နိုင်ငံခြားသားများ နေထိုင်ခွင့်တိုးမြှင့်လိုက်ပါက အိမ်ခြံမြေအငှားဈေးကွက် ပိုကောင်းနိုင်

နိုင်ငံခြားသားများ နေထိုင်ခွင့်တိုးမြှင့်လိုက်ပါက အိမ်ခြံမြေအငှားဈေးကွက် ပိုကောင်းနိုင် - Property News in Myanmar from iMyanmarHouse.com
14 Jul 2014 1:16 pm တွင် တင်ခဲ့သည်
1209 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် နိုင်ငံ ခြားသားနေထိုင်ခွင့်ကာလကို ပိုမို တိုးမြှင့်ပေးလိုက်ပါက အိမ်ခြံမြေ အငှားဈေးကွက် ပိုကောင်းလာ နိုင်ကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များက သုံးသပ်ပြောကြား သည်။

လက်ရှိတွင် ပြည်ပနိုင်ငံ သားများ မြန်မာနိုင်ငံတွင် ကာလ ရှည် နေထိုင်ခွင့်ရရေးအတွက် ယခင်သတ်မှတ်ထားသည့် ကာလထက် ငါးနှစ်အထိ တိုးမြှင့်ပေး သွားရန် စီစဉ်နေကြောင်း ယနေ့ ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ယင်းအစီအစဉ် အမှန်တကယ်ဖြစ်ပေါ်လာပါက ကွန်ဒိုနှင့် စိတ်ငြိမ်ရပ်ကွက်များ၏ ငှားရမ်းမှုနှုန်းများစွာ မြင့်တက် သွားနိုင်ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင်ကပြောသည်။

‘‘တကယ် နေထိုင်ခွင့်ပေး မယ်ဆိုရင်တော့ အငှားတွေ အ ရမ်းတိုးတက်လာနိုင်တယ်’’ ဟု ဦးစိုင်းခွန်နောင်ကဆိုသည်။

လက်ရှိတွင် ရန်ကုန်၌ နိုင်ငံ ခြားသားအများစုမှာ လုံခြုံရေး အကောင်းဆုံးနှင့် ၀န်ဆောင်မှု ပြည့်ဝသည့် တန်ဖိုးကြီး ကွန်ဒို များတွင် အဓိကရွေးချယ်ငှားရမ်း နေထိုင်နေကြသည်ဟု မြမြင့်မိုရ် အိမ်ခြံမြေ လုပ်ငန်းရှင်က ဆို သည်။ ရန်ကုန်ရှိ နာမည်ကြီးကွန်ဒို များဖြစ်သည့် ယောမင်းကြီးကွန်ဒို၊ ရွှေဟင်္သာဟကွန်ဒိုများတွင် ဂျပန်၊ တရုတ်၊ စင်ကာပူအစရှိသော လူမျိုးများအများဆုံး ငှားရမ်းနေထိုင်ကြပြီး ငှားရမ်းနှုန်းထားများအဖြစ် အနည်းဆုံး ဒေါ်လာ ၁၅၀၀ မှ အများဆုံး ၄၅၀၀ အထိ ဈေးပေးပြီး ငှားရမ်းနေထိုင်ကြကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် များကဆိုသည်။

လက်ရှိ ပြည်တွင်းအိမ်ခြံ မြေဈေးကွက်တွင် ၀ါတွင်းကာလ ဖြစ်နေသည့်အပြင် ပြီးခဲ့သည့် ၂၀၁၃ အောက်တိုဘာလက စတင်သတ်မှတ်လိုက်သည့် စံ သတ်မှတ်နှုန်းထားများမှာ လိုက် လျောညီထွေမရှိတော့သဖြင့် ဌာနက ပြန်လည်ပြင်ဆင်သတ်မှတ် မည်ဆိုခြင်းကြောင့် အရောင်းအ ၀ယ်ရော၊ အငှားဈေးကွက်ပါ အေးစက်နေကြောင်း အိမ်ခြံမြေ ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ထို့အပြင်ဝင်ငွေရလမ်း မ ဖော်ပြနိုင်သည့် ငွေမည်းများဖြင့် ပေးဆောင်ရမည့် အခွန်နှုန်းထား များကို ပြည်ထောင်စုလွှတ်တော် က ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်း လိုက်သဖြင့် အမှန်တကယ်နေ ထိုင်သူများထက်ဈေးကစားလိုသူ များ ဈေးကွက်တွင် နည်းပါးသွား ကြောင်း သိရသည်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service