ရန်ကုန်မြို့တွင် သုံးလအတွင်း အဆောက်အအုံ ၄၀၀ ကျော် ဆောက်လုပ်ရန် ခွင့်ပြု

ရန်ကုန်မြို့တွင် သုံးလအတွင်း အဆောက်အအုံ ၄၀၀ ကျော် ဆောက်လုပ်ရန် ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 11:16 am တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့်နှစ်ကာလတူထက် ယခုနှစ်တွင် အထပ်မြင့်နှင့် အထပ်နိမ့်အဆောက် အအုံပေါင်း ၄၀၀ ကျော် တိုးမြှင့် ခွင့်ပြုထားပြီး အထပ်မြင့်အဆောက်အအုံ ၉၉ လုံးကို ခွင့်ပြုမိန့်ထုတ်ပေးထားပြီးဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဧပြီ၊ မေ၊ ဇွန်လများတွင် အထပ်မြင့်အဆောက်အအုံ ၂၄၁ ခုခွင့်ပြု ခဲ့ပြီး ယခုဘဏ္ဍာနှစ်ကာ လတူတွင် အထပ်မြင့်အဆောက်အအုံပေါင်း ၃၄၀ ကို ခွင့်ပြု ပေးထားရာ ယခင်နှစ်ထက် ၉၉ လုံးကိုတိုး မြှင့်ခွင့်ပြုပေးထားခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် KOL ကုမ္ပဏီအုပ်စုအမှုဆောင် အရာရှိချုပ် ဦးတင်မောင်နိုင်က “ တိုးလာတဲ့အဆောက် အအုံတွေဟာအခန်းရဲ့ Capacity၊ နောက် အပြင် က Infrausture တွေ Balance ဖြစ်ဖို့လိုတယ်။ အဆောက်အုံတွေကို စည်းကမ်းနဲ့ စနစ်တကျ ဆောက်လာ မယ်ဆိုရင် ပိုကောင်းတာပေါ့ ” ဟု ပြောသည်။

ယခင်နှစ်သုံးလအတွင်း အထပ်နိမ့်အဆောက်အအုံ ၃၉၂ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် အဆောက်အအုံ ၇၀၅ လုံး ခွင့်ပြုပေးထားကာ ယခင်နှစ်ထက် နှစ်ဆကျော်တိုးမြှင့်ခွင့်ပြုပေးထားသည်။

ယခုအချိန်တွင် အထပ်မြင့်အဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်ရာတွင် ရန်ကုန်မြို့တွင်းနေရာများ၌ ဆောက်လုပ်ရန် ခွင့်မပြုသည့်ဇုန်များသတ်မှတ်ထားရာ မြို့စွန်နေရာများတွင်သာ ဦးစားပေး ဆောက်လုပ် သွားမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသိုင်းအ၀ိုင်းက ပြောဆိုထားသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ရန်ကုန်မြို့ဧရိယာဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများတိုးတက်များပြားလာပါက မြေဈေးနှုန်းကြီးမြင့်မှု ထိန်းသိမ်းလာနိုင်မည်ဟု သုံးသပ်ပြောဆိုထားသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ရွှေနန်းဆောင်စိန် ရွှေရတနာလုပ်ငန်းအုပ်စုမှ အထပ် ၂၆ ထပ် ရှိမည့် 68 Residence ကွန်ဒိုကိုတည် ဆောက်သွားရန်ရှိပြီး KHG Develo-pment အုပ်စုမှ အထပ် ၂၈ ထပ်ရှိမည့် ကွန်ဒိုတည် ဆောက်သွားရန်ရှိသည်။

အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားချက်များကို One Stop Service (OSS) အဖွဲ့က ခွင့်ပြုပေး မိန့်ထုတ်ပေးရန်စီစဉ်ဆောင်ရွက်နေသည်။၂၀၁၃-၁၄ ဘဏ္ဍာ နှစ်တွင် အထပ်မြင့်အဆောက်အအုံပေါင်း ၈၆၃ လုံးခွင့်ပြုခဲ့ပြီး အထပ်နိမ့်အဆောက် အအုံပေါင်း ၃,၀၆၅ လုံး ဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့သည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service