စားကျက်မြေ ကျူးကျော်များမှ တရားစွဲဆိုခြင်းကို မျှတစွာ မဖြေရှင်းပေးပါက သက်ဆိုင်ရာသို့ တရားစွဲမည်

စားကျက်မြေ ကျူးကျော်များမှ တရားစွဲဆိုခြင်းကို မျှတစွာ မဖြေရှင်းပေးပါက သက်ဆိုင်ရာသို့ တရားစွဲမည် - Property News in Myanmar from iMyanmarHouse.com
17 Jul 2014 1:18 pm တွင် တင်ခဲ့သည်
1138 ကြိမ် ကြည့်ရှု့ပြီး
တိုက်ကြီးမြို့ စားကျက်မြေတွင် ကျူးကျော်နေထိုင်သူများက ဒိုက်အင်းရွာ တောင်သူများအား တရားစွဲဆိုခဲ့ခြင်းနှင့် ပတ်သက်၍ မျှတစွာ မဖြေရှင်းပေးပါက သက်ဆိုင်ရာ ပုဂ်္ဂိုလ်များကို တရားစွဲဆို သွားမည် ဖြစ်ကြောင်း တောင်သူများ က ပြောသည်။

ပထမအကြိမ် ရုံးချိန်းကို ဇူလိုင်လ (၁၆) ရက်နေ့တွင် ဆင့်ခေါ်ထားကြောင်း သိရသည်။ ရုံးချိန်းမှာ ဥပဒေအရ တရားမျှတစွာ မဆောင်ရွက် ပေးရင် မြို့နယ်အုပ်ချုပ် ရေးမှူးနဲ့ မြေတိုင်းစာရေးတို့ကို တာဝန်ပျက် ကွက်မှုနဲ့ တောင်သူတွေက တရားစွဲသွားမှာပါ ဟု အဆိုပါ အမှု ကိစ္စများကို လိုက်လံ ဆောင်ရွက်ပေးနေသူ တ.စ.ည ပါတီဗဟို ကော်မတီဝင်နှင့် တိုက်ကြီးမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက The Messenger Media သို့ပြောသည်။

ဇူလိုင်လ (၁၃) ရက်နေ့တွင် တောင်သူများအား တရားစွဲဆိုထားသော တရားလိုများ ကတ.စ.ည ပါတီရုံးသို့ သွားရောက်၍ မိမိတို့သည် စားကျက်မြေတွင် ကျူးကျော်ခဲ့ မိကြောင်း၊ နွားများဝင်စား၍ တိုင်ပင်သင့်သည့် သူများအား သွားရောက် တိုင်ပင်ရာတွင် အမှုဖွင့်ခိုင်းခဲ့ကြောင်း၊ သို့သော် ကုန်ကျစရိတ်များ သဖြင့် အမှုပြန်ပိတ်ကာ ယခင်ကကဲ့သို့ အသီးအနှံ ပြန်လည် စိုက်ပျိုးခွင့်ရ လိုကြောင်းနှင့် ဒေသခံ ပြည်သူများနှင့် ပြန်လည်အဆင်ပြေ လိုကြောင်း လာရောက် ပြောကြားခဲ့သည်ဟု ဦးမြင့်သိန်း ကပြောသည်။

အဆိုပါ စားကျက်မြေပေါ်တွင် စိုက်ခင်းများအပြင် အိမ်ငါးလုံး ဆောက်လုပ်ထားကြောင်း စားကျက်မြေမှ ကျူးကျော်များ၏ တရားစွဲဆို ခံထားရသော တောင်သူ ဦးမြင့်ကြိုင်ထွန်းက The Messenger Media သို့ပြောသည်။ အရင် ဆန္ဒပြပွဲတုန်းက တချို့မီဒီယာ တွေကတောင်သူတွေဘက် ကိုတစ်ခြမ်းပဲမေး သွားပြီး ရေးကြတယ်။ ဒီဒေသက လူတွေနဲ့ အဖွဲ့အစည်းတွေကြားထဲမှာ နားလည်မှုလွဲ သွားကြတာပါ။ ကျွန်တော်အနေ နဲ့က ဒေသခံ အချင်းချင်း အရင်လို ပြေလည်ချင်ပါတယ် ဟု ကျူးကျော်မြေမှ ဦးအောင်မြင့်ဦး က The Messenger Media သို့ပြောသည်။

အဆိုပါ အငြင်းပွားမှုများနှင့် ပတ်သတ်၍ စားကျက်မြေကို ယခင်စားကျက်မြေ အတိုင်းသာ ပြန်လည်ထားရှိရမည်ဟု တိုက်ကြီးမြို့နယ် မြေစာ ရင်း ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးသန်းဝင်းက ပြောသည်။ ဒိုက်အင်းရွာ တောင်သူများအား ပုဒ်မ ၄၂၇ (အကျိုးပျက် စီးမှု) ဖြင့် ယခင်လ က ကျူးကျော်များ က တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ ဇူလိုင်လ (၃) ရက်နေ့တွင် တောင်သူများကလည်း လူ (၇၀) ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Credit: The Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service