ဝယ်ရောင်းသမားများ၏ ခြေရှုပ်မှုကြောင့် လှိုင်သာယာစက်မှုဇုန်မြေများ တစ်ဧကလျှင် သိန်း ၅,ဝဝဝ ကျော် အထိ ဖြစ်လာ

ဝယ်ရောင်းသမားများ၏ ခြေရှုပ်မှုကြောင့် လှိုင်သာယာစက်မှုဇုန်မြေများ တစ်ဧကလျှင် သိန်း ၅,ဝဝဝ ကျော် အထိ ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
17 Jul 2014 1:32 pm တွင် တင်ခဲ့သည်
620 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်များတွင် လုပ်ငန်းအမှန်တကယ် မလုပ်ကိုင်ဘဲ မြေကွက်များကို ကြိုတင်ဝယ်ယူကာ ပြန်လည်အမြတ်တင်ရောင်းချနေသူများကြောင့် စက်မှုဇုန်မြေဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခဲ့ပြီးနှစ်ပေါင်း ၂ဝ နီးပါး ကြာမြင့်လာခဲ့သော်လည်း ယခုထက်တိုင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသည့် မြေကွက်လွတ် အများအပြား ကျန်ရှိနေသေးခြင်းကို ထိရောက်စွာအရေးယူသင့်ကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံး စက်မှုဇုန်ဖြစ်သည့် လှိုင်သာယာစက်မှုဇုန်ကို ၁၉၉၅ ခုနှစ်၌ စတင် ဖော်ထုတ်ခဲ့ပြီး စတင် ချထားပေးခဲ့စဉ်က တစ်ဧကလျှင် ကျပ် ၄၅ သိန်းနှုန်း(တစ်ဒေါ်လာလျှင် ကျပ် ၁ဝဝ ဝန်း ကျင်)ခန့် ရှိသည့် အချိန်တွင် လုပ်ငန်းရှင်များသို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ချထားပေးခဲ့ခြင်းဖြစ်ပြီး စက်မှုလုပ်ငန်း အမှန်တကယ် လုပ်ကိုင်သူများသာမက ငွေကြေးတတ်နိုင်သူများကပါ နောင်တစ်ချိန်တွင် အမြတ်အစွန်းဖြင့် ပြန်လည် ရောင်းချရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် အများအပြား ဝယ်ယူခဲ့သဖြင့် ယခုကဲ့သို့ စက်မှုဇုန်များတွင် မြေကွက်လွတ်များ ကျန်ရှိနေခြင်းဖြစ်သည်။

”သူတို့ကို စပြီး ရောင်းပေးကတည်းက စာချုပ်ထဲမှာ တစ်နှစ်အတွင်း မဆောက်ရင်၊ လုပ်ငန်းမလုပ်ရင် ပြန်သိမ်းမယ်ဆိုတာ ပါပြီးသားပါ။ ဘာလို့မလုပ်သလဲဆိုတာတော့ မသိပါဘူး။ တချို့မြေကွက်တွေဆိုရင် ဘယ်သူပိုင်ရှင်မှန်း မသိပါဘူး။ အခု တစ်ဧကကို သိန်း ၅,ဝဝဝ လောက် ဖြစ်နေတာတောင် ရောင်းမယ့်လူ မရှိသလောက်ပဲ” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောသည်။

လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ မြေကွက်လွတ်များမှာ တစ်ဧကတစ်ကွက်လျှင် သိန်း ၅,ဝဝဝ နီပါးရှိပြီး ရွှေလင်ပန်းစက်မှုဇုန်တွင် တစ်ဧကလျှင် သိန်း ၃,ဝဝဝ၊ ရွှေပြည်သာသာဓုကန် စက်မှုဇုန်တွင် တစ်ဧကလျှင် သိန်း ၂,၅ဝဝ နီးပါးနှင့် ဝါးတစ်ရာစက်မှုဇုန်၌ တစ်ဧကတစ်ကွက်လျှင်သိန်း ၁,၅ဝဝ ခန့်အထိ ဈေးနှုန်းများ ရှိနေသော်လည်း လုပ်ငန်းကို အမှန်တကယ် လုပ်သူများထက် ဝယ်ရောင်းသမားများ၏ လက်ဝယ်တွင်သာ ယင်းမြေကွက်လွတ်များ ကျန်ရှိနေခြင်းကြောင့် အမှန်တကယ်လုပ်ငန်းလုပ်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် ယင်းတို့တောင်းဆိုသည့် ဈေးနှုန်းများအတိုင်း ပေးချေပြီး မြေကွက်ပြန်လည်ဝယ်ယူလာရသည့်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုမိုကြီးမားကာ အခက်အခဲများဖြစ်စေသည်။

”အခုက စက်မှုဇုန်မြေကို ဝယ်ရောင်းလုပ်တဲ့သူတွေ ဝင်လာတယ်။ အမှန်ဆို အဆောက်အအုံ မဆောက်ဘဲနဲ့ ဂရန်ထုတ်မပေးရဘူးဆိုပေမယ့်ဂရန်တွေ ပေးထားတော့ ဟိုရောင်းဒီရောင်း လုပ်လာတယ်။ တကယ်စက်မှုလုပ်တဲ့သူတွေလည်း မဟုတ်ဘူး။ အိမ်ရောင်း၊ မြေရောင်းနဲ့ ဒီဘက်ကိုပါ လှည့်လာတာဖြစ်တယ်” ဟု၎င်းက ပြောသည်။

”မဆောက်နိုင်ရင် ငွေပြန်အမ်းလိုက်ပေါ့။ နောက်တစ်ဦးကို လွှဲပြီးအဲဒီက ရတဲ့ပိုက်ဆံနဲ့ ပြန်ထေလိုက် လို့ရတယ်။ တချို့ကိစ္စတွေက ပြောလို့ မကောင်းဘူး။ ပါဝင်ပတ်သက်သူတွေ ပိုင်တဲ့အကွက်တွေလည်း ရှိ တယ်။ သူတို့ပဲ ဦးထားပြီး ပြန်ရောင်းစားတဲ့ အနေအထားတွေ အများကြီးပဲ”ဟု လှိုင်သာယာ စက်မှုဇုန်အမှတ် (၁) မှ စက်ရုံပိုင်ရှင်တစ်ဦးကပြောသည်။

Credit: The Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service