ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် ခိုင်မာသောစာချုပ်များ ချုပ်ဆိုထားရန်လို

ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် ခိုင်မာသောစာချုပ်များ ချုပ်ဆိုထားရန်လို - Property News in Myanmar from iMyanmarHouse.com
18 Jul 2014 12:26 pm တွင် တင်ခဲ့သည်
1828 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်ဆောက်လုပ်မှု များပြားလာ သော ရန်ကုန်မြို့တွင် အဆိုပါလုပ်ငန်းနှင့် ပတ်
သက်သည့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာ များ ပိုမိုဖြစ်ပွားလာကြပြီး ထိုပြဿနာများ ဖြစ်ပေါ်လာပါက
ဆောက်လုပ်ခွင့်ရပ်နားထား ရသည့်အတွက် မြေပိုင်ရှင်များသာမက ဆောက် လုပ်ရေးလုပ်ငန်းရှင်
များပါ ထိခိုက်နစ်နာနိုင် သောကြောင့် ကန်ထရိုက်တိုက်များ မဆောက် လုပ်မီ နှစ်ဦးနှစ်ဖက်
သေချာစိစစ်ပြီးမှ တည် ဆောက်ရန်သဘောတူသင့်ကြောင်း အိမ်ခြံ မြေလုပ်ငန်း ကျွမ်းကျင်သူများ
က ပြောသည်။

"ကန်ထရိုက်တိုက် ဆောက်မယ်ဆိုရင် မြေရှင်တွေကလည်း ကိုရွေးချယ်မယ့် ဆောက်လုပ်ရေး
လုပ်ငန်းရှင်အကြောင်းကို သေချာ စုံစမ်းပြီးမှ ရွေးချယ်သင့်တယ်။ ဆောက်လုပ် မယ့် လုပ်ငန်းရှင်
တွေကလည်း မြေရှင်ရဲ့ ပိုင်ဆိုင်မှုမှန်၊ မမှန်ကို သေချာမစုံစမ်းဘဲ မဆောက်သင့်ဘူး။ အဲဒီလိုမှ
မဟုတ်ရင် မြေရှင် လည်း နစ့်နာသလို ဆောက်လုပ်ရေးလုပ်ငန်းရှင်လည်း နစ်နာနိုင်တယ်"ဟု
မြတ်မင်းဆောက်လုပ်ရေးမှ ဦးအောင်မင်းက ပြောသည်။

ကန်ထရိုက်တိုက်များ ဆောက်လုပ်ရန် မြေပိုင်ရှင်များ၊ အခန်းပိုင်ရှင်များသည် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များနှင့် စာချုပ် ချုပ်ဆိုမည်ဆိုပါက မသေချာသော စာချုပ် များ မချုပ်ဆိုသင့်ကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

"ကန်ထရိုက်တိုက် ဆောက်မယ့် မြေ ပိုင်ရှင်တွေ၊ အခန်းပိုင်ရှင်တွေ ဆောက်လုပ် ရေးလုပ်ငန်း
ရှင်နဲ့ စာချုပ်ချုပ်မယ်ဆိုရင် တည်ဆောက်မယ့် အချိန်အတိအကျကို ထည့်သွင်းချုပ်ဆိုသင့်တယ်။
ကန်ထရိုက် တိုက်ဆောက်ဖို့ မြေစတူးတဲ့နေ့ကစပြီး နှစ်နှစ် အတွင်းပြီးအောင်ဆောက်မယ်ဆိုတဲ့
စာချုပ်မျိုးကို မချုပ်ဆိုသင့်ဘူး"ဟု ကန်ထရိုက်တိုက် ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုထားပြီး
နှစ်နှစ် ကျော်ကြာသည့်အထိ မြေတူးမှုလုပ်ငန်းပင် မစတင်ရသေးသော အဆောက်အအုံတစ်ခုက
အခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင် ကပြောသည်။ စာချုပ်တွင် တိုက်ခန်းစတင်တည်
ဆောက် မည့်အချိန် အတိအကျမထည့်သွင်းဘဲစာချုပ် ချုပ်ဆိုထားပါက မြေတူးရန်အချိန်မည်မျှ
ကြာကြာ စောင့်ဆိုင်းနေရမည့်သဘောဖြစ်နေပြီး မြေပိုင်ရှင်များ၊ အခန်းပိုင်ရှင်များနှင့် ကြိုပွိုင့်
ဝယ်ယူထားသူများအတွက် အလွန်နစ်နာမှုရှိကြောင်း ၎င်းကပြောသည်။

