ကန်ထရိုက်တာလိုင်စင် ငှားရမ်းဆောက်လုပ်နေမှုများကို အရေးယူသွားမည်

ကန်ထရိုက်တာလိုင်စင် ငှားရမ်းဆောက်လုပ်နေမှုများကို အရေးယူသွားမည် - Property News in Myanmar from iMyanmarHouse.com
24 Jul 2014 10:54 am တွင် တင်ခဲ့သည်
1018 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့်တိုက်ခန်းများ၊ လူနေတိုက်ခန်းများ ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် ကန် ထရိုက်တာ လိုင်စင်ကြေး ပေးသွင်းရခြင်းကို ရှောင်ရှားနိုင်ရန်အတွက်အဆောက်အအုံ ဆောက်လုပ်ခွင့်လိုင်စင် တရားဝင်ရရှိထားသူများထံမှ လိုင်စင်ငှားရမ်းဆောက်လုပ်နေမှုများမှာ တရားမဝင်သည့်အပြင် ပြဿနာအရှုပ် အရှင်းများလည်းဖြစ်ပေါ်လာနေသဖြင့် စိစစ်အရေးယူလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် မြေယာဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြရာတွင် လိုင်စင်ရ ကန်ထရိုက်တာ၊ အင်ဂျင်နီယာလက်မှတ် လိုအပ်သည့်အတွက် ယခုကဲ့သို့လိုင်စင်ရ ကန်ထရိုက်တာများထံမှတစ်ဆင့် ငှားရမ်းဆောက်လုပ်နေကြခြင်း ဖြစ်ကာ ငှားရမ်းရာတွင်လည်းနားလည်မှုဖြင့် အခကြေးငွေ သတ်မှတ်ကာ လုပ်ကိုင်နေခြင်းဖြစ်သည်။

”တရားဝင်လိုင်စင် လွှဲပြောင်းပြီး ဆောက်လုပ်ခွင့် မရှိပါဘူး။ နားလည်မှုနဲ့ လုပ်နေတယ်လို့လည်း အပြင်မှာ ကြားနေရတယ်။ ဒီလိုင်စင်ငှားပြီး ဆောက်နေတဲ့ ကိစ္စကိုလည်းပြန်လည်စိစစ်ပြီး အရေးယူသွားမယ့် အပြင် လက်ရှိမှာလည်း အရေးယူထားတာတွေ ရှိနေတယ်။ အဓိကကတော့ တရားဝင်လိုင်စင်ကြေး မပေး သွင်းချင်လို့ နားလည်မှုတွေနဲ့ လိုင်စင်ငှား၊ နာမည်ခံပြီး ဆောက်နေကြတာပါ” ဟု ၎င်းက ပြောသည်။

အဆောက်အအုံ ဆောက်လုပ်ခွင့် တရားဝင်လိုင်စင်ကို အကြီးစားလိုင်စင်နှင့် အသေးစားလိုင်စင်ဟူ၍ သတ်မှတ်ထားရာ လိုင်စင်လျှောက်ထားသူများအနေဖြင့် လိုင်စင်ရယူလိုပါက အကြီးစားလိုင်စင်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ ကျပ် သိန်း ၅ဝဝ ပေးသွင်းပြီး အဆောက်အအုံ ၁၅ လုံး တည်ဆောက်ရမည် ဖြစ်ကြောင်း၊ လိုင်စင်ကြေးအနေဖြင့် ကျပ် သိန်း ၅ဝဝ ပေးသွင်းထားရမည် ဖြစ်ပြီး အထပ်အမြင့် လေးထပ်နှင့်အထက်အဆောက်အအုံများ ဆောက်လုပ်နိုင်သည့် ကန်ထရိုက်တာလိုင်စင် ရယူနိုင်ကြောင်း သိရသည်။

အသေးစားလိုင်စင်များ အတွက်တရားဝင်သတ်မှတ်နှုန်း ကျပ် သိန်း ၃ဝဝ သတ်မှတ်ထားပြီး လေးထပ် ခွဲအထိ ဆောက်လုပ်နိုင်သည့်အပြင်လက်ရှိအချိန်အထိ အကြီးစားနှင့်အသေးစား လိုင်စင် ၆ဝဝ ကျော်ထုတ်ပေး ထားရှိပြီးဖြစ်ကာ တရားဝင်လျှောက်ထားသူများကိုလည်းဆောက်လုပ်ခွင့်လိုင်စင်များချထားပေးနေဆဲဖြစ်သည်။

”ကန်ထရိုက်လုပ်ငန်းတွေမှာ လိုင်စင်ငှားဆောက်လုပ်ခြင်းတွေကရှိနေတာပါပဲ။ စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားခြင်း မရှိပါဘူး။ နားလည်မှုနဲ့ လုပ်ဆောင်နေကြတာ” ဟု ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်သို့ အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့အခြေစိုက်မှုများ များပြားလာနေသည့်အတွက် အဆောက်အအုံနှင့် အိမ်ရာ လိုအပ်ချက်များ ရှိလာနေခြင်းကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ကန်ထ ရိုက်တာများက မြေရှင်များနှင့်ပူးပေါင်းကာ ကန်ထရိုက်တိုက်များဆောက်လုပ်ခြင်း၊ ကုမ္ပဏီများက မြေဝယ်ပြီး အဆောက်အအုံဆောက်လုပ်ခြင်းတို့ကို မြို့တွင်းခြောက်မြို့နယ်တွင်သာမက ယခုအခါ သင်္ဃန်းကျွန်း၊ တောင် ဥက္ကလာပ၊ ဒေါပုံ၊ သာကေတ၊ ဒဂုံမြို့သစ်တို့တွင်လည်းပြုလုပ်လျက်ရှိသည်။

”စည်ပင်ဘဏ်မှာ သိန်း ၅ဝဝ သွားပြီးသွင်းထားရတယ်။ ဒီအလုပ်မလုပ်တော့ပါဘူးဆိုမှ အဲဒီပိုက်ဆံ ပြန်ထုတ်လို့ရတယ်။ အဲဒီတော့လိုင်စင်ရှိတဲ့သူတွေဆီကနေ ငှားပြီး လုပ်လာကြတယ်” ဟု မြန်မာဇာတိမြေ ဆောက်လုပ်ရေးမှ အင်ဂျင်နီယာ ဦးမေအောင်က ပြောသည်။

ကန်ထရိုက်တာလိုင်စင် ငှားရမ်းဆောက်လုပ်ခြင်းသာမက မြို့သစ်များတွင် အဆောက်အအုံ တရား မဝင်ဆောက်လုပ်မှု များပြားနေသည့်အပြင် ထိုသို့ဆောက်လုပ်ခြင်းများကိုစည်ပင်သာယာက စိစစ်တွေ့ရှိပါက တစ်ရက်လျှင် ကျပ် ၁ဝ,ဝဝဝ ဒဏ်ကြေး ပေးဆောင်ရကြောင်း၊ ထိုဒဏ်ကြေးကို ဆောက်လုပ်ခွင့် တရားဝင် လိုင်စင် လျှောက်ထား၍ ပြန်လည်ရရှိသည်အထိ ပေးဆောင်ရကြောင်းပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service