လပွတ္တာမြို့ နယ်ရှိ တောင်သူလယ်သမားများမှာ ဝိုင်းကြီးချုပ်ချေးငွေစနစ် အရ ချေးငွေမဆပ်သူ တစ်ဦးတစ်ယောက် ကြောင့် ကျန်သူများ နစ်နာနေရကြောင်း လပွတ္တာမြို့နယ်ရှိ တောင်သူလယ် သမားများထံမှ သိရသည်။
ယင်းလယ်သမားများမှာ နှစ် ချင်းဆပ်ချေးငွေဖြင့် လယ်ယာစိုက် ပျိုးရေးနှင့်ဖွံ့ဖြိုးရေးဘဏ်မှ ဝိုင်း ကြီးချုပ်စနစ်ဖြင့် လယ်သမား ၁ဝ ဦးလျှင် တစ်စုဖွဲ့၍ ချေးယူရပြီး ယင်း လယ်သမား ၁ဝဦးလျှင်ကိုးဦးမှာ ချေးငွေ ကိုပြန်ဆပ်နိုင်သော်လည်း တစ်ဦးဆပ်ရန်ကျန်ရှိပါက နောက် နှစ်များတွင် ယင်းအဖွဲ့ကိုချေးငွေမ ပေးခြင်းကြောင့် လပွတ္တာမြို့နယ်ရှိ လယ်သမားအများအပြား လယ် ယာစိုက်ပျိုးရန်
အခက်အခဲဖြစ်လျက် ရှိကြောင်း ဒေသခံတောင်သူလယ် သမားများ၏ ပြောပြချက်အရ သိရ သည်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဘီဘွတ်ကျေးရွာနေလယ်ယာ မြေဧက ၃၂ဧကပိုင်ဆိုင်သည့် တောင်သူဦး ငယ်လေးက ''ဝိုင်းကြီးချုပ်စနစ်ကြောင့် လယ်သမားတွေလယ်ယာမစိုက်ပျိုး နိုင်တာအများကြီးပါ။ ဝိုင်းကြီးချုပ် မှာပါဝင်တဲ့ ၁ဝဦးမှာ တစ်ဦးမဆပ် ရင်ကျန်တဲ့ကိုးဦးကနစ်နာတယ်။ သူတို့ ကတစ်ယောက်၊ နှစ်ယောက်ဆပ်ဖို့ ကျန်ရင်တောင် အဲဒီအဖွဲ့ကို မချေး တော့ဘူး။ ဒါကြောင့် လယ်ယာစိုက် ပျိုးစရိတ်မရှိလို့ မစိုက်ရတဲ့တောင် သူတွေအများကြီးပဲ''ဟု ပြောသည်။
ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေ ယူရန်အုပ်စုဖွဲ့ရာတွင် မိမိသဘော ဖြင့် လူရွေးချယ်အုပ်စုဖွဲ့ရှိခြင်းမဟုတ် ဘဲရပ်ရွာအုပ်ချုပ်သူများနှင့် ဘဏ်မှ ရွေးချယ်သူများဖြင့် အုပ်စုဖွဲ့ရခြင်း ကြောင့်လည်း အခက်အခဲဖြစ်ရ ကြောင်း ယင်းတို့၏ပြောပြချက်အရ သိရသည်။
ဦးငယ်လေးက''အုပ်စုဖွဲ့ဖို့ လူရွေး တာမှာ ကိုယ့်ဘာသာဖွဲ့လို့မရဘဲ ဘဏ်နဲ့ ကျေးရွာအုပ်ချုပ်တဲ့ သူတွေ ရွေးပေးတဲ့သူတွေနဲ့ဖွဲ့ရတာကြောင့် အခက်အခဲဖြစ်နေတယ်။ ဖွဲ့တဲ့သူ တွေမှာ ကျေးရွာတစ်ခုတည်းကမ ဟုတ်ဘဲ လပွတ္တာမြို့နယ်မှာရှိတဲ့ကျေး ရွာဟိုတစ်ခုကဒီတစ်ခုက လူတွေ ပေါင်းပြီး ဖွဲ့တာမို့အဆင်မပြေဘူး။ လို ချင်တာကချေးငွေကျေတဲ့ သူကိုနောက် နှစ်မှာ ချေးစေချင်တယ်။ အရင်ကျေ ရင် အရင်ချေးပေးလိုက်ပေါ့။ မဆပ် တဲ့သူကိုတော့ တရားဥပဒေအတိုင်း အရေးယူတာတွေ လုပ်နိုင်တယ်။ အခုကတစ်ယောက်ကြောင့် အများ ခံနေရတယ်''ဟု ပြောသည်။
