လိုင်စင်မဲ့ အဆောက်အအုံများ အရေးယူနိုင်ရန် အကူအညီလို

လိုင်စင်မဲ့ အဆောက်အအုံများ အရေးယူနိုင်ရန် အကူအညီလို - Property News in Myanmar from iMyanmarHouse.com
10 Jul 2014 1:48 pm တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့စွာ ဆောက်လုပ်
လျက်ရှိသည့် ကန်ထရိုက်အဆောက်အအုံဆောက်လုပ်သူများ ပိုမိုလျော့ပါးစေရန်အတွက် လိုင်စင်
မဲ့ကန်ထရိုက်ဆောက်သူများကိုအရေးယူနိုင်ရန် အဆိုပါမြို့နယ်များတွင်နေထိုင်ကြသည့် အိမ်ပိုင်
ရှင်၊ မြေပိုင်ရှင်များကို အမှုဖော်ထုတ်မှုတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက် အအုံ) ဌာနမှူး ဦးသန်းဌေးက ဇူလိုင် ၇
ရက်နေ့ တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"အိမ်ရှင် မြေရှင်တွေကို မက်လုံးတွေပေးပြီး လိုင်စင်မဲ့ ကန်ထရိုက် ဆောက်လုပ်နေတဲ့သူတွေကို
တရားစွဲဆို ချင်ပါတယ်။ ဒါပေမဲ့ ဌာနဘက်ကလည်း ပိုင်ရှင်နဲ့ ကန်ထရိုက် သဘောတူပြီး ပေါင်း
ချုပ်ထားတဲ့ စာချုပ်သက်သေမရှိဘဲ တရားစွဲဆိုလို့မရပါဘူး။ အိမ်ရှင် မြေရှင်တွေက လည်း ကန်
ထရိုက်တွေဘက်က ကာပြီး သူတို့ပဲဆောက်တာပါလို့ ပြောကြပါတယ်။ သူတို့က ကန်ထရိုက်ကို
ဖော်ထုတ်မပေးတော့ ကျွန်တော်တို့ဘက်က တရားစွဲဆိုလို့ မရပါဘူး။ အဲဒါကြောင့် နေထိုင်သူတွေ
ရော အိမ်ရှင်မြေရှင်တွေရော ပူပေါင်းဆောင်ရွက် ဖို့ လိုပါတယ်" ဟု ၎င်းကပြောသည်။

လိုင်စင်မရှိသည့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများ အများဆုံးလုပ်ငန်းလုပ်ကိုင်လျက်ရှိကြပြီး
ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး လိုင်စင်မဲ့ကန်ထရိုက် တိုက်များ အများဆုံးရှိရာ သင်္ဃန်းကျွန်း
မြို့နယ်တွင် ထိုကဲ့သို့အဆောက်အအုံများ ပိုမိုတည်ဆောက်လာကြခြင်းကို စိုးရိမ်လာ ကြကြောင်း
အဆိုပါမြို့နယ်တွင် နေထိုင် သူများက ပြောသည်။

"အခု လိုင်စင်မဲ့ကန်ထရိုက်တွေက အရမ်းကိုစည်းကမ်းမဲ့ပြီး မြို့နယ်တွေမှာ ပေါများလာပါတယ်။
သူတို့ကိုအရေးယူဖို့ အတွက် ကျွန်တော်တို့က အိမ်ရှင် မြေရှင်ကို အရင်အသိပေးပြီး သူတို့ကိုလည်း
အရေးယူ ရပါတယ်။ သူတို့တွေက သူတို့ ဆောက်တာ ပါဆိုပြီး ဒဏ်ငွေတွေဆောင်ကြတယ်။ အဲဒီ
ငွေတွေအတွက် ကန်ထရိုက်က နောက်က ပေးတယ်ဆိုပေမယ့် ဒီအဆောက်အအုံပြီးသွားလို့
သူတို့ထွက်ပြေးသွားလည်း အမှုကမပြီးသေးတဲ့အတွက် ဒီမပြီးပြတ်တဲ့ အမှုကို ကန်ထရိုက်နဲ့
ပူးပေါင်းတဲ့ အိမ်ရှင် မြေရှင်တွေပဲ ခံစားရမှာပါ" ဟု ဦးသန်းဌေး က ပြောသည်။

ထို့ပြင် ကန်ထရိုက်ဆောက်လုပ်သူများ ကို နေထိုင်ခွင့်ပါမစ်ရရှိသည့် အဆောက် အအုံများနှင့်
စံချိန်စံညွှန်းမီ အဆောက် အအုံများ တည်ဆောက်စေလိုသည့် အတွက် နိုင်ငံတော်အစိုးရနှင့်
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အား ဆောင်ရွက်စေပေးလိုကြောင်း သင်္ဃန်း
ကျွန်းမြို့နယ် င/က ရပ်ကွက်၌ နေထိုင် သူများက ဇွန်လ ၃၀ ရက်နေ့က တောင်းဆို ခဲ့သည်။

