သျှမ်း/မြောက် မူစယ်တွင် နမ့်ပေါ့ချောင်း ရေကြီး လူ ၅ ဦးထက်မနည်း ပျောက်ဆုံး

သျှမ်း/မြောက် မူစယ်တွင် နမ့်ပေါ့ချောင်း ရေကြီး လူ ၅ ဦးထက်မနည်း ပျောက်ဆုံး - Property News in Myanmar from iMyanmarHouse.com
23 Jul 2014 4:52 pm တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် နမ့်ပေါ့ချောင်း ရေကြီးမှုတွင် လူ ၅ ဦး ထက်မနည်း ပျောက်ဆုံးနေ ကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

ဂျူလိုင်လ ၂၀ ရက်ညတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မူစယ်မြို့နယ် နမ့်ပေါ့ချောင်းရေလျှံကာ ချောင်းတလျှောက် နေထိုင်သည့် ဒေသခံများ ရေဘေးသင့်ခဲ့ကြခြင်း ဖြစ်ပါသည်။

“ညသန်းခေါင်မှာ ရေစတက်တော့ ဗမာအမျိုးသား ၂ ဦး ရေထဲမျောပါသွားတယ်။ လယ်ကွင်းဘေးမှာ နေထိုင်တဲ့ တရုတ်သားအမိ ၃ ယောက် မထွက်ပြေးလို့ ရေထဲမျောပါသွားတယ်။ အခုဒီမနက် ရေစီးနဲ့ မျောပါလာတဲ့ ဗမာအမျိုးသားတဦးရဲ့အလောင်းတော့ တွေ့ပြီ။ ကျန်တာတော့ မတွေ့သေးဘူး။ ရေထဲ မျောပါလာပြီး နီးရာ သစ်ပင်တွေ စင်တွေ ဓါတ်တိုင်ဟောင်းတွေမှာ တွယ်ကပ်နေတဲ့ လူ ၇ ယောက်ကို လည်း ကယ်ဆယ်ရေးအဖွဲ့က ကယ်ထားနိုင်ခဲ့ပါတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်နေသည့် စိုင်းလိတ် က ပြောပါသည်။

မန့်ဟီးရိုးမြို့နယ် ၁၉ အုပ်စု၊ ပန်ခမ်းအုပ်စု ကျေးရွာ ၇ ရွာဖြစ်သော စွမ်စော်၊ မန့်ဝိန်း၊ နောင်ယန်း၊ တင်းလုံ၊ နောင်ခို၊ စယ်လန့် တို့တွင် အများဆုံး ရေဘေးသင့်ကြပြီး တဲအိမ်များ တထပ်တိုက်ပု အိမ်ရှင် များမှာ ကုန်းပေါ်ရှိ အမျိုးများအိမ်သို့ သွားရောက်ခိုလှုံရကြောင်း၊ ၂ ထပ်အိမ်ဆောင်မှအိမ်သားများမှာမူ အိမ်အပေါ်ထပ်တွင် နေထိုင်ကြရကြောင်း ဆိုပါသည်။

“စွမ်စော်ဘက်မှာ မနေ့က ခါးလယ်လောက်ရှိတယ်။ ဒီနေ့တော့ တချို့နေရာတွေ ရေကျသွားပြီ။ တင်းလုံ-နောင်ယန်းတို့ဘက်မှာတော့ သွားလာလို့မရသေးဘူး။ လယ်ဧက အားလုံး ၃၀၀ ကျော် ပျက် တယ်။ ၃-၄ ပေလောက် ထွားကျိုင်းနေပြီဖြစ်တဲ့ ပြောင်းခြံတွေလည်း ရေလွှမ်းကုန်တယ်။ ပြောင်းခြံ သမားတွေတော့ အခက်တွေ့ပြီ ဒီနှစ် ” - ဟု ဒေသခံလူငယ် စိုင်းခမ်းကလည်း ပြောသည်။

မူစယ်မြို့နယ်အတွင်း ဖြတ်သန်းသည့် နမ့်ပေါ့ချောင်းရေသည် မိုးတွင်းကာလ နှစ်တိုင်း ရေလျှံမှု ဖြစ်ပွါး သော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် စောစီးစွာ ချောင်းရေလျှံသည်ကို တွေ့ရကြောင်း ဒေသခံ များက ပြောပါသည်။

ရေကြီးမှုကြောင့် ယမန်နေ့က မူစယ်-နမ့်ခမ်း ကားလမ်းကိုပါ ခေတ္တပိတ်ထားခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

Credit: သျှမ်းသံတော်ဆင့်
သျှမ်း/မြောက် မူစယ်တွင် နမ့်ပေါ့ချောင်း ရေကြီး လူ ၅ ဦးထက်မနည်း ပျောက်ဆုံး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service