"မြေပိုင်ရှင်၊ အခန်းပိုင်ရှင်တွေက ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ဆိုမယ်ဆိုရင် ဒီစာချုပ်ချုပ်ဆိုတဲ့ နေ့ကစပြီး နောက်တစ်နှစ်အတွင်း မြေစမတူးနိုင်ရင် စာချုပ် ပျက်ပြယ်တယ်
ဆိုတာမျိုးကို ထည့်သွင်း ချုပ်ဆိုသင့်တယ်။ အဲဒီလို အချိန်အတိအကျထည့်သွင်းထားပြီး အဲဒီ
ကာလအထိ ကန်ထရိုက် တာက ဘာမှမလုပ်သေးရင် ကန်ထရိုက်တာ ပြောင်းပြီး နောက်တစ်ဦးနဲ့
တိုက်ဆောက်နိုင် တယ်။ အချိန်အတိအကျ ထည့်သွင်းမထား ရင် မြေမတူးမချင်းဆိုတာက
ဘယ်အချိန်မှန်း မသိတာမျိုးကို စောင့်နေရတာဖြစ်နေလို့ မြေရှင်၊ အခန်းရှင်တွေအပေါ် နစ်နာမှု
ရှိတယ်" ဦးမောင်မောင်က ပြောသည်။

မြေပိုင်ရှင်များသည် ကန်ထရိုက်တိုက်ဆောက်လုပ်မည်ဆိုပါက အဆောက်အအုံဖျက်ပြီးမှ
ဆောက်လုပ်ခွင့်မရဘဲ ကြန့်ကြာမှု မျိုးမဖြစ်စေရန် မြေပုံမြေယာစာရွက်မထုတ် ဘဲ ကန်ထရိုက်
တိုက် ဆောက်ခြင်းမျိုးကို မပြုလုပ်ကြရန်နှင့် အခန်းပိုင်ရှင်များကလည်း ကန်ထရိုက်တာနဲ့ မြေရှင်
အပေးအယူစာချုပ်ချုပ်ဆိုပြီးမှ စာချုပ်ချုပ်ဆိုကြရန် အိမ်ခြံမြေ လုပ်ငန်းကျွမ်းကျင်သူများက
အကြံပြုသည်။

"နှစ်ခြောက်ဆယ်သက်တမ်းရှိနေပြီးသား မြေမှာ ကန်ထရိုက်တိုက် ဆောက်မယ်ဆိုရင် မြေရှင်နဲ့
ကန်ထရိုက်တာနဲ့ သေချာညှိနှိုင်း ပြီး အပေးအယူစာချုပ်ချုပ်ပြီးမှသာ အခန်းပိုင် ရှင်တွေကလည်း
စာချုပ် ချုပ်သင့်တယ်"ဟု ဦးအောင်မင်းကပြောသည်။ တိုက်သစ် ပြန်လည်ဆောက်လုပ်မည်
ဆိုပါက မြေပိုင်ရှင်တစ်ဦးသာ ပိုင်ဆိုင်ပြီး အခန်းရှင်များ နေရာပြန်မရသောစနစ်ကို ဖျက်သိမ်းခဲ့ပြီး
ပြည်ထဲရေးဝန်ကြီးဌာနတွင် အခန်းပိုင်ရှင်များ သဘောမတူပါက တိုက်ခန်းကိုဖျက်ခွင့်မရှိသော
ဥပဒေသစ်လည်းထွက်ပေါ်ခဲ့ပြီးဖြစ်သည့်အတွက် အခန်းရှင် များသည် မြေရှင်နှင့် ကန်ထရိုက်
တာတို့ကြား တွင် ပြဿနာတစ်ခုခုရှိနိုင်ပါက မသေချာသောစာချုပ်မျိုးကို မချုပ်ဆိုသင့်ကြောင်း
၎င်းကပြောသည်။

"အဆောက်အအုံဟောင်းကို ဖျက်ပြီး အသစ်ဆောက်တော့မယ်ဆိုရင် အခန်းပိုင်ရှင် တွေ သဘော
မတူရင်လည်း ဖျက်ခွင့်မရှိ ဘူး။ ဥပဒေသစ်ထွက်လာပြီး နောက်ပိုင်း မှာ ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီရုံးမှာ အခန်းပိုင်ရှင်ကိုယ်တိုင် သဘောတူကြောင်း လက်မှတ်သွားထိုးပေးပြီး
မှ ဖျက်ခွင့်ရှိတာပါ။ မြေ ပိုင်ရှင်က သဘောတူထားရင်တောင် အခန်းပိုင်ရှင်က သဘောမတူ ရင်
တည်ဆောက်ခွင့်မရနိုင်လို့ အခန်းပိုင်ရှင် တွေကလည်း သေချာစိစစ်ရွေးချယ်သင့် တယ်"ဟု
ဦးမောင်မောင်ကပြောသည်။

အဆောက်အအုံ တည်ဆောက်ခွင့်မရ သည့် အခြေအနေမျိုးနှင့်ကြုံတွေ့သည့်အခါမှ မြေပိုင်ရှင်၊
အခန်းပိုင်ရှင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအကြား ပေါ်ပေါက်လာသည့် ပြဿနာကို သက်ဆိုင်ရာဌာနတွင်သွား ရောက်တိုင်ကြားသည်ထက် ပြဿနာမဖြစ် ခင် ကြိုတင်ပြင်ဆင်ကာ
မသေချာသည့် စာချုပ်များကို လက်လွတ်စပယ်မချုပ်ဆို ကြရန် အိမ်ခြံမြေ အကျိုးဆောင်များက
သတိပေးသည်။

Credit: Myanmartimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service