ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းကို မြေဧက ၄,၀၀၀ ကျော်ဖြင့် စတင်သွားမည်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းကို မြေဧက ၄,၀၀၀ ကျော်ဖြင့် စတင်သွားမည် - Property News in Myanmar from iMyanmarHouse.com
10 Jul 2014 2:13 pm တွင် တင်ခဲ့သည်
840 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှုကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် စတင်
မည်ဖြစ်ပြီး ကနဦးစီမံကိန်းတည်ဆောက် မှုအဆင့်တွင် မြေဧက ၄,၀၀၀ ကျော်ပါဝင်မည် ဖြစ်
ကြောင်း စီမံကိန်းအတွက်မဟာစီမံချက် ရေးဆွဲပေးထားသည့် စီပီဂျီအကြံပေးပုဂ္ဂလိက ကုမ္ပဏီ
လီမိတက် အမှုဆောင်ဒါရိုက်တာ မစ္စနီနယန်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

ကနဦးတည်ဆောက်ရန် လျာထားသည့် မြေဧက ၄,၀၀၀ ကျော်တွင် ရေနက်ဆိပ်ကမ်း၊ စက်မှု
ဥယျာဉ်နှင့် လူနေအိမ်ရာတည်ဆောက် ခြင်းများကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

မူလက အဆိုပါကနဦးစီမံကိန်းကို မြေဧက ၁,၀၀၀ ကျော်တွင်တည်ဆောက်ရန် လျာထားခဲ့ခြင်း
ဖြစ်သော်လည်း စက်မှုဇုန်တည်ဆောက် ရန် ပထမ သတ်မှတ်ထားသောနေရာတွင် ရွှံ့မီးတောင်
ရှိခြင်းကြောင့် နေရာရွှေ့ပြောင်း သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်
တင်ဒါစိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။ ကနဦးစီမံကိန်း
အတွက် တည်ဆောက် လိုသူများ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ များကို ယခုလ ၁၄ ရက်
တွင် စတင်ခေါ်ယူသွားမည်ဖြစ်ပြီး ရွေးချယ်မှု၊ တင်ဒါ ခေါ်ယူမှုအဆင့်ဆင့်ဖြင့် စီပွားရေးဇုန်
အကောင်အထည်ဖော် တည်ဆောက်မည့်ကုမ္ပဏီသုံးခု ကိုယခုနှစ် ဒီဇင်ဘာလအတွင်း အပြီး
သတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါစိစစ်ရေးကော်မတီ
ဒုတိယဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှုကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်
စီမံချက်များချမှတ်၍ ၂၀၄၅ ခုနှစ် အထိ ရေရှည်စီမံကိန်းအဖြစ် အကောင်အထည် ဖော်သွားရန်
ရှိကြောင်း ၎င်းကပြောသည်။

"ကျွန်မတို့ မဟာစီမံချက်ကို ၂၀၃၆ ခုနှစ် ထိ ရည်ရွယ်ရေးဆွဲပေးထားတာပါ။ အနာဂတ် စီမံချက်
အဖြစ် ရည်ရွယ်ပြီးရေးဆွဲပေးထားတာပါ။ အဲဒီအချိန်ကျရင် ကျောက်ဖြူအထူး စီးပွားရေးဇုန်ဧက
၁၈,၀၀၀ ကျော် ဖြစ်လာမှာ ပါ။ ဒါက အနာဂတ်စီမံကိန်းပါ။ အခုလောလောဆယ် ပထမစီမံကိန်း
အတွက် မြေဧက ၄,၀၀၀ ကျော်ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒီမှာ စက်မှုဥယျာဉ်အတွက်
မြေဧက ၂,၄၀၀ ကျော်နဲ့ လူနေအိမ်ရာတွေအတွက် မြေဧက ၁,၂၀၀ ကျော်ပါဝင်မှာပါ" ဟု မစ္စနီ
နယန်းက ပြောသည်။

