မုတ္တမကမ်းရိုးတန်းရှိ ဒီရေတောဧကသုံးထောင်ကို ကြိုးပြင်ကာကွယ်တော သတ်မှတ်မည်

မုတ္တမကမ်းရိုးတန်းရှိ ဒီရေတောဧကသုံးထောင်ကို ကြိုးပြင်ကာကွယ်တော သတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 11:48 am တွင် တင်ခဲ့သည်
887 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်းရှိ မုတ္တမကမ်းရိုးတန်းတစ်လျှောက် ဒီရေတောဧကသုံးထောင်ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်မည်ဟု သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်းရှိ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မုတ္တမပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေတောဧကသုံးထောင်ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးဦးဘိုနီက ပြောသည်။

ယင်းမုတ္တမကမ်းရိုးတန်းတစ်လျှောက်တွင် ယခင်က ဒီရေတောဧရိယာ အနည်းငယ်သာရှိရာမှ နာဂစ်မုန်တိုင်းပြီးနောက်တွင် ထပ်မံပေါက်ရောက်လာသည့် ဒီရေတောများဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းနိုင်ရန် ကွင်းဆင်းတိုင်းတာခြင်း၊ ဒေသခံများ၏ သဘောထားကောက်ခံခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောသည်။

‘‘ကမ်းရိုးတန်းတစ်လျှောက် မျောလာတဲ့ ဒီရေတောမျိုးစေ့တွေက နုန်းတင်ပြီးတော့ ပေါက်လာတဲ့ ဒီရေတောပင်တွေဖြစ်တယ်။ အရင်က အပင်နည်းတာကနေ အခုအပင်တွေများလာတော့ အဲဒီနေရာက ဇီဝမျိုးစုံမျိုးကွဲတွေအတွက် ပိုကောင်းလာတယ်’’ဟု ရခိုင်ကမ်းရိုးတန်းဒေသတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် CLEARR ပရောဂျက်မန်နေဂျာ ဦးဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီရေတောတည်ရှိမှုအများဆုံး သတ္တမမြောက်နေရာတွင်ရှိကြောင်း ၂၀၁၀ ပြည့်နှစ်က FAO မှထုတ်သော World Atlas of Mangrove တွင် ဖော်ပြထားသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်၌ ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်းဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် သုတေသနပြုလုပ်ခြင်းတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များ ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ‘‘အနာဂတ်အတွက် ဒီရေတောများအဖွဲ့ (Mangroves for the Future)’’ တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိပြီး ဒီရေတောဌာနသစ်တစ်ခုကို ဖွဲ့စည်းရန် လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောစုစုပေါင်း ၁၃ ခု၊ ဧရိယာပေါင်း ၈၃၉,၉၈၀ ဧကကို ထူထောင်ထားရှိပြီး ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်နှင့် ပင်လယ်ပြင် မြက်ခင်းဂေဟစနစ်များ ပါဝင်သော သဘာဝနယ်မြေလေးခုကို ကာကွယ်ထားရှိကြောင်း သိရသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service