မလွှဲမရှောင် သိမ်းဆည်း ရယူခြင်း အတွက် ဥပဒေပြုခြင်းက တရားမ၀င် အခွင့်အရေး သက်သက်သာ ရှိကြသူများသို့ မြေယာတန်ဖိုး အတွက် လျော်ကြေးပေးခြင်းကို အထူးပင် ဖယ်ထုတ်ထားဖို့ ရည်ရွယ်သည်။ သို့ရာတွင် အထူး အကူအညီ ရဖို့ထိုက်သူများ အဖြစ် စဉ်းစားခြင်း ခံကြရသည့် သိမ်းပိုက် နေထိုင်သူများ အကြောင်းတွင် အစိုးရက သင့်တင့်ဆီလျော်သော မြေယာမှာ ပြန်လည် နေရာ ချထားပေးခြင်းကို သေချာ စေသင့်သည်။
လျော်ကြေးပေးခြင်း အတွက် လိုအပ်ချက်များနှင့် ပြည့်မီကြသည့် လက်ရှိ ဖြစ်သူများမှာ ယင်းတို့၏ အိုးအိမ်များနှင့် အခြားသော တိုးတက်စေမှုများ၏ အစားထိုး ကုန်ကျစရိတ်များအတွက် သာမက ပျက်စီးမှုများနှင့် ပြောင်းရွှေ့ခြင်း ကုန်ကျစရိတ်များ အတွက် လျော်ကြေးပေးခြင်းကို လက်ခံ ရရှိ သင့်ကြသည်။ တရားမ၀င် အခြေချ နေထိုင်မှုများတွင် အိုးအိမ်နှင့် အခြား အဆောက်အအုံများ ဆောက်လုပ်ခြင်းမှာ ယေဘုယျအားဖြင့် ဥပဒေပဖြစ်သည်၊ ဇုန်ဖွဲ့ခြင်း ကန့်သတ်ချက်များ (ဥပမာ- မြေယာပေါ်မှာ တရားမ၀င် အခြေချ နေထိုင်မှုသည် လယ်ယာစိုက်ပျိုးမြေယာ ဖြစ်ပြီး လူနေထိုင်ရန် မဟုတ်ကြောင်း တရားဝင် အမျိုးအစား သတ်မှတ်ထားသည်) ကြောင့် ဖြစ်စေ၊ တည်ဆောက်ရေးမှာ ဥပဒေအရ ဖွင့်ဆိုထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း မရှိခြင်း (ဥပမာ- ဆောက်လုပ်မိန့် မယူထားခြင်း၊ အဆောက်အဦများမှာ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ကြောင်း စစ်ဆေးထားမှု မရှိခြင်း) ကြောင့် ဖြစ်ကြသည်။ သို့ရာတွင် ထိုသို့ ဥပဒေပဖြစ်မှုမျိုး တစ်ခုတည်းမှာ အဆောက်အအုံတန်ဖိုး အတွက် လျော်ကြေးပေးခြင်းကို အဟန့်အတား မဖြစ်စေသင့်ချေ။
လက်ရှိဖြစ်သူတို့ ယေဘုယျအားဖြင့်ရှိနေသည့် စီမံချက် ဧရိယာတစ်ခုတွင် လျော်ကြေးပေးခြင်းနှင့် ပြန်လည် နေရာချထားပေးခြင်းတို့ အတွက် အရည်အချင်း ပြည့်မီသည်ဟု စဉ်းစားကြရာမှာ စီမံချက်ရေးဆွဲ စတင်ပြီးနောက် စွန့်စားရမှု တစ်ခု ရှိသည်။ လူတို့က ပေးချေမှုမှ အကျိုးကျေးဇူးနှင့်အတူ ပြောင်းရွှေ့ပေးလိမ့်မည်လော။ လျော်ကြေးပေးခြင်းနှင့် ပြန်လည် နေရာချထားခြင်းတို့ အတွက် အရည်အချင်းပြည့်မီသည်ဟု စဉ်းစားဖို့ရာ ယင်းဧရိယာ အတွင်း သိမ်းပိုက် နေထိုင်သူတို့က စာရင်းပြုစုပေးရန် နေ့ရက်ကို သိမ်းဆည်းရယူသည့် အေဂျင်စီက သတ်မှတ် ပေးသင့်သည်။ လျော်ကြေးပေးခြင်း အဖြစ် အလှည့်အပြောင်းပြု (အစားထိုး) နိုင်သော မြေယာ ပြန်လည် နေရာချထားပေးခြင်းမှ တစ်ဆင့် သို့မဟုတ် ငွေကြေးပေးခြင်းမှ တစ်ဆင့် လျော်ကြေးပေးသင့်ကြောင်း ဆုံးဖြတ်ချက် ချရာတွင် ခက်ခဲလိမ့်မည်။ ရှုပ်ထွေးလိမ့်မည်။ အဆိုပြုထားသည့် ဖြေရှင်းနည်း တစ်ခုသည် မျှခြေဟန်ချက်ရှိသော လျော်ကြေးပေးခြင်းကို ရှောင်ရှားရန် ကြိုးပမ်းအားထုတ်မှု တစ်ခု မဖြစ်စေရေး သတိ ပြုရမည်။ (ဥပမာ- ပြန်လည် နေရာချထားပေးခြင်း ကုန်ကျစရိတ် ကြီးမြင့်နေသောအခါ ညီတူညီမျှမှု မရှိဘဲနှင့် ငွေရေးကြေးရေး လျော်ကြေးပေးမှုကို အဆိုပြုခြင်း၊ သိမ်းဆည်း ရယူမည့် မြေယာ၏ လက်ရှိ အသုံးပြုမှု တန်ဖိုးများထက် ငွေရေးကြေးရေး လျော်ကြေးပေးမှုက ကျော်လွန် နေလိမ့်မည် ဖြစ်သောအခါ ပြန်လည် နေရာချထားပေးမှုကို အဆိုပြုခြင်း)။ ထို့အပြင် နေစရာ ဖယ်ရှားပေးကြရမည့် မိသားစုတို့မှာ ရွေးချယ်စရာ တစ်ခုထက် အခြားတစ်ခုကို ဦးစားပေးခြင်း အတွက် ယင်းတို့ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေကြလိမ့်မည်။
မြေယာပေါ်မှာ ယခုရှိနေသည့် ဖိအားများကြောင့် သင့်လျော်သည့် အလှည့်အပြောင်းပြု (အစားထိုး) နိုင်သော မြေယာပေးခြင်းမှာ ခက်ခဲ လိမ့်မည်။ သို့ရာတွင် ပိုင်ရှင်နှင့် သိမ်းပိုက် နေထိုင်ကြသူများစွာက လျော်ကြေးပေးခြင်း အဖြစ် ငွေကြေးထက် မြေယာလက်ခံ ရရှိမှုကို လိုလား နှစ်သက်ကြလိမ့်မည်။ လျော်ကြေးပေးခြင်း အဖြစ် မြေယာကို သတ်မှတ်ထားချက်သည် အားနည်းကြရှာသူ အုပ်စုများအား ပြန်လည် နေရာချထားပေးမှုနှင့် သာမန်အားဖြင့် ဆက်စပ်လျက်ရှိသည်။ သို့သော် ချမ်းသာကြွယ်ဝသည့် အနေအထားမှာလည်း အစားထိုးနိုင်သော မြေယာအတွက် တောင်းဆိုမှုများ ရှိကြပြန်သည်။ သင့်လျော်သော မြေယာပေးခြင်းက လုပ်ငန်းစဉ်အား ကန့်ကွက်မှုများကို လျှော့ချ ကူညီပေးနိုင်သည်။ လျော်ကြေးပေးခြင်း အလုံးစုံ ကုန်ကျစရိတ်များကို လျှော့ချ ပေးနိုင်သည်။
အစားထိုးနိုင်သော မြေယာပေါ်မှာ အားနည်းကြရှာသူတို့အား ပြန်လည် နေရာချထားပေးမှုသည် ယင်းတို့၏ မြေယာဆုံးရှုံး လက်လွှတ်ရခြင်းကြောင့် ယင်းတို့၏ သက်မွေးမှုများ ဆုံးရှုံးမှု ဖြစ်ကြပြီး လျော်ကြေးရရှိသော ငွေကြေးပမာဏက အလားတူ မြေယာဝယ်ယူရန် သို့မဟုတ် သက်မွေးမှု ငွေကြေးအတွက် နည်းလမ်းသစ်များ ရှာဖွေရန် အသုံးမပြုနိုင်သည့်အခါ လိုအပ်သည်။ မိသားစုများက တောင်သူလယ်သမားများ၊ မွေးမြူရေး သမားများ ဖြစ်ကြသူတို့သည် အခြားလုပ်ငန်း လုပ်ကိုင်ရန် စွမ်းဆောင်နိုင်မှု အနည်းငယ်သာ ရှိကြလိမ့်မည်။ ပြန်လည် နေရာချထားပေးမှုမှာ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး ပါဝင်စေရသည်။ မလွှဲမရှောင် သိမ်းဆည်းရယူမည့် မြေယာမှ တရားမ၀င် အခြေချ နေထိုင်သူများနှင့် ဥပဒေအရ အခွင့်အရေး အားနည်းကြ၊ မရှိကြသူများ အတွက်လည်း ပြန်လည် နေရာချထားပေးမှု လိုအပ် လိမ့်မည်။ ငွေရေးကြေးရေး လျော်ကြေးပေးခြင်းသည် ဈေးကွက်မှ အစားထိုးနိုင်သော မြေယာကို ၀ယ်ယူရန် ယင်းတို့အား လုံလောက် စေလိမ့်မည် မဟုတ်ချေ။ ဘာသာရေး အဖွဲ့အစည်းတစ်ခု စသည့် စီးပွားဖြစ် မဟုတ်သော အသုံးပြုမှု အတွက် သိမ်းဆည်းရယူမည့် မြေယာကို အသုံးပြုသည့်အခါ ပြန်လည် နေရာချထားပေးမှု လိုအပ်လိမ့်ဦးမည်။ နေစရာ ဖယ်ရှားပေးကြရသူတို့ကိုလည်း ငွေကြေးထက် မိမိ အလုပ်ကို အနှောင့်အယှက် နည်းနည်းဖြင့် ဆက်လက် လုပ်ကိုင် နိုင်ရန် ပိုမို စိတ်ဝင်စား ကြလိမ့်မည်။
လျော်ကြေးပေးခြင်း အဖြစ် အစားထိုးနိုင်သော မြေယာပေးဖို့ ကမ်းလှမ်းမှုက ပြဿနာများကို ရှောင်ရှား နိုင်လိမ့်မည်၊ ငွေကြေးပမာဏ အမြောက်အမြား ကိုင်တွယ် အသုံးပြုလေ့ မရှိသူတို့အား ငွေရေးကြေးရေး လျော်ကြေးပေးခြင်း ပြုသောအခါ ပြဿနာများ ပေါ်ထွက်လာနိုင်ကြသည်။ ငွေကြေးပမာဏ အမြောက်အမြားကို မည်သို့ စီမံမည်ကို လုံလောက်သော လေ့ကျင့်မှု မပေးဘဲရှိလျှင် လူတို့က ငွေကြေးကို မြန်မြန်နှင့် အမြော်အမြင် မရှိဘဲ ဖြုန်းတီးပစ်ကြလိမ့်မည်။ သို့မဟုတ် မမှန်ကန်သော အစီအစဉ်များသို့ ရင်းနှီးပစ်ခြင်းဖြင့် မိုက်မဲကုန်ကြလိမ့်မည်။ လျော်ကြေးပေးခြင်းကို အိမ်ထောင်စု၏ အမျိုးသား အကြီးအကဲသို့ ပေးလျှင် အမျိုးသမီးနှင့် ကလေးသူငယ်တို့၏ လိုအပ်မှုများ၊ မိသားစုကျန်းမာရေးနှင့် သက်သာချောင်ချိရေးတို့ကို လျစ်လျူရှု ထားလိုက်ကြလိမ့်မည်။ နောက်ဆုံးရလဒ်မှာ လူတို့သည် စိုက်ပျိုးမွေးမြူရန် မြေယာမရှိ၊ အထောက်အကူပြုမည့် ငွေဝင်လမ်း မရှိ၊ စိုက်ပျိုးမွေးမြူရေး မဟုတ်သော လုပ်ငန်းအတွက် ယှဉ်ပြိုင်ရန် ကျွမ်းကျင်မှု မရှိ ဖြစ်သွားကြလိမ့်မည်။ ထို့အပြင် အသိုင်းအ၀ိုင်း တစ်ခုကို နေစရာ ဖယ်ရှားပစ်လျှင် ငွေရေးကြေးရေး လျော်ကြေးပေးရန် ကမ်းလှမ်းမှုက အိမ်ထောင်စုတို့၏ ငွေခေါင်းကွဲမှု ဖြစ်စေလိမ့်မည်။ အလားတူ နေရာမျိုးမှာ အစားထိုးနိုင်သော မြေယာ ၀ယ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ရလဒ် အဖြစ် လူ့အဖွဲ့အစည်းများနှင့် လူမှုရေးကွန်ရက်တို့သည် အားနည်းချိနဲ့ သွားကြလိမ့်မည်။
