လယ်ယာမြေ ပြသနာ များ ဖြေရှင်းပေးရန် လက်တွေ့လုပ်ဆောင်ရေး၌ ခက်ခဲမှုများ ရှိနေ

လယ်ယာမြေ ပြသနာ များ ဖြေရှင်းပေးရန် လက်တွေ့လုပ်ဆောင်ရေး၌ ခက်ခဲမှုများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
10 Jul 2014 4:17 pm တွင် တင်ခဲ့သည်
637 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံပိုင်စီမံကိန်းများအတွက်အာဏာပိုင်အဖွဲ့အစည်းများ သိမ်းယူခဲ့သည့် လယ်ယာမြေများ၊ ကုမ္ပဏီ အသိမ်းခံမြေများအတွက် နစ်နာခဲ့ရသည့် လယ်သမားများကို လျော်ကြေးအပြင် အစားထိုး လယ်ယာမြေများပါ ပြန်လည် ပေးအပ်နိုင်မှသာလျှင်လယ်ယာမြေပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း လက်တွေ့လုပ် ကိုင်ရန် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ခေတ်အဆက်ဆက်၌ နိုင်ငံတော်၏ မြို့ပြစီမံကိန်းသစ်များ၊ စက်မှုဇုန်များ၊ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အသုံးပြုနိုင်ရန် လယ်ယာမြေများကိုသိမ်းယူခဲ့သည့်အပြင် အများစုမှာလျော်ကြေးမပေးဘဲ အမိန့်အာဏာ အသုံးပြုကာ သိမ်းယူခဲ့သည့် ဖြစ်စဉ်များကြောင့် ယခု ပွင့်လင်းလာသည့်အစိုးရသစ်လက်ထက်တွင် လယ်ယာ မြေ ပြန်လည် ရရှိလာစေရန်လယ်သမားများက တောင်းဆိုလာခဲ့သဖြင့် လယ်ယာမြေ ပြဿနာများဖြစ်ပွားပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကိုပါ အဟန့်အတား ဖြစ်စေခဲ့သည်။

”အခုဖြစ်နေတာက လယ်သမားကို လျော်ကြေးပေးလိုက်တာနဲ့တင်မပြီးဘူး။ သူတို့အတွက်လည်း အလုပ်လုပ်စရာ အစားထိုး လယ်မြေ ပြန်ပေးနိုင်ရမယ်။ ဒါမှ သူတို့ဘဝ ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်ပေမယ့် အဲဒီလိုလုပ်ပေးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက မရှိသလောက် ရှားတော့လယ်ယာမြေပြဿနာကို ဖြေရှင်းဖို့ဆိုတာ သိပ်မလွယ်ဘူး”ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ မူလပိုင်ရှင်လယ်သမားများက ပြန်လည် တောင်းခံ အရေးဆိုလာခြင်း၊ စီမံကိန်းလုပ်ငန်းများ ယခုထက်တိုင်မလုပ်ကိုင်သေးသည့် ယခင် ၎င်းတို့ လုပ်ကိုင်ခဲ့သော မြေကွက်လွတ်များကို ခြံခတ်ကာ ပိုင်ဆိုင်ကြောင်းဆိုင်းဘုတ်များ စိုက်ထူလာခြင်းတို့ လုပ်ဆောင်လာကြသည့်အပြင် အချို့နေရာများ၌ ထွန်တုံးတိုက်ပွဲများဆင်နွှဲခြင်းအထိပါ လုပ်ဆောင်လာခြင်း ကြောင့် လယ်ယာမြေပြဿနာများကို ဖြေရှင်းရန် ပိုမို ခက်ခဲလာသကဲ့သို့ ငွေကြေးချမ်းသာသူများက အိမ်ခြံ မြေများသာမက လယ်မြေများကိုပါ ဈေးနှုန်း တိုးမြှင့်ဝယ်ယူလာသည့်အတွက် ယင်းမြေကို လက်ရှိ ပိုင်ဆိုင် ထားသူများနှင့် မူလပိုင်ရှင်လယ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲလာ ခဲ့သည်။

”နိုင်ငံတော်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ သိမ်းတုန်းက လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ သိမ်းခဲ့တာတွေ ရှိတယ်။ အခုကျတော့ အရင်လယ်ပိုင်ရှင်တွေက ပြန်ပြီး အရေးဆိုလာကြတဲ့အခါမြေယာပိုင်ဆိုင်မှု ပြဿနာတွေကို ဖြေရှင်းရခက်လာတယ်” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ပြောသည်။

လယ်ယာမြေများကို စတင်သိမ်းဆည်းသည့် အချိန်ကပင် စနစ်တကျ သိမ်းယူခဲ့ခြင်း မဟုတ်သည့် အပြင် ကုမ္ပဏီအချို့အနေဖြင့် သိမ်းယူခဲ့သည့် လယ်ယာမြေများ၌ စီမံကိန်းများ လုပ်ဆောင်ခြင်းမရှိဘဲ မူလ ပိုင်ရှင်လယ်သမားများအပေါ် အငှားချစနစ်ဖြင့် တစ်ဆင့်ခံ လုပ်ကိုင်စေခြင်းများ ရှိခဲ့သည့်အတွက်လည်း ယခု ပွင့်လင်းမြင်သာသည့် အစိုးရသစ် လက်ထက်တွင် မူလပိုင်ရှင်လယ်သမားများက ၎င်းတို့၏ လယ်မြေများကို ပြန်လည် အရေးဆိုတောင်းခံလာနေကြသည့်အတွက်လယ်သိမ်းကုမ္ပဏီနှင့် လယ်သမားများကြားတရားရင်ဆိုင် မှုများ ဖြစ်ပေါ်လျက်ရှိကာ ငွေကြေးတတ်နိုင်သည့် ကုမ္ပဏီများဘက်ကလည်းအချိန်ဆွဲရင်း အမှုများကို ကြန့်ကြာအောင် လုပ်ဆောင်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

”ထန်းတပင်ဘက်က ကုမ္ပဏီနဲ့ လယ်သမားတွေရဲ့ ပြဿနာဆိုရင်တရားရုံးမှာ ရုံးချိန်းပေါင်း ၅၇ ချိန်း အထိ ရှိတာတောင် အမှုက မပြတ်သေးဘူး။ လယ်သမားတွေကို လျော်ကြေးအပြင် အလုပ်အကိုင်တွေပါ ဖန်တီးပေးမှ အဆင်ပြေနိုင်မယ်” ဟုဗဟန်းမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။

credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service