ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အားကစားရုံကြီးကို ဖိလစ်ပိုင်ဖွင့်လှစ်

ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အားကစားရုံကြီးကို ဖိလစ်ပိုင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 11:29 am တွင် တင်ခဲ့သည်
1035 ကြိမ် ကြည့်ရှု့ပြီး
ဖိလစ်ပိုင်နိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး မိုးလုံလေလုံ အားကစားရုံကြီး တစ်ခုကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဒေါ်လာ (၁၇၅)သန်း အကုန်အကျခံ ဆောက်လုပ်ထားသည့် Philippine Arena သည် ပရိသတ် (၅၅၀၀၀)ထိ ဝင်ဆံ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး မိုးလုံလေလုံ အားကစားရုံကြီး ဖြစ်လာခဲ့သည်။ ဇူလိုင်(၂၁)ရက်တွင် အားကစားရုံ ဖွင့်လှစ်မှု အခမ်းအနားကို ကျင်းပရာ ဖိလစ်ပိုင် သမ္မတ ဘင်နစ်နို အကွီနိုကိုယ်တိုင် ဦးစီးခဲ့သည်။

အဆိုပါ အားကစားရုံကြီးတွင် အားကစားပွဲများကို လက်ခံကျင်းပသွားမည် ဖြစ်သလို အားကစားရုံကို ပိုင်ဆိုင်သည့် ခရစ်ယာန် ဘာသာရေးအသင်း Iglesia ni Cristo ၏ ပင်မ အစည်းအဝေး ခမ်းမအဖြစ်လည်း အသုံးပြုသွားမည်ဟု သိရှိရသည်။

“ဖိလစ်ပိုင်ဟာ မြင့်မြင့်မားမား ရည်မှန်းချက်တွေကို လက်လှမ်းမီတယ်ဆိုတာ ခင်ဗျားတို့ သက်သေပြလိုက်နိုင်ပြီ။ ကျွန်တော်တို့ဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ဘယ်အရာကိုမဆို လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်းရှိတယ်”ဟု Iglesia အသင်းဝင်များကို ရည်ရွယ်ပြီး သမ္မတက ပြောကြားခဲ့သည်။

၎င်းက (၁၅)ထပ် အဆောက်အအုံကြီးသည် အမေရိကန် နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ Staples Centre ထက်ပင် လူဦးရေ (၂)ဆမျှ ဝင်ဆံ့ကြောင်းလည်း ချီးကျူးခဲ့သည်။ Staples Centre သည် အားကစားနှင့် ဖျော်ဖြေရေးဆိုင်ရာ ပွဲတော်များ ကျင်းပသည့် အထင်ကရ အဆောက်အအုံ တစ်ခုဖြစ်သည်။

Philippine Arena ကို (၂၀၁၁)ခုနှစ်၊ မေလကုန်က စတင်ဆောက်လုပ်ခဲ့ပြီး စုစုပေါင်း အကျယ်အဝန်းသည် စတုရန်းမီတာ (၉၉၀၀၀)ရှိသည်။ (၆၂)မီတာ မြင့်မားသော အဆောက်အအုံကြီးကို ယခုလအတွင်း အပြီးသတ်နိုင်ခဲ့သည်။ အဆောက်အအုံကြီးသည် မနီလာမြို့နှင့် မလှမ်းမကမ်းရှိ ဘိုကာအူမြို့တွင် တည်ရှိပြီး ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် အထူး ဒီဇိုင်းထုတ် ဖန်တီးတည်ဆောက်ထားကြောင်း သိရှိရသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service