အခြေပစ္စည်းတွင်ပါဝင်သည့် မြေ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ့ ကို မေတ္တာဖြင့်ပေးကမ်းခြင်း ၀င်ငွေခွန်ကင်းလွတ်

အခြေပစ္စည်းတွင်ပါဝင်သည့် မြေ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ့ ကို မေတ္တာဖြင့်ပေးကမ်းခြင်း ၀င်ငွေခွန်ကင်းလွတ် - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 12:03 pm တွင် တင်ခဲ့သည်
1019 ကြိမ် ကြည့်ရှု့ပြီး
ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေပစ္စည်းတွင်ပါဝင်သည့် မြေ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ အစရှိသည်တို့အား မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုထားပြီး တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

အဆိုပါအခြေပစ္စည်းများအား မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ပေးကမ်းသည့်အထောက်အထားများတင်ပြ၍ မေတ္တာဖြင့်ပေးကမ်းခြင်းနှင့် အကျုံးဝင်ခြင်း ရှိ မရှိ စိစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ၀င်ငွေခွန်ပေးဆောင်ရန်မလိုကြောင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့်နှုန်းထားမှာ သတ်မှတ်တန်ဖိုးအပေါ်တွင် ငါးရာခိုင်နှုန်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိမြို့နယ်များအတွင်းရှိ အခြေပစ္စည်းဖြစ်ပါက တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံသို့လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိမြို့နယ်များနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိမြို့နယ်များရှိ အခြေပစ္စည်းဖြစ်ပါက မြို့နယ်ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ) ထံသို့လည်းကောင်း၊ စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြ၍ ကာလတန်ဖိုးသတ်မှတ်ချက်ရယူရမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေစိစစ်မှုခံယူရန် တင်ပြနိုင်ခြင်းမရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရမည်ဖြစ်ကြောင်း

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ မှ သတ်မှတ်ပေးသည့်တန်ဖိုးအပေါ် အခွန်ဆိုင်ရာရှင်းလင်းခြင်းနှင့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များထမ်းဆောင်နိုင်ရေးအတွက် အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အခြေပစ္စည်းဝယ်ယူခြင်း သို့မဟုတ် တည်ဆောက်ခြင်းဖြစ်ပါက သတ်မှတ်ကာလတန်ဖိုးအပေါ် ၀င်ငွေရလမ်း အထောက်အထားအတိအကျတင်ပြနိုင်ပါက ယင်းအထောက်အထားများတင်ပြပြီး ၀င်ငွေစိစစ်မှုခံယူရန် တင်ပြနိုင်ခြင်းမရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကျသင့်အခွန်နှုန်းမှာ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သက်သာခွင့်များမနုတ်မီ စည်းကပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန် ရာခိုင်နှုန်း ၃၀ ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းအတွက် တစ်ဦးလျှင် တစ်ကြိမ်သာခံစားခွင့်ရှိပြီး အသုံးပြုသည့်ဝင်ငွေမှ ၀င်ငွေရလမ်းတင်ပြနိုင်သည့် ၀င်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင် ၀င်ငွေတစ်ကျပ်မှ သန်း ၅၀ အထိ သုံးရာခိုင်နှုန်း၊ ကျပ်သန်း ၅၀ မှ သန်း ၁၅၀ အထိကို ၁၀ ရာခိုင်နှုန်း၊ သန်း ၁၅၀ မှ သန်း ၃၀၀ အထိကို ရာခိုင်နှုန်း ၂၀ နှင့် သန်း ၃၀၀ မှအထက်ကို ရာခိုင်နှုန်း ၃၀ ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service