ဇုန်မြေကွက်လွတ်များ ပြန်သိမ်းပါက ဘဏ်များထိခိုက်မည်ကို လုပ်ငန်းရှင်အချို့ စိုးရိမ်ဟုဆို

ဇုန်မြေကွက်လွတ်များ ပြန်သိမ်းပါက ဘဏ်များထိခိုက်မည်ကို လုပ်ငန်းရှင်အချို့ စိုးရိမ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Jul 2014 10:54 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် စက်မှုဇုန်များတွင် လုပ် ငန်းမလုပ်ဘဲ မြေဝယ်၍ ရင်းနှီး မြှုပ်နှံထားသော မြေကွက်လွတ် များကို အစိုးရကမူလတန်ဖိုးအတိုင်း လျော်ကြေးပေးပြန်သိမ်းပါက ပြည်တွင်း၌ ဘဏ်လုပ်ငန်းများပါထိခိုက်မည်ကိုစိုးရိမ်ရကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘စီးပွားရေး လောကထဲမှာ ဘဏ်ကငွေချေးပြီး ဝယ်ခဲ့တာတွေအများကြီးပဲ။ သူက ဘဏ်တိုးထက်စာရင် တန်ဖိုးတက်တာမြန်တော့ စီးပွားရေးသမားတွေပို ကြိုက်တာပေါ့’’ ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ပြော ကြားသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ တွင် လုပ်ငန်းမလုပ်သော စက်မှုဇုန်မြေကွက်လွတ် သုံးထောင်ကျော်ရှိကြောင်း သတင်းရရှိသည်။

စီးပွားရေး လုပ်ငန်းရှင်များ သည် မိမိပိုင်သောစက်ရုံ၊ အလုပ် ရုံများကိုဖြစ်စေ၊ ရှိပြီးသားမြေကို ဖြစ်စေ ဘဏ်၌အပေါင်ထားပြီး ချေးငွေရယူ၍ အိမ်မြေများ၊ စက် မှုဇုန်မြေများ၊ စီမံကိန်းရှိသော နေရာများမှမြေများကို ဝယ်ယူရင်းနှီးမြှုပ်နှံမှုများရှိကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ် ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။

ထို့အပြင် စက်မှုဇုန်များတွင် မြေကွက်များ ဝယ်ယူရင်းနှီးမြှုပ်နှံထားသူများ၌ ယခင် အစိုးရ အဖွဲ့ဝင်ဟောင်းများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်သဖြင့် လျော်ကြေးပေး သိမ်းယူမည့်အစီ အစဉ်မှာလည်း လက်ရှိ အစိုးရကို မေးခွန်းထုတ်စရာ ဖြစ်လာ ကြောင်း လုပ်ငန်းရှင်များက ပြော ကြားသည်။
‘‘လောလောဆယ်တော့ သိပ်မသိသာသေးဘူး။ အရောင်းအဝယ်တော့ပိုလေးသွားတယ်’’ ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးသန်းဦးက လက်ရှိ အခြေအနေကို ပြောကြားသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ တွင် လုပ်ငန်းမလုပ်ဘဲ ရင်းနှီးမြှုပ် နှံမှုအနေဖြင့် မြေကွက်များဝယ် ယူထားမှုများကို နိုင်ငံတော် ဒုသမ္မတ ဦးဆောင်သောအဖွဲ့က စိစစ်ပြီးရောင်းချစဉ်က ဈေးနှုန်း အတိုင်းလျော်ကြေးပေး၍ သိမ်း ယူမည်ဟု သတင်းများထွက်ပေါ် လာခဲ့သည်။

လျော်ကြေးပေး ပြန်လည်း သိမ်းဆည်းရခြင်း ရည်ရွယ်ချက်မှာ စက်မှုဇုန်များတွင် မြေဈေးလွန်စွာကြီးမားနေမှုကို လျှော့ချရန်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

ထို့အပြင် စက်မှုဇုန် မြေ ကွက်များသည် စတင် ရောင်းချစဉ် ဈေးနှုန်းနှင့် လက်ရှိကာလပေါက်ဈေးဖြင့်ဆိုလျှင် အဆ ပေါင်းများစွာ မြင့်တက်လာပြီ ဖြစ်သည်။ စက်မှုဇုန်မြေများကို အစိုးရကစတင်ချထားပေးစဉ်က တစ်ဧကလျှင် ကျပ်သိန်းဆယ် ဂဏန်းသာရှိသော်လည်း လက်ရှိ အချိန်တွင် ကျပ်သိန်းငါးထောင်မှ တစ်သောင်းကြား ဈေးမြင့်တက်ခဲ့သည်။

ထို့အပြင် မြေကွက်ပိုင်ဆိုင်မှုများလည်း အဆင့်ဆင့် လက်ပြောင်းရောင်းချခဲ့ခြင်း၊ ဘဏ်များ၌ ပေါင်နှံခဲ့ခြင်းတို့ကြောင့် ပြန်လည်သိမ်းယူရန် များစွာခက်ခဲကြောင်း စီးပွားရေးလုပ်ငန်းများက ပြောကြားသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service