"ကျွန်တော်တို့ရပ်ကွက်မှာ လိုင်စင်မဲ့ ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေ အများ ကြီးရှိပါတယ်။
ဆောက်လုပ်ပြီးစီးသွားတဲ့ တိုက်ခန်းတွေလည်း နေထိုင်ခွင့်ပါမစ် လုံးဝ မရှိပါဘူး။ အဲဒီတိုက်ခန်းတွေ
မှာနေတဲ့သူတွေက အဲဒီမှာနေထိုင်နေပေမယ့် ခိုင်လုံတဲ့ ပိုင်ဆိုင်မှုဘာတစ်ခုမှမရှိဘဲ စိုးရိမ်စိတ်တွေ
နဲ့ နေနေရတယ်။ နေထိုင်သူ တော်တော် များများကလည်း သေချာမသိခဲ့ဘဲနဲ့ ကြိုပွိုင့် နဲ့ ပိုက်ဆံ
တွေပေးပြီး ၀ယ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုဒီတိုက်ခန်းတွေက နေထိုင်ခွင့် ပါမစ်တွေ မရသေးတော့
နေထိုင်သူတွေအတွက် ဒီတိုက်ခန်းပါမစ်တွေ ရစေချင်ပါတယ်။ ပါမစ်မရသေးတဲ့အဆောက်အအုံ
တွေကို ပါမစ်ပေးစေချင်ပါတယ်။ ပါမစ်မလျှောက်တဲ့ ကန်ထရိုက်ဆောက်တဲ့သူတွေကိုလည်း
ပါမစ်လျှောက်လာအောင် တာဝန်ရှိတဲ့သူတွေကို ဆောင်ရွက်ပေးစေလိုပါတယ်" ဟု အဆိုပါ
ရပ်ကွက်တွင် နေထိုင်သူ ဦးတင်ထွန်းက ပြောသည်။

အဆိုပါ သင်္ဃကျွန်းမြို့နယ် င/က ရပ် ကွက်တွင် ဆောက်လုပ်ပြီးစီးသည့် လိုင်စင်မဲ့ကန်ထရိုက်
တိုက် စုစုပေါင်း ၁၀၀ နီးပါ ခန့်ရှိပြီး လက်ရှိဆောက်လုပ်ဆဲ လိုင်စင်မဲ့ ကန်ထရိုက်တိုက်မှာ ၁၂၆
လုံးခန့်ရှိကာ အချို့ဆောက်လုပ်ဆဲ လိုင်စင်မဲ့တိုက်ခန်း များကို ယခုအခါတွင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက ဆောက် လုပ်ခွင့်ရပ်နားရန် သတိပေးဆိုင်းဘုတ် များကပ်ထား
ကြောင်း နေထိုင်သူများက ပြောသည်။

"အခု စည်ပင်သာယာက လိုင်စင်မဲ့ ဆောက်နေတဲ့ အဆောက်အအုံတွေ လုပ်ငန်းရပ်နားဖို့ ဆိုင်း
ဘုတ်တွေ ကပ်ထားပါတယ်။ အဲဒီလုပ်ငန်းတွေလည်း တကယ် ရပ်တန့်နေပါတယ်။ ဒါပေမဲ့ စည်
ပင်သာယာက အခုလိုအရေးယူတဲ့အခါကျတော့ ကြိုပွိုင့်နဲ့ပိုက်ဆံပေးပြီး အခန်းဝယ်ယူထားတဲ့ပြည်
သူတွေ အခက် အခဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီလိုအဆောက်အအုံတွေမှာ
နေထိုင်ခွင့်ပါမစ်တွေ ပေးစေလိုပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျပ် သိန်း ၁၄၀ နဲ့ အခန်း
တစ်ခန်း ကြိုပွိုင့် ၀ယ်ထားတာ အခုလုပ်ငန်းရပ်ဆိုင်းတဲ့ အထဲပါနေပါတယ်" ဟု ၎င်းကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၁၂ ခုနှစ် ခန့်မှ စတင်ခါ ကန်ထရိုက်လုပ်ငန်းများ စတင်ဝင်ရောက်
လာပြီး ယခုအခါတွင် ယင်းမြို့နယ်ရှိရပ်ကွက်အများစုမှာ တဲနှင့် သွပ်မိုးပျဉ်ထောင်အိမ်မှ တိုက်ခန်း
များ အဖြစ်သို့ ပြောင်းလဲလာသည့်အတွက် နေထိုင်မှုပုံစံ မြင့်တက်လာသော်လည်း အိမ်ပိုင်ဆိုင်မှု
တွင် ခိုင်လုံခြင်းမရှိသည့် ပြဿနာများဖြင့် ကြုံတွေ့နေရကြောင်း နေထိုင်သူများကပြောသည်။

"အရင်တုန်းက ကျွန်တော်တို့ရပ်ကွက် တွေမှာ အိမ်တွေက တဲအိမ်၊ ပျဉ်ထောင် အိမ်တွေ ပူးကပ်
နေလို့ မီးရေးထင်းရေးအတွက် စိုးရိမ်ရပါတယ်။ ဒါပေမဲ့ အခုကျ တော့ မီးရေးထင်းရေး စိတ်ပူစရာ
မလိုတော့ဘူး နေထိုင်ရတာကလည်း အဆင့် ပိုမြင့်လာပေမယ့် ပါမစ်မရှိတဲ့ကန်ထရိုက် တွေကြောင့်
ကိုယ်နေထိုင်ရတဲ့နေရာ ဟာ ဘာပိုင်ဆိုင်မှုမှမရှိဘဲ နေနေရတယ် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တထိတ်
ထိတ်နဲ့ နေနေရတဲ့ဘ၀က ဆိုးတယ်"ဟု ယင်းရပ် ကွက်တွင်နေထိုင်သူတစ်ဦးက မြန်မာ တိုင်း(မ်)
ကိုပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service