သီလ၀ါအထူးစီးပွားရေး ဇုန် ဒုတိယအဆင့်စီမံကိန်းကို မြေဧက ငါးထောင်ကျော်တွင် အကောင်အထည်ဖော်ရန် စတင် ဆောင်ရွက်နေပြီး လျော်ကြေး ပေးရန် ဧက ၇၆၀ ကျော်သာကျန် ရှိတော့ကြောင်း သီလ၀ါအထူးစီး ပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိသည်။‘‘ကျန်တဲ့ မြေတွေက သီလ ၀ါအထူးစီးပွားရေးဇုန်ပိုင်မြေတွေ ဖြစ်နေပြီ။ ဒီမြေတွေအတွက် လျော်ကြေးရဖို့တော့ မလွယ်ဘူး’’ ဟု အဆိုပါကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဒေါ်သန်းသန်း သွယ်ကပြောကြားသည်။
အဆိုပါ မြေဧက ၇၆၀ မှအပကျန်ရှိသော မြေများသည် ၁၉၉၇ ခုနှစ်တွင် တစ်ဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် အိုးအိမ် ဦးစီးဌာနက သိမ်းယူထားသော မြေများဖြစ်သည်ဟုဆိုသည်။ ထို ကြောင့် အဆိုပါမြေလျော်ကြေး ငွေမှာ သီလ၀ါ အထူးစီးပွားရေး ဇုန်နှင့် သက်ဆိုင်မှုမရှိဘဲ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဖြင့်သာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဒေါ်သန်းသန်းသွယ်က ရှင်းပြသည်။
‘‘မြေလျော်ကြေးမပေးဘဲ သီးနှံလျော်ကြေးပဲပေးမယ်ဆိုရင် လုံးဝမဖယ်ပေးဘူး။ ပစ်သတ်ရင် လည်း အသေပဲခံမယ်။ လုံးဝ မဖယ်ဘူး’’ ဟု စီမံကိန်းဧရိယာ ဧက ၅၀၀၀ ကျော်ထဲတွင်ပါဝင် သော သီတာမြိုင်ကရက် ကျေး ရွာမှ ဦးအေးဌေးက ပြောကြား သည်။
သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်သည် မြေဧက ငါး ထောင်ကျော် (ဟက်တာ ၂၀၀၀) ကျယ်ဝန်းပြီး ၎င်းဧရိယာတွင် ဒေသခံကျေးရွာပေါင်းခြောက်ရွာ ပါဝင်သည်။ယင်းရွာခြောက်ရွာမှ ဒေသခံများသည် လယ်ယာလုပ် ငန်းကိုသာ အဓိကလုပ်ကိုင်ကြ သည်။ သို့သော်ဒေသခံအချို့တွင် အခြားဒေသမှ ပြောင်းရွှေ့လာသူ၊ လျော်ကြေး ရယူပြီးသော်လည်း လယ်မြေတွင် ပြန်လာနေသူ၊ စီး မံကိန်းသတင်းကြား၍ မြေကြို ၀ယ်ထားသူ စသည်တို့လည်းပါ ၀င်သည်။
လက်ရှိသီလ၀ါအထူးစီးပွား ဇုန် မြေတစ်ဧက တန်ဖိုးကိုရန်ကုန်တိုင်းဒေသကြီး ကာလ တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ က ၂၀၁၃ ခုနှစ်တွင် တစ်ဧကလျှင် ကျပ်သိန်း ခြောက်ရာ့ငါးဆယ် သတ်မှတ်ထားသည်။ ထို့ကြောင့် သီလ၀ါအထူးစီးပွားရေးဇုန်ဟက် တာနှစ်ထောင်တွင် ပါဝင်သော ဒေသခံများက တစ်ဧကလျှင်ကျပ် သိန်းသုံးရာ လျော်ကြေးတောင်း ရာမှ ကာလပေါက်ဈေးကို ပြောင်းလဲ၍ တောင်းဆိုလာသည်။
ရန်ကုန်မြို့ အရှေ့တောင် ဘက် ၁၄ မိုင်အကွာရှိ ကျောက် တန်းမြို့နယ်ရှိ မြေဧက ခြောက် သောင်းနီးပါးတွင် ဂျပန်- မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ ၂၀၁၃ အောက်တိုဘာ ၃၀ ရက်မှ စတင် ၍ အကောင်အထည်ဖော်ခဲ့သည်။
ထိုသို့ အကောင်အထည် ဖော်ရာတွင် ဂျပန်နိုင်ငံဘက်မှ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) ဦး ဆောင်ပြီး ပုဂ္ဂလိကကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ သီလ၀ါအထူးစီး ပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ က ဦးဆောင်၍ ပုဂ္ဂလိကကုမ္ပဏီ ကိုးခုတို့ ပါဝင်ပြီး အကောင်အ ထည်ဖော်နေသည်။
ထိုကဲ့သို့အကောင်အထည် ဖော်ရာတွင် ပထမအဆင့်ဟက် တာ လေးရာနီးပါး (ဧကတစ် ထောင်ဝန်းကျင်)တွင် ပြောင်းရွှေ့ ပေးခဲ့ရသော ဒေသခံများက မကျေနပ်၍ ဂျပန်နိုင်ငံရှိ JICA ရုံးသို့ သွားရောက်ဆန္ဒပြတင်ပြခဲ့ သဖြင့် စစ်ဆေးရေးအဖွဲ့ကိုပင် JICA မှ စေလွှတ်ခဲ့ရသည်။
သီလ၀ါ အထူးစီးပွားရေး ဇုန်ပထမအဆင့်ကို အကောင်အ ထည်ဖော်ရာတွင် JICA ၏ စံနှုန်း များကို မလိုက်နာခြင်း၊ ဒေသခံ များ၏ တင်ပြမှုကို အစိုးရက လျစ် လျူရှုခြင်း၊ ပြဿနာများနှင့် ပတ် သက်၍ ဖြေရှင်းရာတွင်ဒေသခံ များနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် ဂျပန်နိုင်ငံသို့ သွားရောက်ဆန္ဒပြခြင်းဖြစ် ကြောင်း သီလ၀ါ ဒေသလူမှုဘ၀ ဖွံ့ဖြိုးရေး အဖွဲ့ဝင် ဦးအေးခိုင် ၀င်းက ပြောကြားသည်။
Credit: 7 Day Daily