လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ရန်ကုန်တိုင်းအတွင်း အိုးအိမ်ပိုင်မရှိသူများနှင့် ကျုးကျော်များအား စိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးမည်ဖြစ်သည်။
မိုးပွင့်အဆင့်(၆)စီမံချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်ရုံး၌သတ်မှတ်ကာ ဇူလိုင် ၁၇ ရက်မှ စတင်၍ စက်တင်ဘာလ ၁၇ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည်ဖြစ်ရာ ရန်ကုန်တိုင်းအတွင်းတွင် ကျူးကျော်နေထိုင်သူများသာမက မွေးရာပါနိုင်ငံသား ဖြစ်သူတိုင်းကို စိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးမည်ဖြစ်သည်။
မွေးရာပါ နိုင်ငံသားမှန်ကန်ကြောင်း စစ်ဆေးခြင်းကို မြို့နယ်အတွင်းရှိ လ၀ကဦးစီးအရာရှိ၊ မြို့နယ်ထွေအုပ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ငါးဦးကော်မတီ က စစ်ဆေးအ တည်ပြုမည်ဖြစ်သည်။ ကျူး ကျော်နေအိမ်များသည် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် အိမ်အမှတ် မရှိ သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့၏ထောက်ခံစာများနှင့်အတူ လ၀က အဖွဲ့များ၏အ တည်ပြုထောက်ခံချက်များ ဖြင့် စိစစ်ရေးကတ်ပြားပျောက်ဆုံးနှင့် အသစ်လဲလှယ်ခြင်းကို ဆောင်ရွက်ပေး မည် ဖြစ်သည်။ ၎င်းတို့၏ မူလမှတ်ပုံတင်နံပါတ်ကို မှတ်မိရန်လည်း လိုအပ်သည်ဟု ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးကြည်လင်းက “ကျုးကျော် တွေကျတော့သူ့တို့ရဲ့မူလနေရပ်ဒေသမှာရှိတဲ့ မှတ်ပုံတင်လုပ်ထားတဲ့ မှတ်တမ်းရုံးလက်ခံစာတွေ ကို တိုက် နယ်မှူးတွေဆီက တိုက်ဆိုင်စစ်ဆေးရတယ်။ နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အချက်မှန်ကန်ရင် မည်သူ့ကို မဆို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ပြုလုပ်ပေး သွားမှာပါ”ဟုပြောသည်။
ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ စာရင်းများအရ တစ်တိုင်းလုံးတွင် ကျူး ကျော်နေထိုင်သူ ၁၅၀,၀၀၀ ကျော်ရှိပြီး ရွှေ့ ပြောင်းနေထိုင်သူများမှာ ၂,၀၀၀ နီးပါး ရှိနေသည်။
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ကျူးကျော်နေထိုင်သူ ၅၄,၁၂၈ ဦး၊ အနောက်ပိုင်းခရိုင်တွင် ၁,၂၇၅ ဦး ၊ တောင်ပိုင်းခရိုင်တွင် ၆,၄၉၁ ဦး၊ မြောက် ပိုင်းခရိုင်တွင် ၉၄,၂၆၁ ဦးရှိနေပြီး ရန်ကုန် တစ်တိုင်းလုံးတွင် ကျူး ကျော်နေထိုင်သူ ၁၅၆,၁၅၅ ဦးနှင့် ရွှေ့ပြောင်းနေထိုင်သူ ၁,၈၇၅ဦး ရှိနေသည်ဟု ရန်ကုန်တိုင်းလူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်းကောက်ယူစဉ်ကပင်စာရင်းများ ကောက်ယူ ထား ခဲ့သည်။
