ကန့်ဘလူ တပ်သိမ်းမြေ ပြဿနာအတွက် တောင်သူများစွာ အငြင်းပွားဖွယ် တရားစွဲ၊ ထောင်ချခံနေရပြီး ဥပဒေနှင့်လွဲချော်

ကန့်ဘလူ တပ်သိမ်းမြေ ပြဿနာအတွက် တောင်သူများစွာ အငြင်းပွားဖွယ် တရားစွဲ၊ ထောင်ချခံနေရပြီး ဥပဒေနှင့်လွဲချော် - Property News in Myanmar from iMyanmarHouse.com
17 Jul 2014 4:46 pm တွင် တင်ခဲ့သည်
938 ကြိမ် ကြည့်ရှု့ပြီး
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားနေသော ကြံစီမံကိန်းတပ်သိမ်းမြေယာ အငြင်းပွားမှု ပြဿနာများအတွက် တောင်သူဦးရေ လေးရာဝန်းကျင်အား ဆက်တိုက် တရားစွဲဆိုမှုများ ပြုလုပ်ခြင်းနှင့် ကနဦး တရားစွဲဆိုခဲ့သော ဒေသခံခြောက်ဦးကို ကန့်ဘလူမြို့နယ် တရားရုံးက အငြင်းပွားဖွယ် ထောင်ဒဏ်များ (တစ်နှစ်မှ နှစ်နှစ်အထိ) ချမှတ်ခြင်းတို့ ပြုလုပ်ပြီးနောက် တပ်သိမ်းမြေပြဿနာ အခြေအနေမှာ ပိုမိုဆိုးရွားသည့် အနေအထား တစ်ရပ်သို့ ရောက်ရှိလာခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက စတင်ခဲ့သော တပ်သိမ်းမြေပြဿနာများကို ဖြေရှင်းပုံမှာပြဌာန်း ဥပဒေများနှင့် လွဲချော်နေ ခဲ့ပြီး ညှိနှိုင်းစေ့စပ်မှုများ၏ နောက်ဆုံးရလဒ် ကတိများကို တပ်မတော်တာဝန်ရှိသူများက အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့ကြကြောင်း မြေသိမ်းခံ၊ တရားစွဲခံတောင်သူများက ပြောကြားသည်။

“စသိမ်းတုန်းက ဧက ၁၃ဝဝဝ။ စပြီး ဖြေရှင်းစက အကုန်ပြန်ပေးမယ်ပြောတယ်။ ပြီးတော့ ဧက ၁ဝဝဝ ကျော် ပြန်ပေးပြီဆိုတယ်။ နောက်တစ်ခါ တပ်က ဧက ၅ဝဝဝ လောက် ခုတ်ထွင်ခဲ့ပါတယ်လို့ ပြောပြန်ရော။ အခုကျတော့ ဘာမှပြန်မပေး နိုင်တော့ဘူးတဲ့။ တော်တော်လေးဆိုးပါတယ်” ဟု ပေကြီးကျေ ရွာ ဒေသခံတစ်ဦးက ဆိုသည်။

ကတိဖောက်ဖျက်မှုများကြောင့် ပြဿနာများသည် ယခုနှစ်ပိုင်းတွင် သိသာစွာ တင်းမာလာခဲ့ပြီး တောင်သူများမှာ ထွန်တုံးတိုက်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲခြင်းနှင့် တပ်သီးစားသမား၊ တပ်တာဝန်ရှိသူများက တောင်သူများကို အကြိမ်ကြိမ်တရားစွဲဆိုခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

“တကယ်က အဲဒီအမှုကိုမနှစ် ကတည်းက စွဲခဲ့ပေမယ့် မြို့နယ်ရော၊ ခရိုင်ရုံးကပါအမှုကို လက်မခံခဲ့ဘူး။ အခုလောလောဆယ် ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) နဲ့ တရားစွဲခံရတဲ့ တောင်သူလေးရာကျော်ပြီ ထင်တယ်” ဟု ခအုံးတာကျေးရွာမှ မြေသိမ်းခံတောင်သူ ဦးသန်းထိုက်က ဆိုသည်။

လက်ရှိအချိန်တွင် ကြံစီမံကိန်းမြေဧရိယာများရှိ မူလတောင်သူများ ထွန်ယက်စိုက်ပျိုးနေသော မြေနေရာအချို့၌ တပ်လေ့ကျင့်ရေးနေရာ ပြုလုပ်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ရှိနေကာ မြေပြန်လည်ရရှိရန် ဦးဆောင်ကြိုးပမ်း နေသူများကို တပ်မတော်တာဝန်ရှိသူ အချို့က ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ကို တရားစွဲတဲ့နေရာမှာ လုပ်ဇာတ်တွေ အများကြီးပါတယ်။ ဒါကတရားခွင်မှာလည်း ပေါ်ပေါက်ပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်ရဲ့ အကျင့်ဟောင်းတွေဟာ တရားစီရင်ရေးကို ကလေးကစားစရာလို လုပ်ပစ်ကြတယ်” ဟု ငှက်ပျောတိုင်းကျေးရွာမှ မြေယာအရေး ဆောင်ရွက်သူတစ်ဦးက ပြောကြားသည်။

တရားခွင်စစ်ဆေးမှုများတွင် ကန့်ဘလူမြို့နယ် မြေစာရင်းတာဝန်ရှိသူက တောင်သူများမှာ သီးနှံများကို ဖျက်ဆီးခဲ့ခြင်း မရှိကြောင်းနှင့် စီမံကိန်းလုပ်ဆောင်ခြင်းမရှိသော မြေလွတ်များကိုသာ ဝင်ရောက်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

“ကျွန်တော်တို့ တရားစွဲခံထားရတဲ့ အမှုအတွက် ဇူလိုင် ၁၇ မှာအမိန့်ချမယ်လို့ပြောတယ်။ တရားသဖြင့် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမဲ့ မမျှော်လင့်ပါဘူး” ဟု ထောက်ရှာအိုင်ကျေးရွာ တောင်သူဦးတင်က ဆိုသည်။

ကြံစီမံကိန်း မြေယာပြဿနာများအတွက် အငြင်းပွားဖွယ် ပြစ်ဒဏ်များချမှတ်မှုအပေါ် တောင်သူများက မကျေမနပ်ဖြစ်လျက်ရှိပြီး မတရားမှုများ တိုက်ဖျက်ပေးရန်၊ ဥပဒေစိုးမိုးမှု ရှိစေရန်တို့ကို အစိုးရအား တောင်းဆိုဆန္ဒပြသွားမည် ဖြစ်ကြောင်း သိရသည်။

ကြံစီမံကိန်း မြေယာပြဿနာအပြင် သကြားစက်ရုံမြေနေရာအတွက် လယ်မြေအဓမ္မ သိမ်းယူမှုမှာလည်း ဖြေရှင်းမပြီးသေးကြောင်း ဇီးကုန်းနယ်မှ လယ်သိမ်းခံတောင်သူများက ဆိုသည်။

Credit: Madalay & others

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service