ကျေးရွာ ၁၃ ရွာတွင် မှီခိုနေရသည့် နာဂစ်ဒုက္ခသည်များ နေရာချထားရေးအတွက် ဒသမပုံမှန်လွှတ်တော်အစည်းအဝေးမှသာ အဖြေ

ကျေးရွာ ၁၃ ရွာတွင် မှီခိုနေရသည့် နာဂစ်ဒုက္ခသည်များ နေရာချထားရေးအတွက် ဒသမပုံမှန်လွှတ်တော်အစည်းအဝေးမှသာ အဖြေ - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 12:32 pm တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
လပွတ္တာမြို့နယ် ကြာကန်၊ မြွေဟောက်၊ ကသပေါင်း၊ မောင်းတီး၊ ပိန္နဲတောင်၊ မင်းကုန်းစသည့် ကျေးရွာ ၁၃ ရွာတွင် ယခင်အစိုးရလက်ထက်က ယာယီနေရာချထားပေးခဲ့သော နာဂစ်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ နေရာအတည်တကျပိုင်ဆိုင်ချထားပေးနိုင်ရန်အတွက် လာမည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် အဖြေပေါ်ထွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းများတွင် မှီခိုနေရသည့် ဒုက္ခသည်များအတွက် နေရာပြန်လည်ချထားပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုက္ခသည်များမှ တောင်းဆိုရာတွင် အစိုးရအဖွဲ့မှ ယခင်ကတိပေးထားသည့်အတိုင်း နာဂစ်ဒုက္ခသည်များအတွက် ရည်ရွယ်တည်ဆောက်ထားသည့် သုံးမိုင်မြို့သစ်နေရာတွင် ချပေးခြင်း မပြုခြင်း၊ မြေနေရာအပိုင်ပေးခြင်းများမရှိသောကြောင့် တိုင်းဒေသကြီးလွှတ်တော်မှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ စစ်ဆေးခဲ့ရကြောင်း သိရသည်။

"အရင်အစိုးရလက်ထက်က ဒုက္ခသည်တွေအတွက် မြေနေရာပေးထားပြီးသား၊ အခုမှအစိုးရအဖွဲ့က ပေးမယ် မပေးဘူး၊ အငြင်းပွားနေတာ၊ ဒုက္ခသည်အားလုံးကို မြေနေရာတွေ အပိုင်ပေးထားပြီးသား အခုကျေးရွာ ၁၃ ရွာက ဒုက္ခသည်တွေကိုသာ မြေနေရာအပိုင်မပေးတာ၊ သုံးမိုင်မှာပေးဖို့လုပ်ပြီး ဒေသဆိုင်ရာအဖွဲ့တွေနဲ့ တိုင်ပင်တယ်၊ မြို့မိမြို့ဖတွေရဲ့ သဘောထားမှတ်ချက်ယူတယ်။ အစိုးရအဖွဲ့ပိုင်မြေဖြစ်နေလျက်နဲ့ လုပ်နေတာတွေက လုပ်ရိုးလုပ်နည်းနဲ့မညီဘူးလို့ထင်တယ်၊ အစိုးရအဖွဲ့က လွှတ်တော်ကို ပြန်အကူအညီတောင်းလို့ လွှတ်တော်က စုံစမ်းစစ်ဆေးပေးပြီးပါပြီ။ အစီရင်ခံစာကို လာမည့်လွှတ်တော်မှာတင်ပါမယ်။ အဲဒီမှာ အစိုးရအဖွဲ့က အဆုံးဖြတ်ပေးမယ်လို့ထင်တယ်" ဟု လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီတွင်ပါဝင်သူ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လပွတ္တာမြို့နယ်မဲဆန္ဒနယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောကြားသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service