တစ်ချိန်တည်းမှာပင် ပြန်လည် နေရာချထားပေးမှု အဖြစ် လျော်ကြေးပေးခြင်းက နေစရာ ဖယ်ရှားခံကြရသူတို့ အတွက် အကျိုးအမြတ် အလိုအလျောက် ပေးလိမ့်မည် မဟုတ်ချေ။ ပြန်လည် နေရာချထားပေးမှု အစီအစဉ်တို့သည် အကြောင်းအချက် အချို့အတွက် ကျရှုံးနိုင်ကြသည်။ လျော်ကြေးပေးခြင်း အဖြစ် မြေယာပေးခြင်းသည် အရည်အသွေး ပိုမိုချို့တဲ့လိမ့်မည်။ ယခင်နေရာမှာ တည်ရှိသည့် ရေနှင့် သစ်တောရင်းမြစ်များ ကင်းမဲ့ ကြလိမ့်မည်။ ဧရိယာအသစ်မှာ လမ်း၊ ရေတွင်းနှင့် အညစ်အကြေးစွန့်ဆိုင်ရာ လိုအပ်သည့် အရာများ စသည့် အခြေခံ အဆောက်အအုံ ရှိကြလိမ့်မည် မဟုတ်ချေ။ လူများအား ပြန်လည် နေရာချထားပေးချိန်မှာ တည်ဆောက် မပြီးရသည်က မလုံလောက်သော ရန်ပုံငွေ သို့မဟုတ် နှောင့်နှေးကြန့်ကြာမှု အဖြစ် အဓိပ္ပာယ် သက်ရောက် လိမ့်မည်။ ပြန်လည် နေရာချထားပေးမှု အတွက် သတ်မှတ်ထားသည့် မြေယာသည် အသိုင်းအ၀ိုင်းများက သိမ်းပိုက် ရယူထားနှင့်ပြီးသား ဖြစ်လိမ့်မည်။ ယင်းမြေယာ အတွက် ပြင်းထန်သော တောင်းဆိုမှုများနှင့်အတူ ရှိလိမ့်မည်။ ယင်းဧရိယာသို့ နောက်ထပ်လူများ ထပ်ရောက်လာခြင်းက လူဦးရေ ထူထပ်လွန်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် အဆင့်အတန်း လျော့ကျခြင်းနှင့် ရှားပါးသထက် ရှားပါးလာသော ရင်းမြစ်များ အတွက် ယှဉ်ပြိုင်ရခြင်းများ ဖြစ်လာ စေနိုင်သည်။ မြေယာသစ်က ဝေးလံနေပါလျှင် ယခင် နေရာမှာ ရရှိခဲ့သည့် လယ်ယာ မဟုတ်သည့် လုပ်ငန်းမှလာသည့် စီးပွားရေး လုပ်ငန်း ကင်းမဲ့ လိမ့်မည်။
ပြန်လည် နေရာချထားပေးမှု အစီအမံများမှာ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင် မကြုံတွေ့ကြရအောင် သေချာ စေသင့်သည် (ယင်းဧရိယာများသည် ပြောင်းရွှေ့နေထိုင်လာကြသူတို့၏ ထုတ်လုပ်နိုင်စွမ်းကို အသုံးချနိုင်ခွင့် နည်းပါးခြင်းနှင့် ရင်းမြစ်များ အတွက် ယှဉ်ပြိုင်ရခြင်းက မြင့်မားနေခြင်း ဖြစ်ကြသည့်အခါ)။ နေရာသစ်မှာ တည်ငြိမ်မှု သို့မဟုတ် အဆင့်သင့်ဖြစ်မှုတို့အား ဂရုမထားဘဲ ပြန်လည် နေရာချထားပေးမှုကို စီမံချက်၏ အစီအစဉ်နှင့် ရန်ပုံငွေတို့က ဖိအားပေးခြင်း မဖြစ်အောင် ထိန်းသိမ်းရန် ဂရုစိုက် သင့်ကြသည်။
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဘဏ်တို့က ယင်းတို့ အထောက်အပံ့ပေးသည့် စီမံချက်များ၏ ရလဒ် အဖြစ် နေစရာ ဖယ်ရှားပေးကြရလိမ့်မည့် သူများအား အကာအကွယ်ပေးရန် မူဝါဒများနှင့် ညွှန်ပြချက်များကို ချမှတ်ထားရှိကြသည်။
Credit : The Messenger