ကနဦးစီမံကိန်းတွင်ပါဝင်မည့် ရေနက် ဆိပ်ကမ်းတည်ဆောက်မှုအတွက် ရမ်းဗြဲကျွန်း နှင့် မြိတ်
ကျွန်းကြား ဧက ၁,၀၀၀ ကျော် ရှည်လျားသည့် ကမ်းခြေနေရာကို လျာထား ပြီး ကွန်တိန်နာများ
အတင်အချ ပြုနိုင်သည့် အဓိကဆိပ်ကမ်းအဖြစ် တည်ဆောက်သွားရန် ရှိကြောင်း Global
Maritime and Port Services Pte Ltd. ဒုတိယဥက္ကဋ္ဌ မစ္စတာ မဲဆန့်ဂ်က ပြောသည်။

"စီးပွားရေးဇုန်ရဲ့ လည်ပတ်မှုအားလုံးကို ၂၀၂၀ ပြည့်နှစ်မှာ စတင်နိုင်မှာဖြစ်ပါတယ်" ဟု
၎င်းကပြောသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မှုဧရိယာအတွက် မလွတ်
ကင်းသည့် လယ်ယာမြေနှင့် ကျေးရွာများကို ကမ္ဘာ့ဘဏ်ကသတ်မှတ်ပြဋ္ဌာန်းပေးထား
သည့်နိုင်ငံ တကာစံနှုန်းများအတိုင်း လျော်ကြေးပေး သွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး
ဦးမြင့်သိန်း ကပြောသည်။

ပြောင်းလဲသတ်မှတ်ထားသည့် တည်ဆောက်ရန်မြေဧက ၄,၀၀၀ ကျော်တွင် လူနေကျေးရွာများ
ပါဝင်ခြင်းမရှိသော်လည်း လယ်ယာမြေနှင့် စားကျက်မြေများပါဝင်ခြင်း ကြောင့် အဆိုပါမြေများအတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ လျော်ကြေးပေးအပ်သွားမည်ဖြစ်ကြောင်းလည်း
ဦးမြင့်သိန်းကပြောသည်။ သို့သော် လယ်ယာမြေနှင့်စားကျက်မြေမည်မျှပါဝင်သည်ကို တိုင်းတာ
ဆဲဖြစ်ခြင်းကြောင့် တိကျစွာထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။

"ကျောက်ဖြူစီးပွားရေးဇုန်က Business to Business ဆိုတော့ စီးပွားရေးသမားက စီးပွားရေး
လုပ်တဲ့အခါမှာ အကျိုးအမြတ် ရအောင်ပဲ လုပ်မှာပါ။ အဲဒီအခါ ကျရင် ဒေသခံတွေမှာ ထိခိုက်
နစ်နာတာတွေ ရှိလာနိုင်တယ်။ ဒါတွေအတွက် ကော်မတီက ဒေသခံတွေရဲ့အကျိုးစီးပွားကို
အခုကတည်းကထည့်သွင်းစဉ်းစားထားဖို့လိုအပ်တယ်" ဟု ရခိုင်သဟာယအသင်းဥက္ကဋ္ဌ
ဦးလှမောင်သိန်း က ပြောသည်။

အထူးစီးပွားဇုန်တည်ဆောက်မှုအတွက် တည်ဆောက်လိုသူများ တင်ဒါခေါ်ယူမှုအပါ အ၀င်
စီမံကိန်းဆိုင်ရာလုပ်ငန်းများခွင့်ပြုမှု ကို အထူးစီးပွားရေးဇုန်ဥပဒေပါပြဋ္ဌာန်းချက် များအတိုင်း
ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့်ပြဿနာများကိုလည်း ဥပဒေ အတိုင်း လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်သန်းက ပြောသည်။

"သူများတွေ ရှေ့ကမှားထားတဲ့အမှားကို ကျွန်တော်တို့ ထပ်မမှားဘူးဆိုတာကိုတော့ အာမခံပါ
တယ်" ဟု ၎င်းကပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service