လှည်းတန်းပြည်မြန်မာကုန်တိုက်ဘေး တိုက်နောက်ဖေးလမ်းကြားရှိ ရေနှင့် မိလ္လာပိုက်များဖြုတ်၍ အခန်းရှင်များအော

လှည်းတန်းပြည်မြန်မာကုန်တိုက်ဘေး တိုက်နောက်ဖေးလမ်းကြားရှိ ရေနှင့် မိလ္လာပိုက်များဖြုတ်၍ အခန်းရှင်များအော - Property News in Myanmar from iMyanmarHouse.com
16 Jul 2014 12:53 pm တွင် တင်ခဲ့သည်
1368 ကြိမ် ကြည့်ရှု့ပြီး
လှည်းတန်းမီးပွိုင့်လမ်း ဆုံရှိ လူနေတိုက်ခန်းတွဲများအ နောက်ဘက်မှ ရေနှင့် မိလ္လာပိုက် များကို ဌာနဆိုင်ရာက ဖြုတ်ကာ နေရာရွှေ့ရန် စီစဉ်သဖြင့်အခန်း ရှင်များက အော်ဟစ်ဆန္ဒပြ ဖော် ထုတ်ခဲ့ကြကြောင်းသတင်းရရှိ သည်။

ကမာရွတ်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ပြည်မြန် မာကုန်တိုက်ဘေးရှိ တိုက်(၁)နှင့် (၂)တွင် လူဦးရေတစ်ထောင်ခန့် နေထိုင်ပြီး ၎င်းတိုက်နောက်ဖေး လမ်းကြားတွင် ဇူလိုင် ၁၅ရက် မွန်းတည့်ချိန်မှစတင်ကာ ရေနှင့် မိလ္လာပိုက်များကို စီးပွားကူးသန်း ၀န်ကြီးဌာန၊ YCDC(ရေသန့်ဌာန) ရဲတပ်ဖွဲ့တို့က ဖြုတ်နေခြင်းဖြစ် သည်။

တိုက်ခန်းနေပြည်သူများက မြေနေရာပိုင်ဆိုင်မှုအငြင်းပွားနေ ဆဲဖြစ်ပြီးတရားရင်ဆိုင်နေသဖြင့် မတရားမလုပ်ရန် လက်ကိုင်မိုက် ကရိုဖုန်းကို အသုံးပြုကာ အော် ဟစ်အသိပေးသကဲ့သို့ တရား နည်းလမ်းမကျစွာဆောင်ရွက်နေ ကြသည်ဟု အော်ဟစ်ဆန္ဒပြခဲ့ကြ သည်။

‘‘ကျွန်တော်တို့က ဆဲဆိုတာ မပါဘူး။ ခဲနဲ့လည်းမပေါက်ဘူး။ ဘာနဲ့မှလည်း မပစ်ဘူး။မတရား မလုပ်ဖို့နဲ့ တရားစွဲထားတာမို့ ခဏရပ်ထားပေးဖို့အော်ဟစ်ခဲ့ကြ တာပါ’’ဟုအဆိုပါတိုက်ခန်းနေ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါဖြစ်ရပ်သည် မိနစ် ၃၀ခန့်ကြာပြီးနောက် ဌာနဆိုင်ရာ များနှင့် တိုက်ခန်းနေပြည်သူအိမ် ထောင်စု ၁၅၀မှ ကိုယ်စားပြုသူ များညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ သော်လည်း ထိုသို့ညှိနှိုင်းနေစဉ် ရေပိုက်ကိုဖြတ်တောက်ကာလမ်း ကြောင်းပြောင်းလဲ တပ်ဆင်နေ သေးသည်ဟုဆိုသည်။

‘‘ကျွန်တော်တို့က ဥပဒေ ဘောင်အတွင်းမှာပဲ လုံလုံခြုံခြုံ နေချင်တာ။ အခုလိုဆိုတော့ မလုံ ခြုံတော့ဘူး။ တရားစွဲထားတဲ့အမှု တွေမပြီးသေးခင်မှာ အများပြည် သူက ရပ်ထားစေချင်တယ်။ အဲ ဒီလိုတွေလုပ်နေရင် မကျေနပ် တော့လို့ လမ်းပေါ်ထွက်လာရင် ကျွန်တော်တို့လည်းမတတ်နိုင် တော့ဘူး’’ဟုဦးဆောင်ညှိနှိုင်းခဲ့ သည့်အမျိုးသားတစ်ဦးကပြော သည်။

အဆိုပါနေရာမှာ နိုင်ငံတော် မှလေလံတင်ထား၍ အောင်မြင် သူအတွက် လုပ်ဆောင်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ခိုင်းသဖြင့်လာရောက်လုပ် ကိုင်ရကြောင်း စီးပွားကူးသန်းဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကျွန်တော်က ရဲလူမဟုတ် ဘူး။ အစိုးရလူမဟုတ်ဘူး။ဝန်ကြီး ခိုင်းလို့လာတာ။ ရေပိုက်နဲ့ ရေ စက်အသစ်တပ်ဖို့ သဘောမတူ တာ သုံးလေးဦးပဲရှိတယ်ဆိုလို့ လာညှိပေးတာ’’ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးမြငွေက ပြောသည်။

ယင်းကိစ္စမှာ လွှတ်တော် ကိုယ်စားလှယ်ပြောသကဲ့သို့ ရိုး ရှင်းမှုမရှိဘဲ ရေပိုက်များ ရွှေ့ ပြောင်းပြီးပါက ယင်းနေရာရှိ အ ခြားအဆောက်အအုံများကိုပါ ဘူ ဒိုဇာဖြင့်ထိုးဖျက်ရန်ကန်ထရိုက် တိုက်ဆောက်ရန်စီစဉ်ခြင်းဖြစ် ကြောင်း တိုက်ခန်းနေအမျိုးသား တစ်ဦးကပြောသည်။

‘‘ရေကန်ပျက်စီးနေလို့တိုက် နေပြည်သူတွေကို ပြုပြင်ခွင့်ပေး ပါ။ တိုက်နေပြည်သူတွေကိုယ့် ပိုက်ဆံနဲ့ကိုယ်ပြင်ပါ့မယ်။ ကျွန် တော်တို့ကိစ္စကို သူတို့ပြင်ပေးစ ရာမလိုပါဘူး။ အမှန်က ရေပိုက် နဲ့ ရေစက်တွေကို ဘူဒိုဇာနဲ့ထိုး ဖျက်ပြီးချောင်ထဲပို့မှာ။ ရွှေ့ပြီးရင် အဆောက်အအုံဆောက်တော့ မှာ။ ပြည်သူတစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက်အခုလိုလုပ် နေတာလက်မခံဘူး’’ဟုတိုက်ခန်း နေအမျိုးသားကြီးတစ်ဦးကပြော သည်။

တိုက်ခန်းနေပြည်သူများက ဇူလိုင် ၁၄ရက်တွင် စည်ပင်ရေ သန့်ဌာနအပေါ်တွင် တားမြစ်စေ၊ စာချွန်တော်ကို နေပြည်တော် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထား၍ သြဂုတ် ၁ ရက်တွင် ကြားနာစစ်ဆေးရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။

အဆိုပါတိုက်(၁)နှင့်(၂) တွင် တိုက်ခန်းပေါင်း ၉၆ခန်းရှိပြီး အိမ်ထောင်စု ၁၅၀၊ လူဦးရေတစ် ထောင်ခန့်နေထိုင်ကြသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service