အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၌ မြေပိုင်ဆိုင်မှုနှင့် ကန့်သတ်နယ်မြေသတ် မှတ်ချက်ကို အလေးအနက်ထားသင့်

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၌ မြေပိုင်ဆိုင်မှုနှင့် ကန့်သတ်နယ်မြေသတ် မှတ်ချက်ကို အလေးအနက်ထားသင့် - Property News in Myanmar from iMyanmarHouse.com
13 Jul 2014 3:41 pm တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုမိုများပြားလာသည်နှင့်အမျှ ရန်ကုန် မြို့၏
အဆောက်အအုံနှင့် ဟိုတယ်စီမံကိန်း များတွင်လည်း ထင်သာမြင်သာသည့် ပြည်ပ ကုမ္ပဏီများ၏
ဝင်ရောက်လုပ်ကိုင်လာမှုများ တနေ့တခြား ရုပ်လုံးပေါ်လာပြီဖြစ်သည်။

ထိုသို့ နိုင်ငံတွင်းအလုံးအရင်းဖြင့် ၀င် ရောက်လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အနက် အိမ်ခြံမြေ
ကဏ္ဍသို့ ၀င်ရောက်ရင်းနှီး မြုပ်နှံမှုနှုန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး လုပ်ငန်းကဏ္ဍ ၁၀ ခုတွင် နံပါတ်
(၇) တွင် ရှိနေပြီး ပြည်ပကုမ္ပဏီ ၁၁ ခုခန့် ရင်းနှီး မြှုပ်နှံခဲ့ပြီးဖြစ်ကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ
အမေရိကန်ဒေါ်လာ ၇၁၅ ဒသမ ၅၇၃ သန်းခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု၌ အဆင့်မြင့်အိမ်ရာတည်ဆောက်မှု များအတွက်
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မှာ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြေ၀ယ်ယူပိုင်ခွင့် မရှိခြင်း
ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ သို့မဟုတ် အစိုးရ နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့
ကြသည်။

ထို့ပြင် အစိုးရ၀န်ကြီးဌာနများထံမှ လုပ်ငန်းရှင်များကလည်း တည်ဆောက်၊ လည်ပတ်၊ ရွှေ့ပြောင်း
သည့် Build Operate Transfer- (BOT) စနစ်ဖြင့် မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာ
ခဲ့ကြသည်။

လက်ရှိတွင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာတစ်ခုဖြစ်သော ဒဂုံမြို့နယ် ဦးထောင်ဘို
အ၀ိုင်းအနီး ဦးထောင်ဘိုလမ်းနှင့် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်လမ်းထောင့် ရှိ စစ်တပ်ပိုင်မြေနေရာဖြစ်
သော အကျယ် အ၀န်း ၂၂ ဧက ပေါ်တွင် BOT စနစ်ဖြင့် နှစ် ၇၀ မြေငှားစာချုပ်ချုပ်ဆိုကာ မြေငှား
ရမ်း ၍ အဆင့်မြင့် အိမ်ရာဆောက်လုပ်မည့် Dagon City 1 စီမံကိန်းကို အကောင်အထည် ဖော်
တော့မည်ဖြစ်ကြောင်း စီမံကိန်းကို တာဝန်ယူ တည်ဆောက်မည့် Global Syndicate Marga
Group က ဇွန်လ ၂၃ ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

Global Syndicate Marga Group သည် ဟောင်ကောင်၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံ တို့က
ကျွမ်းကျင်သူများ ပူးပေါင်းတည်ထောင် ထားခြင်းဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ၇၀
ရာခိုင်နှုန်းပိုင်ဆိုင်ထားကာ ပြည်တွင်းလုပ်ငန်းဖြစ်သော သုခရတနာ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း
ကာ ယခင်က တပ်မတော်ဝန်ထမ်းအိမ်ရာ ဖြစ်ခဲ့ဖူးသည့် အဆိုပါမြေနေရာပေါ်တွင် ထိုစီမံကိန်းကို
တည်ဆောက်သွားမည်ဖြစ်ကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။