လက်ရှိတွင် တောင်သူများ အနေဖြင့် အဆိုပါဘဏ်ချေးငွေများ ကိုဆပ်ရန်အတွက်အပြင်မှ အတိုးနှုန်း မြင့်မားစွာချေးယူ၍ ပြန်လည် ဆပ် ခြင်းကြောင့် အကြွေး များစွာရှိနေသူများလည်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်သူလယ် သမားအသင်း၏ နာယကဦးမြတ်ဦး က ''လပွတ္တာမြို့နယ်ကတောင်သူ လယ်သမားတွေမှာ ဝိုင်းကြီးချုပ် စနစ် ချေးငွေကြောင့် လယ်ယာမစိုက်နိုင် တဲ့ တောင်သူတွေ အများကြီးပဲ။ နာဂစ်နောက်ပိုင်း စိုက်ပျိုးမြေမကောင်း လို့ မစိုက်နိုင်ကြဘူး။ စိုက်ပျိုးဖို့ ချေးငွေယူပြီး စိုက်ရင်းစရိတ်မကျေ နိုင်ဘူးဖြစ်နေတယ်။ အစိုးရချေးငွေ ကို အပြင်က အတိုးနှုန်း ၁၃ ကျပ် ယူပြီး ဆပ်ကြတဲ့သူတွေလဲရှိတယ်။ ဒီဝိုင်းကြီးချုပ်စနစ်က တောင်သူ လယ်သမားတွေအတွက် မကောင်း တဲ့စနစ်တစ်ခုပါ''ဟု ပြောသည်။
လက်ရှိတွင် လပွတ္တာမြို့နယ်ရှိ တောင်သူလယ်သမားများအနေ ဖြင့် စိုက်ပျိုးစရိတ်အခက်အခဲအပြင် အလုပ်သမားအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာနေ လယ်ယာမြေ ဧက ၂၂ ဒသမ ၇၆ ဧကပိုင်ဆိုင်သူ ဦးမျိုးမင်းဇော်က''ဝိုင်းကြီးချုပ်စနစ် က လယ်သမားတွေ အတွက် တကယ် အခက်အခဲဖြစ်စေတယ်။ ဝိုင်းကြီးချုပ်စနစ်မှာအုပ်စုဖွဲ့တဲ့ အခါပါဝင် တဲ့ သူတွေကိုသူတို့ဘာသာမရွေးချယ် ဘဲကိုယ်အာမခံနိုင်တဲ့သူ အချင်းချင်း ဖွဲ့ရင်လဲ ကျွန်တော်တို့အတွက် အဆင်ပြေနိုင်တယ်။ အခုကအရင်း အနှီးအပြင် အလုပ်သမားအခက် အခဲတွေပါဖြစ်နေတယ်''ဟု ပြော သည်။
လက်ရှိတွင်လယ်ယာစိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးရေးဘဏ်မှလယ်သမားတစ်ဦးလျှင် နှစ်ချင်း ဆပ်ချေး ငွေကို ဝိုင်းကြီးချုပ် စနစ်ဖြင့် ၁ဝ ဧက နှင့် ၁ဝဧကအထက်ရှိပါက ကျပ် ၁ဝသိန်း၊ ၁ဝဧကမကျော်ပါက တစ် ဧကလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ချေး ပေးလျက်ရှိကြောင်း သိရသည်။
Credit: Yangon Media Group