မြေပြိုမှုကြောင့် ဂျေယန်းခဒုက္ခသည်စခန်းရှိ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွှေ့ရတော့မည်

မြေပြိုမှုကြောင့် ဂျေယန်းခဒုက္ခသည်စခန်းရှိ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွှေ့ရတော့မည် - Property News in Myanmar from iMyanmarHouse.com
28 Jul 2014 12:41 pm တွင် တင်ခဲ့သည်
908 ကြိမ် ကြည့်ရှု့ပြီး
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများရှိလာသည့် လိုင်ဇာအနီးရှိ ဂျေယန်းခ ဒုက္ခသည်စခန်းမှ တောင်စောင်းတွင် နေထိုင်ကြသည့် အိမ်ခြေ ၁၀၀ ကျော် မှာ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ရတော့မည်ဟု စခန်းတာဝန်ခံ ဦးဆိုင်းဘွမ်းဝိုင်းဒူက ပြောသည်။

၂၀၁၁ ဇွန်လအတွင်းက စတင်တည်ထောင်ထားသော အဆိုပါဒုက္ခသည် စခန်းတွင် စုစုပေါင်းအိမ်ခြေ ၁,၆ ၁၉လုံး နှင့် လူဦးရေ ၈,၈၈၅ ဦး စစ်ဘေးရှောင်ကာ ခိုလှုံနေကြရပြီး ၎င်းတို့အနက်တောင်စောင်းနှင့် ပေနှစ်ခန့် အကွာတွင် ဆောက်ထားသည့် အိမ်ခြေ ၁၂၃ လုံးကို တောင်စောင်းနှင့်ဝေးသည့် မြေလွတ်သို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

“မိုးရွာ၊ မြေပြို၊ ရေကြီး၊ လူ့အသက်ဆုံးနဲ့ လောလောဆယ်တော့ ကျွန်တော်တို့ တောင်ခြေနဲ့နီးတဲ့အိမ်တွေ၊ မိသားစုတွေကို လုံခြုံတဲ့နေရာမှာ ပြန်ရွှေ့ထားမှာပါ” ဟု ဦးဆိုင်းဘွမ်းဝိုင်းဒူက ပြောသည်။

ယခုလ ၂၂ ရက်၊ နံနက် ၈ နာရီကျော်က မြေပြိုခဲ့၍ အဆိုပါဒုက္ခသည်စခန်းရှိ အိမ်တစ်လုံးမှ လူငါးဦးသေဆုံးခဲ့ရသည်။ နောက်တစ်ရက်အကြာတွင်လည်း ထပ်မံမြေပြိုခဲ့သေးသော်လည်း အိမ်နှစ်လုံးအကြားတွင် ပြိုခဲ့သောကြောင့် အထိအခိုက်ပျက်စီးမှု မရှိခဲ့ပေ။

“မြေပြိုတဲ့ကိစ္စက၂၀၁၁ ခုနှစ်ကစပြီး သုံးနှစ်အတွင်းမှာ ဒီလိုမျိုး မြေပြိုတယ်ဆိုတာ တစ်ခါမှလည်း မဖြစ်ခဲ့ဖူးဘူး။ ရှိလည်း မရှိခဲ့ဘူး”ဟု စခန်းမှကော်မတီဝင်ဦးမခေါ်တန်ဂွန်းက ရှင်းပြသည်။ အဆိုပါ မြေပြိုသော တောင်စောင်းရှိ မြေအမျိုးအစားမှာ နုံးမြေဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းပါက မြေကြီးများ ပြိုကျလာခြင်းဖြစ်သည်။ ယခုနှစ်တွင် ယခင်နှစ်များထက် မိုးရာသွန်းမှု ပိုများသည်ဟုလည်း စခန်းတွင် နေထိုင်သူများက ဆိုသည်။

“တောင်စောင်းမှာနေတဲ့သူတွေလည်း အားလုံးစိုးရိမ်လို့ ကျွန်တော်တို့လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွှေ့ခိုင်းလိုက်တာ။ နောက်လည်း ပြန်မဖြစ်ဘူးဆိုတာ မပြောနိုင်ဘူးလေ”ဟု မဇ္ဈိမကို ပြောသည်။

ပြောင်းရွှေ့ရမည့် အိမ်ခြေ ၁၂၃ လုံး တွင် လူဦးရေ ၄၂၇ ဦး ခိုလှုံလျက်ရှိနေပြီး တောင်စောင်းနှင့်ဝေးရာတွင် မိုးကာတဲများဖြင့် ပြန်လည်နေထိုင်ကြရမည်ဖြစ်သည်။

မပြောင်းရွှေ့ရသည့် အိမ်ခြေအချို့မှာလည်း “အိမ်တွေကျတော့ တော်တော်လေးကို ယိုယွင်းနေပြီ။ လိုအပ်ချက်တွေ အများကြီးရှိတယ်”ဟု ဦးဆိုင်းဘွမ်းဝိုင်းဒူက မှတ်ချက်ပြုသည်။

လူမနေသည့်တောင်ခြေအချို့တွင် အနည်းဆုံး ၁၀ နေရာခန့် မြေပြိုကျမှုဖြစ်ခဲ့သည်ကို မဇ္ဈိမက မျက်မြင်တွေ့ခဲ့သည်။

Credit: မဇ္ဈိမ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service