Dagon City 1
အိမ်ရာစီမံကိန်းပုံစံကို ဟောင်ကောင်ရှိ International Commercial Center နှင့် တိုကျိုရှိ
သစစသညါငံငျူ အစရှိ သည့် စီးပွားရေးနှင့် လူနေအဆောက်အအုံ များ ပူးတွဲအသုံးချနိုင်သည့်
ဒေသတိုးတက်ရေးစီမံကိန်း (Mixeduse development) ပုံစံ ကို မှီငြမ်းရေးဆွဲတည်ဆောက်သွား
မည် ဖြစ်ပြီး စတုရန်းပေ ၆၀၀ ကျော်မှ ၂,၀၀၀ ကျော် ရှိ အဆောက်အအုံ ဒီဇိုင်းပုံစံမျိုးစုံရှိ ရှစ်ထပ်
တိုက် လူနေအဆောက်အအုံများ၊ အနားယူ အပန်းဖြေနိုင်မည့် အဆောက်အအုံများ၊ ရုံးခန်းများနှင့်
ကြယ်ငါးပွင့်အဆင့်ဟိုတယ် များ ပါဝင်ကြောင်း မြေွါေမသကစ က သတင်း ထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ရဲ့ နိုင်ငံတကာအတွေ့ အကြုံအရ ရန်ကုန်မြို့တော်ဟာ အာရှတိုက် ရဲ့ ထိပ်တန်းမြို့
တစ်မြို့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု မြေွါေမသကစ ၏ အကြီးတန်းအမှုဆောင်
ဒါရိုက်တာ မြ. နိါမေုတညေ ကပြောသည်။

ရန်ကုန်မြို့တွင် ယခုကဲ့သို့ နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်အိမ်ရာတည်ဆောက်မှု များကို
လူအများစိတ်ပါဝင်စားမှုရှိလာခြင်း နှင့်အတူ အဆိုပါအိမ်ရာများတွင် ခိုင်မာသည့်ပိုင်ဆိုင်မှု ရှိ
မရှိနှင့်ပတ်သက်၍လည်း စိတ်ဝင်စားမှုများ ပိုလာခဲ့ကြသည်။

BOT စနစ်အရ အစိုးရ၀န်ကြီးဌာနများ ထံမှ လုပ်ငန်းငှားရမ်းလုပ်ဆောင်မှုတွင် ကနဦးငှားရမ်းခွင့်
သက်တမ်း နှစ် ၅၀ ရရှိပြီး သက်တမ်းကုန်ဆုံးပါက ထပ်မံ၍ ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ
ကာ စုစုပေါင်း နှစ် ၇၀ သက်တမ်းငှားရမ်းလုပ်ကိုင်ရမည်ဖြစ် ပြီး အဆိုပါသက်တမ်းကုန်ဆုံးပါက
လုပ်ငန်း ကို သက်ဆိုင်ရာ ၀န်ကြီးဌာနထံ လွှဲပြောင်း ရမည်ဖြစ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနက
ဆက်လက်ငှားရမ်းခွင့်ပြုပါက ဆက်လက်ငှားရမ်းနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ
ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်
ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါစနစ်ဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းငှားရမ်း လုပ်ကိုင်ခြင်းတွင်
နှစ် ၇၀ သက်တမ်းအတွင်း ငှားရမ်းလုပ်ကိုင်သူမှာ လုပ်ငန်းကို စီမံခန့်ခွဲ ပိုင်ခွင့်ရှိပြီး သက်တမ်း
ကုန်ဆုံးပါက သက် ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးအပ်ရမည် ဖြစ်ကာ နောက်ပိုင်းတွင် ထိုဝန်ကြီး
ဌာနက သာလျှင် စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် BOT စနစ်ဖြင့် မြေငှားကာ အိမ်ရာစီမံကိန်း လုပ်ကိုင်ခြင်းတွင် နှစ်ရှည်ငှားရမ်းခြင်း
သာဖြစ်သည့်အတွက် အဆိုပါမြေနေရာတွင်နေထိုင်သူမှာ ပိုင်ဆိုင်မှုမရရှိနိုင်ကြောင်း ဦးအောင်နိုင်ဦး
ကပြောသည်။

"BOT စနစ်နဲ့ ငှားရမ်းလုပ်ကိုင်တယ် ဆိုရင်တော့ လုပ်ငန်းနှစ်ရှည်ငှားရမ်းတဲ့ သဘောသာဖြစ်တဲ့
အတွက် ပိုင်ဆိုင်မှုရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် BOT စနစ်နဲ့ ဆောက်ထားတဲ့မြေပေါ်မှာ နေထိုင်
သူတွေ ဟာလည်း ပိုင်ဆိုင်ခွင့်ရရှိဖို့ကို မျှော်လင့်လို့ မရပါဘူး။ နှစ်ရှည်ငှားရမ်းတဲ့သဘောပဲ ဖြစ်ပြီး
သက်တမ်းကုန်ဆုံးလို့ သက်တမ်း ထပ်တိုးပေးတာကတော့ အငှားချထားတဲ့ သက်ဆိုင်ရာဝန်ကြီး
ဌာနရဲ့ သဘောထားနဲ့ပဲ ဆိုင်ပါတယ်။ သက်တမ်းကုန်ဆုံးသွားရင် တော့ အဲဒီလုပ်ငန်းတစ်ခုလုံးက
ဝန်ကြီးဌာန ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိရမှာပါ"ဟု ဦးအောင်နိုင်ဦးက မြန်မာတိုင်းမ်ကို ပြောသည်။

