင်း (Black List) သတ်မှတ်၍ တိုက်ခန်းလျှောက်လွှာထပ်မံတင်သွင်းခွင့်အား ရပ်ဆိုင်းခံရမည်ဖြစ်သည်။ ၈။ သတ်မှတ်ကာလ ၅ နှစ်ပြည့်ပြီးနောက် ပြန်လည်ရောင်းချလိုပါက ရရှိထားသောတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို အခြားအများပြည်သူများသို့ ပြန်လည်ရောင်းချနိုင်ရန်အတွက် မြို့ ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးငှာနမှ သတ်မှတ်သော တန်ဖိုးဖြင့် ငှာနသို့ပြန်လည်အပ်နှံရောင်းချရမည်။ (၉) အရစ်ကျစနစ် ၄ လအတွင်း ၄ ရစ်ဖြင့်အကြေပေးသွင်းသောစနစ် ဖြင့်ဝယ်ယူပါက မြို့ ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးငှာနသို့ ဆက်သွယ်ဆောင်ရွက်ရမည်။ (၁၀) ဘဏ်ချေးငွေစနစ်ဖြင့်ဝယ်လိုပါက အရစ်ကျ ၄ နှစ်ဖြင့် အောက်ပါအတိုင်းပေးသွင်းရမည်။ (က) တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းနှင့်ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းကို လက်ငင်းပေးသွင်းရပါမည်။ (ခ) ကျန် ၇၀ ရာခိုင်နှုန်းကို ပထမနှစ်တွင် အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ဒုတိယ၊ တတိယ၊ စတုတ္တနှစ်တို့တွင် အတိုးနှုန်း ၅ ရာခိုင်နှုန်းစီဖြင့် ပေးသွင်းရပါမည်။ ၁၁။ ဘဏ်ချေးငွေဖြင့် တိုက်ခန်းဝယ်ယူခွင့်ရရှိသူသည် မြို့ ရွာနှင့်အိုးအိမ်ဦးစီးငှန၏ ထောက်ခံချက်ဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ရမည်။

Credit: shwesathtagan

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service