မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင်မြေ ကွက်ရယူထားသူများ၏ ထက် ၀က်ကျော်မှာ စက်မှုလုပ်ငန်းလုပ် ကိုင်ခြင်းမရှိဘဲ အခြားနည်းဖြင့်အ သုံးပြုနေသည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးကျော်မြင့် ကပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း မြင်းခြံ၊ မိတ္ထီလာနှင့် မန္တ လေးစက်မှုဇုန်များရှိပြီး ယင်းစက် မှုဇုန်သုံးခုရှိ မြေကွက်ပေါင်းငါး ထောင်ကျော်တွင် မြေကွက် ၂၅၀၀ ခန့်မှာ စက်မှုလုပ်ငန်းလုပ် ကိုင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိ ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ စက် မှုဇုန်များတွင် စက်မှုလုပ်ငန်းမ လုပ်သော မြေကွက်လွတ်များရှိ နေကြောင်း၊ လုပ်ငန်းရှင်အချို့အ နေဖြင့် စက်မှုဇုန်များတွင် မြေ ကွက်များရယူထားပြီး စက်မှုလုပ် ငန်းမလုပ်ဘဲ ငွေကြေးအမြတ်အ စွန်းအတွက်မြေကို ကုန်ပစ္စည်း တစ်ခုကဲ့သို့ သို့လှောင်ထားမှုများ ရှိနေခြင်းဖြစ်သည်။ ထိုသို့စက်မှု လုပ်ငန်းမလုပ်ဘဲ မြေကွက်များရ ယူထားသည့်အတွက် စက်မှုဇုန် များ ဖွံ့ဖြိုးတိုးတက်မှုမရှိသလို အခြားရင်းနှီးမြှုပ်နှံလိုသူများအ တွက် အခက်အခဲဖြစ်စေသည်ဟု စက်မှုဝန်ကြီးဌာနပြည်ထောင်စုဒု ၀န်ကြီးဦးသိန်းအောင်ကပြော သည်။
ပြည်တွင်းစက်မှုဇုန်များနှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက် မှုရှိစေရေး စက်မှုဇုန်များတွင်မြေ ကွက်များရယူထားပြီး စက်မှုလုပ် ငန်းမလုပ်သူများကို ပြန်လည်စိ စစ်ကာ မြေကွက်များအားနိုင်ငံ တော်သို့ ပြန်လည်အပ်စေခြင်း၊ စက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ လိုသူများကို မြေနေရာအလွယ် တကူရရှိရန်စီစဉ်ပေးခြင်းကဲ့သို့ ထိရောက်စနစ်ကျသော ကိုင် တွယ်အရေးယူမှုများပြုလုပ်တော့ မည်ဖြစ်သည်ဟု ဒုဝန်ကြီးဦးသိန်း အောင်ကပြောသည်။
စက်မှုဇုန်ဟုဆိုသော်လည်း ရေ၊ မီးကဲ့သို့ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အခြေခံလိုအပ်ချက် များရရှိခြင်းမရှိသလို မန္တလေးစက် မှုဇုန်အတွင်းရှိ နေရာအချို့တွင် လမ်းမဖောက်ရသေးသည့် နေရာ များပင်ကျန်ရှိနေသေးကြောင်း မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်အ ချို့ကပြောသည်။
‘‘မြေလွတ်တွေ၊ မြေတွေ ၀ယ်ထားပြီးတော့ လုပ်ငန်းမလုပ် တဲ့မြေတွေစိစစ်တယ်။ ဒီလုပ်ငန်း နဲ့ပတ်သက်ပြီး မူလစာချုပ်ချုပ်တဲ့ အချိန်မှာဘယ်လိုပြဋ္ဌာန်းချက်နဲ့ ဘယ်လိုမျိုးတွေစာချုပ်ချုပ်သလဲ ဆိုတာ မေးခွန်းရှိပါတယ်။ အဲဒီ ကိစ္စကိုတော့ ပြန်လည်ပြီးတော့ စိ စစ်ဖို့လိုပါမယ်။ ဒီနေရာမှာ ကျွန် တော်တို့ တိုင်းအတွင်းမှာ တော် တော်များများလေးဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ့် အ ပိုင်းတွေရှိတယ်။ တစ်နည်းပြောရ ရင် ဒါက စိန်ခေါ်မှုဖြစ်လာနိုင်တဲ့ ကိစ္စပါ’’ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဦးကျော်မြင့်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်းရှိ စက်မှုဇုန်သုံးခုတွင် ဖော် ထုတ်ထားသော စက်မှုဇုန်မြေ ကွက် ၅၁၀၀ခန့်ရှိပြီး မြေကွက် ၂၅၀၀ခန့်သာ စက်မှုလုပ်ငန်းလုပ် ကိုင်သည်။အခြားမြေကွက်များ မှာ မြေကွက်လွတ်များ၊ ဂိုဒေါင် များတည်ဆောက်ထားမှုများ၊ လူ နေအိမ်နှင့် ဈေးဆိုင်ခန်းများအ ဖြစ် ရှိနေသည်ဟုဆိုသည်။
Credit: 7 Day Daily