သို့သော် Marga Group က မြန်မာနိုင်ငံ တွင် ပွင့်လင်းမြင်သာမှုများရှိလာ သည့် အပြင်ရေးဆွဲ
လျက်ရှိသည့် ဥပဒေသစ် များမှာလည်း အကောင်အထည်ဖော်လာ သည့်အခါတွင် အခွင့်အရေး
များစွာ ရှိလာ နိုင်ကြောင်းကုမ္ပဏီ၏ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"Marga ကုမ္ပဏီက မြန်မာနိုင်ငံမှာ နိုင်ငံ တစ်ကာအဆင့်မီ စီမံခန့်ခွဲမှုတွေနဲ့ အိမ်ရာ တွေဖန်တီး
သွားဖို့ ရည်ရွယ်ခဲ့တာပါ။ ပြည်တွင်းနေထိုင်သူတွေသာမကဘဲ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေနဲ့ နိုင်ငံ
ခြားသားတွေ အတွက်ပါ ရည်ရွယ်ပါတယ်။ ဒါကြောင့် လည်း ရင်းနှီးမြှုပ်နှံမှုတွေများပြီး နိုင်ငံခြား
ဝင်ငွေတိုးလာနိုင်မှာပါ။ မြေနေရာ ပိုင်ဆိုင် မှုအတွက်ကတော့ စိုးရိမ်ရမယ့် အနေ အထားမဟုတ်
ပါဘူး။ ဒီမှာကလည်း ပွင့်လင်း မြင်သာမှုတွေ ရှိလာနေပါပြီ။ ဟောင်ကောင် မှာဆိုလည်း တစ်မြို့
လုံးနီးပါးက BOT စနစ်နဲ့ လည်ပတ်နေကြတာပါ။ အားလုံး အဆင်ပြေကြပါတယ်။ မြန်မာနိုင်ငံမှာ
လည်း အနာဂတ်မှာပွင့်လင်းမြင်သာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ့ ဖြစ်လာ မှာပါ"ဟု
ကုမ္ပဏီ၏ အကြီးတန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

Dagon City 1 စီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀
ခန့်ရှိပြီး အနည်းဆုံး ငါးနှစ်နှင့် အများဆုံး ခြောက်နှစ်တာ ကာလ အတွင်း ပြီးစီးအောင် အကောင်
အထည် ဖော်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါစီမံကိန်း တည်ရှိရာမြေနေရာ သည် ရန်ကုန်မြို့
တော်စည်ပင်သာယာရေး ကော်မတီမှ မူကြမ်းရေးဆွဲထားသည့် မြို့မြေအသုံးချမှုဇုန်၏ ရွှေတိဂုံ
ဘုရား ပတ်ဝန်းကျင် အဆောက်အအုံအမြင့် ကန့်သတ်နယ်မြေ ဖြစ်သည့် ကန့်သတ်ဇုန် (၁) နှင့်
စိမ်းလန်း မြေနှင့် ရေပြင်များဇုန်အတွင်းတွင် ပါဝင် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ လက်ထောက်ဌာနမှူး ဦးတိုးအောင်ကပြော
သည်။

"လောလောဆယ်တော့ ကုမ္ပဏီက ကျွန်တော်တို့စည်ပင်မှာ အဆိုပြုချက်မတင် ရသေးပါဘူး။
အဲဒီမြေနေရာကတော့ ရွှေတိဂုံဘုရားပတ်ဝန်းကျင် ကန့်သတ်နယ်မြေထဲမှာ ရှိနေပါတယ်။ ဒီနေရာ
ကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၀ အမြင့်အထိပဲ ဆောက်ခွင့်ပေးပါတယ်။ နောက်ပြီး
တိရစ္ဆာန်ဥယျာဉ်နဲ့နီးတဲ့အတွက် စိမ်းလန်းမြေဇုန်ထဲမှာလည်း တစ်စိတ်တစ်ပိုင်း ပါနေပါတယ်။
ဒါကြောင့် အထပ်မြင့် အဆောက်အအုံဆောက်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ဆီကို အဆိုပြုချက်
တင်ပြ လာတဲ့အခါ သတ်မှတ်ထားတဲ့ အထပ်ထက်မြင့်နေရင်တော့ ခွင့်ပြုမှာမဟုတ်ပါဘူး" ဟု
၎င်းကပြောသည်။

Dagon City 1 စီမံကိန်းအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာ၏ စည်းမျဉ်း စည်းကမ်းများနှင့်
အညီ တည်ဆောက်သွား မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီမြှုပ်နှံမှုကော်မရှင်၏
ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ် ကြောင်း ပူးတွဲလုပ်ဆောင်ကြမည့် နှစ်ဖက်လုပ်ငန်းမှ တာဝန်ရှိ
သူများက တရားဝင် ကြေညာခဲ့သည်။

Credit : Property Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service