စလင်းတွင် ဧရာဝတီမြစ်ကမ်းပါးပြို ရွာခုနစ်ရွာမှ အိမ်ခြေ ၆၀၀ ကျော်ရွှေ့ပြောင်း

စလင်းတွင် ဧရာဝတီမြစ်ကမ်းပါးပြို ရွာခုနစ်ရွာမှ အိမ်ခြေ ၆၀၀ ကျော်ရွှေ့ပြောင်း - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 5:04 pm တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုများကြောင့် ဆင်မကျွန်းကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း ခုနစ်ရွာရှိ အိမ်ခြေပေါင်း ၆ဝဝ ကျော် ရွှေ့ပြောင်းရပြီး စိုက်ပျိုးထွန်ယက်လျက်ရှိသော ယာမြေများလည်း ဆုံးရှုံးပျက်စီးလျက်ရှိကြောင်းနှင့် လတ်တလောအခြေအနေအရ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်းသိရသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းဒေသ၏ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိသော ဆင်မကျွန်း ကျေးရွာအုပ်စုသည် ရွာခွဲပေါင်း ၁၁ ရွာဖြင့် ဖွဲ့စည်းထားပြီး ပဲ၊နှမ်း၊ပြောင်း၊ အာလူး၊ ကြက်သွန်နှင့်ဥယျာဉ်သီးနှံများထွက်ရှိသည်။ ယခုအခါ ဆင်မကျွန်းကျေးရွာအုပ်စု၏ မူလစိုက်ကွင်း ရှစ်ကွင်း၊ ဧကပေါင်း ၆၁ဝဝ ရှိရာမှ ဧက ၄ဝဝဝ ကျော် ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ဒေသခံတောင်သူ ဦးတင်ထွန်းအေးက ပြောပြသည်။

''ဆင်မကျွန်းအလယ်ရွာ၊ ဆင်မ ကျွန်းတောင်ရွာနဲ့ ဥယျာဉ်စုအရှေ့အနောက် ကျေးရွာတွေကလွဲလို့ ကျန်ရွာတွေမှာ အိမ်တွေရွှေ့ပြောင်းနေရတယ်။ အိမ်ခြေ ၁ဝဝဝ ကျော်ရှိရာ က ၆ဝဝ ခန့် ပြောင်းရွှေ့ရတယ်။ အခုလက်ရှိအနေအထားအရ အိမ်ခြေ ၂ဝဝ ခန့် ရွှေ့ပြောင်းလုပ်ရမယ်လို့ ခန့်မှန်းရတယ်။ ပြီးခဲ့တဲ့ လေးနှစ်လောက်ကစပြီး နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုတာပိုဆိုးလာပြီး ပျက်စီးဆုံးရှုံးမှုလည်းများလာတယ်။ လုပ်စားစရာမြေလည်း မရှိကြတော့ဘူး။ အကူအညီပေးမယ့်အဖွဲ့အစည်းတွေလည်း ခုထိမလာကြသေးဘူး''ဟု ၄င်းကပြော ပြသည်။

ဆင်မကျွန်းကျေးရွာအုပ်စုသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဒေသဖွံ့ဖြိုးရေးလမ်းများ လိုအပ်လျက့် ရှိကြောင်း၊ ယခုနှစ်ပိုင်းအတွင်း မြစ်ရေတိုက်စားမှု သက်သာလျော့ နည်းသွားစေရန် နိုင်ငံတော်က ကျပ်သိန်း ၁၆ဝ ကျော် ရေထိန်းကာတာများ ဆောက်လုပ်ပေးခဲ့သော်လည်း ရေစီးကြမ်းတမ်းမှုကြောင့် အချည်းနှီးဖြစ်ခဲ့ရကြောင်း၊ ယခုအခါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထွန်ယက်စိုက်ပျိုးရန် မြေမရှိတော့သည့်အပြင် အိမ်ရာများပြောင်းရွှေ့နေထိုင်ရသဖြင့် ယာမြေဈေးနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း၊ ယခင်က တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်း ခန့်သာရှိသော်လည်း ယခုအခါတစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းအထိ မြင့်တက်လာကြောင်း ဒေသခံများထံမှသိရသည်။

ဆင်မကျွန်းအုပ်စု ချင်းပြစ်ကျေးရွာမှ သာသနာ့အောင်မြေ ဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဒီပကလည်း ''ဘုန်း ကြီးကျောင်းလည်း ရွှေ့ပြောင်းရတော့မှာပါ။ မြစ်ကမ်းပါးတိုက်စားမှုကြောင့် ၁၉၅၈ ခုနှစ်ကနေပြီး ၂ဝ၁၁ အထိ ရှစ်ကြိမ်တိုင်တိုင် ရွှေ့ပြောင်းခဲ့ရ တယ်။ ချင်းပြစ်ရွာ မူလတန်းကျောင်းလေးကလည်း ငါးကြိမ်တိုင် ရွှေ့ပြောင်းခဲ့ရတယ်။ ဒီနှစ်လည်း ကမ်းပါးနဲ့ ပေ ၆ဝ ပဲလိုတော့တယ်။ လူနေအိမ်တွေကတော့ ကမ်းပါးနဲ့ ပေ ၂ဝ ကျော်နီးကပ်နေပြီ။ အခုအချိန်အထိ ဘယ်လူမှုရေးအဖွဲ့ အစည်းတွေကမှလာရောက်ကူညီ ပံ့ပိုးတာမရှိသေးဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း လာရောက်လေ့လာကူညီ ပံ့ပိုးစေချင် ပါတယ်'' ဟု ပြောပြသည်။

အလားတူပင် စလင်းမြို့နယ် အတွင်းရှိ ရေပေါ်ကျွန်းရွာ၊ ဘိုကုန်း ရွာ၊ ကျူတောရွာနှင့်ဇီးဖြူပင်ဒေသမှ ကျွန်းသာအရှေ့ရွာ၊ အနောက်ရွာနှင့် ရေလယ်မြောင်းရွာများသည်လည်း ဧရာဝတီမြစ်ကမ်းပါး ပြိုမှုများကြောင့် ပြီးခဲ့သည့် ဇွန်လပိုင်းမှစတင်၍ ရွာပေါင်း ခြောက်ရွာခန့် ပြောင်းရွှေ့ မှုများပြုလုပ်ခဲ့ရကြောင်း၊ စိုက်ပျိုးမြေ ဧကပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Credit : မြန်မာ့အလင်း

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service