အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲ ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်မည်

အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲ ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
14 Jul 2014 1:56 pm တွင် တင်ခဲ့သည်
557 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ် ဒါရိုက်တာဦးဝင်းဇော်က ပြောကြားသည်။

လက်ရှိ၌ ရန်ကုန်တွင် ပင်မ ဘဏ်နှင့် ဘဏ်ခွဲတစ်ခု၊ နေပြည် တော်-မန္တလေးတို့တွင် ဘဏ်ခွဲ တစ်ခုစီ ဖွင့်လှစ်ထားပြီဖြစ်ပြီး ဆက်လက်၍ အိမ်ရာစီမံကိန်းများ၊ဖွံ့ဖြိုးရေးလုပ်ငန်းများ အနာဂတ် တွင် ရှိလာနိုင်သည့် နေရာများ တွင် ခန့်မှန်းပြီး တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ်ထားကြောင်း ဦးဝင်းဇော်က ဆိုသည်။

လက်ရှိဖွင့်လှစ်ထားသည့် ဘဏ်ခွဲများတွင် ငွေသွင်းငွေထုတ် လုပ်ငန်းများအပြင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူများ၊ အိမ်ရာတည်ဆောက်လိုသူများကို စတင် အပေါင်ခံ ချေးငှားပေးနေပြီဖြစ်ကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။

ယင်းဘဏ်က အိမ်ရာတည် ဆောက်သူနှင့် စီးပွားရေးလုပ်ငန်း လုပ်လိုသူများအား စတင်ချေးပေး နေပြီး အိမ်ဝယ်လိုသူများကိုမူ အ တိုးနှုန်း လစဉ်ငွေပြန်လည်ပေး ဆပ်ရမည့် နှုန်းထား၊ ချေးယူလို သူအတွက် တာဝန်ခံယူမှုများအ ပေါ် ဆွေးနွေးလျက်ရှိပြီး မကြာမီ ချေးပေးသွားမည်ဟု ၎င်းကဆို သည်။

ထို့အပြင် ဆက်လက်တိုးချဲ့ မည့် ဘဏ်ခွဲများကို နယ်စပ်ဒေသ ရှိ ဆောက်လုပ်ရေးကုန်ကြမ်းသုံး ပစ္စည်းများ တင်သွင်းသည့် မြို့ များ အပါအဝင် အထူးစီးပွားရေး ဇုန်များ ပြုလုပ်မည့်နေရာများ တွင်ဖွင့်လှစ်ရန် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနက ရည်ရွယ်ထား သည်။

အမှန်တကယ် ငွေချေးနိုင် မည့် အစီအစဉ်ဖြစ်ပါက ငွေကြေး အရင်းအနှီးရှိပြီးသား ထိပ်သီး လုပ်ငန်းရှင်ကြီးများကို ဦးစားပေး ချေးပေးခြင်း မဖြစ်သင့်ဘဲ အမှန် တကယ် ငွေလိုအပ်နေပြီး လုပ် ငန်းအမှန်တကယ် ဆောင်ရွက် နေသည့် လုပ်ငန်းရှင်အသေးစား လေးများကို ဦးစားပေး၍ အတိုး နှုန်း သက်သက်သာသာဖြင့် ချေး ငှားပေးသင့်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက ဆိုသည်။

လက်ရှိတွင် အဆိုပါဘဏ် ကို ဆောက်လုပ်ရေးလုပ်ငန်းရပ် ဝန်းကြီး တစ်ခုလုံးက များစွာစိတ် ဝင်စားနေကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service