သီလ၀ါအထူးစီးပွားရေးဇုန် အပါအ၀င် စီးပွားရေးဇုန်သုံးခု၌ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်

သီလ၀ါအထူးစီးပွားရေးဇုန် အပါအ၀င် စီးပွားရေးဇုန်သုံးခု၌ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
23 Jul 2014 3:39 pm တွင် တင်ခဲ့သည်
1128 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံအတွင်း ဖော်ဆောင်လျက်ရှိသည့် အထူးစီးပွားရေးဇုန်သုံးခုတွင် အာမခံလုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ပြုသွားရန် စီစဉ်လျက်ရှိကြောင်းကို မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းသည် ပြည်တွင်း၌ အဆိုပါကုမ္ပဏီများ အခြေကျခိုင်မာစေရန် ရည်ရွယ်၍ အထူးစီးပွားရေးဇုန်များ၌ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ပြီး၊ နိုင်ငံခြားအာမခံကုမ္ပဏီများ အနေဖြင့်လည်း ချမှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိပါက အဆိုပါ စီးပွားရေးဇုန်များတွင် အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် စီးပွားရေးဇုန်သုံးခု၌ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်လျက်ရှိပြီး စည်းကမ်းသတ်မှတ်ချက်များကို အတည်တကျ ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း သိရသည်။

အာမခံလုပ်ငန်းတွင် နိုင်ငံခြားအာမခံ ကုမ္ပဏီများကို မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် မပြုသေးသော်လည်း ဌာနကိုယ်စားလှယ် ရုံးခွဲများဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်းနှင့် ယင်းသို့လုပ်ကိုင်ခွင့်ပြုရာတွင် အချိန်ကာလအားဖြင့် မည့်သည့်အချိန်တွင် လုပ်ကိုင်ခွင့်ပြုမည်ကို အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။ ယင်းသို့ ဖွင့်လှစ်ခွင့်ပြုထားခြင်းနှင့် ပတ်သက်၍ အထူးစီးပွားရေးဇုန်များ၌ နိုင်ငံခြားအာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းသည် ပထမဆုံးဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသော သီလ၀ါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်စီးပွားရေးဇုန်သုံးခု၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပုဂ္ဂလိ အာမခံကုမ္ပဏီများကို မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၁၃ ခုနှစ်မှစတင်ကာ လုပ်ငန်းလိုင်စင်များ စတင်ချထားပေးခဲ့ပြီး ၎င်းပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် အသက်အာမခံ၊ မီးအာမခံ၊ ငွေပို့ငွေလွှဲအာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံနှင့် အလုံးစုံမော်တော်ယာဉ် အာမခံတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်မေတွင် အထူးခရီးသွား အာမခံလုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြည်တွင်းရှိ အာမခံကုမ္ပဏီများသည် မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခု စုစုပေါင်း ၁၂ ခုနှင့် အာမခံလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီတွင် အာမခံလုပ်ငန်း ခုနစ်မျိုးသာ လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

Credit : Eleven Daily News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service