ဟောင်ကောင်တွင် တိုက်ခေါင်မိုးပေါ် နေထိုင်သူများကို ဖယ်ရှားမည်

ဟောင်ကောင်တွင် တိုက်ခေါင်မိုးပေါ် နေထိုင်သူများကို ဖယ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
18 Jul 2014 12:12 pm တွင် တင်ခဲ့သည်
871 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် ပုံမှန် တိုက်ခန်းငှားခ မတတ်နိုင်သူ များသည် တိုက်ခေါင်မိုးများပေါ်တွင် ဆောက်လုပ်ထားသော အခန်းငယ်လေးများကို ငှားရမ်းနေထိုင်ကြရရာ ထိုသို့ နေထိုင်ခြင်းသည် တိုင်ဖွန်း မုန်တိုင်း အန္တရာယ်နှင့် ပူပြင်းသော နွေရာသီအပူချိန် အန္တရာယ်တို့ ရှိသဖြင့် တိုက်ခေါင်မိုးပေါ်က အခန်းငယ်လေးများကို ဟောင်ကောင် အုပ်ချုပ်သူများက ဖယ်ရှားတော့မည် ဖြစ်ကြောင်း သိရသည်။ တိုက်ခေါင်မိုးပေါ်က ဖြစ်သလို ဆောက်ထားသော အခန်းငယ်လေးများသည် မလုံခြုံမှန်းသိသော်လည်း အခြားနေစရာ မရှိသဖြင့် နေကြရခြင်း ဖြစ်ကြောင်းနေထိုင်သူများဘက်ကပြောသည်။ ဟောင်ကောင် တွင် အဆင့်မြင့်မြင့် တိုက်ခန်းတစ်ခန်းလျှင် ဒေါ်လာသန်း (၅၀) နီးပါး ထိ ပေါက်ဈေးရှိ နေသည်။ ပုံမှန် တိုက်ခန်းငှားခ က သိပ်ဈေးကြီးတယ်။ ကျွန်မတို့ ၀င်ငွေနဲ့ ဘယ်လိုမှ အလှမ်းမမီဘူး ဟု အထပ်မြင့် တိုက်တစ်လုံး၏ ခေါင်မိုးပြင်ပေါ်တွင် အခန်းနှစ်ခန်း ပါသော တဲအိမ် သာသာလေးကို ငှားရမ်းနေထိုင်ရ သည့် ဆူရှင်ယန်ဆိုသူက ပြောသည်။ ထိုခေါင်မိုးအိမ်လေးတွင် သူတို့ မိသားစု နေထိုင်လာသည်မှာ နှစ်ပေါင်း (၂၀) ရှိသွားပြီ။

သူတို့မိသားစုက လေးယောက်ရှိသည်။ ၊တို့နေထိုင်ရာ ရှမ်ရှူပို စီးပွားရေး ရပ်ကွက်ရှိ ဆယ်ထပ်တိုက်၏ ခေါင်မိုးပေါ်တွင် အလားတူ အခန်း ငယ်လေးပေါင်း (၁၀) ခုခန့် ရှိပြီး မိသားစု ဆယ်ခုခန့် ပြုံတိုး နေထိုင်ကြရသည်။ ၎င်းတို့နေထိုင်ရာ ခေါင်မိုး ပေါ် အခန်းငယ်လေးများသည် ဖျက်သိမ်းမည့် စာရင်းထဲတွင် ပါဝင်နေသည်။ အစိုးရက ချပေးမည့် အိမ်ခန်းအတွက် စာရင်းပေးထားသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ် သော်လည်း မထူးခြားသေး ဟု ၎င်းက ပြောသည်။

တိုင်ဖွန်း မုန်တိုင်း ကျချိန်ဆို သွပ်မိုးက တဗျန်းဗျန်း ရိုက်နေတယ်။ သုံးထပ်သား အကာက တချပ်ချပ် ရိုက်နေတယ်။ လေထဲ ဘယ်အချိန် လွင့်ပါသွားမလဲ ကြောက်လန့် နေရတယ် ဟု ဆူက ပြောသည်။ လွတ်လပ်မှုလည်း မရှိဘူး။ နှစ်ခန်းအနက် တစ်ခန်းကို မီးဖိုချောင်အဖြစ် သုံးထားရသလို ထိုအခန်းထောင့်မှာပင် အိမ်သာလည်းရှိသလို ရေချိုးရန် ဘုံဘိုင်ခေါင်းလည်း ရှိသည်။ ထိုနေရာမှာပင် ချက်ပြုတ်လျှော်ဖွတ် စားသောက်ရသည်။

ပုံမှန် တိုက်ခန်းတစ်ခန်းကို တစ်ခြား မိသားတစ်စုနဲ့ပေါင်းပြီး နေမယ်ဆိုရင်တောင် စပေါ်၊ ပွဲစားခနဲ့ လခ ပေါင်းလိုက်ရင် ပထမဆုံးလ မှာတင် ဟောင်ကောင်ဒေါ်လာ တစ်သောင်းလောက်ကျတယ်။ ဈေးတော်တော်ကြီးပါတယ်။ တော်ရုံမိသားစုတွေ ဘယ်တတ်နိုင်တော့မလဲ ဟု ဆူက ပြောသည်။ ခေါင်မိုးအိမ် အများစုမှာ ၁၉၅၀ ပြည့်နှစ်များက ဟောင်ကောင်သို့ တရုတ်ပြည်မကြီးမှ ကူးပြောင်းလာသူ အများအပြား ၀င်ရောက်လာချိန်တွင် စတင်ပေါ် ပေါက်လာခြင်း ဖြစ်သည်။ ခေါင်မိုး အိမ်ပေါင်း မည်မျှရှိကြောင်း စာရင်းအတိအကျ မရှိသော်လည်း ပျမ်းမျှ (၁၇၀၀၀၀) ခန့်ရှိမည်ဟု အကြမ်းဖျင်းခန့် မှန်း ထားသည်။

Credit: The Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service