တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦ

တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦ - Property News in Myanmar from iMyanmarHouse.com
14 Jul 2014 1:44 pm တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး
တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ် ၆/၄၃၃၊ ဦး..... ပိုင်နေအိမ်နှင့် သုံးခန်းတွဲအိမ်တန်းလျား၏ ဘေးနံရံအမြင့်ပေ ၂၀ ခန့်ရှိ ကျောက်ရိုးစီဖို့ မြေပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးပြိုကျခဲ့သည်။

အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်တန်းလျားတွင် နေထိုင်ကြသော နေအိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း (၃၈)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ယဉ်နု (၃၇)နှစ်၊ လသားအရွယ် ကလေးတစ်ဦး၊ အိမ်ငှားနေထိုင်သူ ဦးခင်မောင်သောင်း (၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းဆန်း (၂၅)နှစ်နှင့် သားဖြစ်သူမှုံကြီး(၈)နှစ်၊ သမီးဖြစ်သူ မပေါက်တူး(၅)နှစ်တို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မြေပြိုကျမှုကြောင့် အိမ်ထောင်စုလေးစုမှာ နှစ်စုသေတယ်။ မိုးကများသွားလို့ မြေပြိုသွားတာပါ။ လူလေးယောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်” ဟု ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီးဖြစ်သူတစ်ဦးက ပြောသည်။

မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး သေဆုံးခဲသူများအား သင်္ဂြိုဟ်နိုင်ရေး၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအား ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: Madalay & others

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service