မိုးကြီးပြီးမြေပြိုမှုကြောင့် ကချင်ဒုက္ခသည် ၅ ဦးသေဆုံး

မိုးကြီးပြီးမြေပြိုမှုကြောင့် ကချင်ဒုက္ခသည် ၅ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
23 Jul 2014 11:43 am တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး
ကချင်ပြည်နယ် လိုင်ဇာအနီးက လူဦးရေ ၈၀၀၀ကျော်နေထိုင်တဲ့ ဂျေယန့်ဒုက္ခသည်စခန်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး စခန်းအနီး တောင်တခုကနေ မြေပြိုတာကြောင့် ဒုက္ခသည် ၅ ဦးသေဆုံးခဲ့ရပါတယ်။ ဒီအတွက် အိမ် ၁၀ လုံးခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပေ ၅၀ ခန့်ရှိတဲ့ တောင်တခုအနားက ဂျေယန့်ကချင်ဒုက္ခသည်စခန်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က မြေပြိုတဲ့အတွက် ကလေး ၃ ဦး အပါအ၀င် လူ ၅ ဦး သေဆုံးခဲ့ရတာပါ။ ကချင်ဒုက္ခသည် ကော်မတီက တာဝန်ရှိသူဖြစ်တဲ့ ဦးဒွဲပီစာကို မြေပြိုပြီး ဒုက္ခသည်တွေ သေဆုံးရတဲ့အခြေအနေကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“မြေပြိုတဲ့အခြေအနေက ကျနော်တို့ ဒီနေရာမှာဆိုရင် မိုးတွင်း ၂ ခု ကျနော်တို့ ဒီမှာနေခဲ့ပြီလေ။ အခုတလောမှာဆိုရင် ဒီဘက်မှာ မိုးက နည်းနည်းများတယ်။ ၃ ရက်လောက်ဆက်တိုက် မိုးရွာနေတယ်။ ရေကြီးနေတယ်။ ဒီလိုဆိုတော့ ဒါ ကျနော်တို့ မထင်မှတ်ဘဲနဲ့ ပြိုကျပြီးမှ အိမ်ထောင်စုနှစ်ခု ပေါင်းနေတဲ့အိမ်ကို ဖုံးမိသွားတယ်။ ဒီမြေပြိုကျပြီးမှ ပိသွားတာပေါ့။”

မေး။ ။ ဆုံးတဲ့လူက ဘယ်နှစ်ယောက်လဲ အန်ကယ်လ်။

ဖြေ။ ။ “ဆုံးတဲ့သူက မူကြိုကျောင်းသား ၄ နှစ် ယောကျာ်းလေးရယ်၊ ၁၃ နှစ် ယောကျာ်းလေးရယ်၊ ၁၅ နှစ် ယောကျာ်းလေးရယ်၊ ၃၆ နှစ်လား မိန်းမရယ်၊ အသက် ၇၀ ကျော်တဲ့ အဖွားကြီးရယ်၊ ၅ ယောက်ရှိပါတယ်။”

မေး။ ။ ဆိုတော့ ကချင်ပြည်နယ်ဘက်က ဒုက္ခသည်စခန်းမှာ အခုလို မြေပြိုတာမျိုးပေါ့ အရင်က ရှိခဲ့ဖူးလား အန်ကယ်လ်။

ဖြေ။ ။ “အခု ကျနော်တို့ တခြားနေရာမှာလည်းပဲ သတိတော့ပေးနေကြတယ်။ တခြားမှာ သတင်းထူးတော့ ဘာမှ မကြားပါဘူး။ မနှစ်တုန်းကဆိုရင် ခေါင်းသာမှာ ပြိုကျတယ်။ ဒါပေမဲ့ အန္တရာယ်တော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ဒီနှစ် စိုးရိမ်ရတဲ့အတွက်ကြောင့် ကျောင်းတွေ ပြောင်းခိုင်းထားတာ ရှိပါတယ်။ အားလုံးတော့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့။ ဒါပေမဲ့ တခြားနေရာမှာဆိုရင် အခု ကျနော်တို့လည်းပဲ မသင်္ကာတဲ့ စိတ်မချတဲ့နေရာကို ဖယ်ခိုင်းတာ။ ဒီညဖယ်ခိုင်းတာရှိပါတယ်။ အဲ့ဒီနေရာကတော့ အိမ်ထောင်စု အများဆုံး ၁၀ အိမ်လောက်ပဲ ရှိမှာပဲ။”

အခုဆိုရင် ဂျေယန့်ဒုက္ခသည်စခန်းမှာ နေထိုင်နေတာဟာ မိုးတွင်း ၂ ခုလောက်ကို ဖြတ်ကျော်ပြီးတာကြောင့် ဒီလို လူသေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်မျိုးတွေတော့ မကြုံဖူးပေမဲ့ မြေပြိုမှုတွေကိုတော့ ဒုက္ခသည်တွေ တွေကြုံရတာရှိတယ်လို့လည်း ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေကပဲ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မြေထိန်းနံရံတွေ ပြိုကြပြီးနောက် ကလေးငယ်တွေ အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က သူရဲ့ အင်တာနက် စာမျက်နှာတွေမှာ နာဆာဂြိုဟ်တုများရဲ့ တိုင်းတာချက်များအရ မြန်မာနိုင်ငံရှိ ဒေသ ၆ ခုတွင် ရေဖုံးလွှမ်းရန် အလားအလာများနေပြီး ဒေသ ၂ ခုမှာ မြေပြိုကျဖို့ အလားအလာ များနေသည့်အတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေးပြောကြားထားပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့  ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ မြေပြိုကျရန် အလားအလာ များနေတယ်လို့ သတိပေးထားပါတယ်။

Credit: ဗွီအိုအေ (မြန်မာပိုင်း)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service