အစိုးရ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးမည့် စီမံချက် တွင် ကျူးကျော်နေထိုင်သူများကလည်း မွေးရာပါနိုင်ငံသား များဖြစ်သည့်အတွက် နိုင်ငံသားအခွင့် အရေးရ ပိုင်ခွင့်အရ မှတ်ပုံတင်များရရှိရန် မျှော်လင့်များရှိနေသည်ဟု ရန်ကုန်တိုင်းအတွင်းရှိ ကျုးကျော်များက ပြော သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၃၄ ရပ်ကွက် အတွင်းရှိ ကျူးကျော်နေအိမ်များတွင် နေထိုင်သူ ကိုစိုးမိုးကျော်က “ကျွန်တော်တို့က ကျောက်ပန်းတောင်းကနေ ပြောင်းလာတာ ဆိုတော့ သားသမီးတွေမှာ မှတ်ပုံတင်မရှိ ဘူး။ ကျွန်တော့်သမီးက အသက် ၁၈ နှစ်ရှစ်တန်းနဲ့ ကျောင်းထွက်ထားတာ။ အခုထိ မှတ်ပုံတင်မရှိသေးဘူး။ ကျုးကျော်တွေ မှတ်ပုံတင်မရဘူးထင်လို့ သွားမလျှောက် ဖြစ်တာပါ”ဟု ပြောသည်။
တချို့သော ကျုးကျော်ရပ်ကွက်များသည် မှတ်ပုံတင်မရှိသေးသည့် စာရင်းများကိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များသို့ ကြို တင်ပေးပို့ထားသည်များရှိပြီး မိုးပွင့်စီမံချက်တွင် ၎င်းတို့လည်း မှတ်ပုံတင်ရရှိရန် မျှော်လင့်ထား သည်ဟု ပြောသည်။
အင်းစိန်မီးရထား စံကျော်ရပ်ကွက်တွင် နေထိုင်သူ ဦးကြည်လွင်က “ကျွန် တော်တို့ရပ်ကွက်မှာ မှတ်ပုံတင် မရှိသူ ၃၀ ကျော်ရှိတယ်။ ရယကရုံးက အိမ်ထောင်စုစာရင်းလာကောက်တုန်းက မှတ်ပုံတင်မရှိတဲ့စာရင်းပါ ပေးထားလိုက်တယ်။၂၀၁၀ ရွေးကောက်ပွဲတုန်းက သုံးခေါက်ချိုးမှတ်ပုံ တင်တွေ လုပ်ပေးဖူးတယ်။ နောက် ပြန်လာသိမ်းပြီး အသစ်ပြန်လုပ်ပေးတာ မရှိသေးဘူး”ဟုပြောသည်။
မိုးပွင့်အဆင့်(၆) စီမံချက်အရ တစ်နိုင်ငံလုံးတွင် မွေးရာပါနိုင်ငံသားများ အတွက် နိုင်ငံသားစိစစ်ရေး ကတ် ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းကို လုပ်ဆောင်နိုင်ရန် ရှေ့ပြေးစီမံကိန်း တစ်ခုဖြစ် သည်။ နိုင်ငံသား စိစစ်ရေးကတ် ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ် ပေးခြင်းကို ဇူလိုင် ၁၇ ရက် တွင် တစ်နိုင်ငံလုံးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်ရုံး၌ သတ်မှတ်ကာ နှစ်လအထိ ကွင်းဆင်း ဆောင်ရွက်မည် ဖြစ်သည်။
အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းကို အိမ်ပိုင်ဆိုင်သည့် အထောက် အထားရှိသူများကို ပြုလုပ် မည်ဖြစ်ပြီး အိမ်ငှားနေထိုင်သူများသည် ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် အိမ်ရှင်ဘက်မှ ထောက်ခံချက်ပေး မှ သာ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးမည်ဖြစ်မည်။
အိမ်ရှင်၊ အိမ်ငှား လူမှုရေးပြဿနာများ ဖြစ်ပေါ်နိုင်သဖြင့် အိမ်ရှင်၏ ထောက်ခံချက်မရှိသူ အိမ်ငှားများကို အိမ် ထောင်စုလူဦးရေစာရင်း ထုတ်ပေးမည်မဟုတ်ဟု သိရသည်။
မိသားစုဦးရေနည်းသည့် အိမ်ထောင်စုများသည် အိမ်ထောင်စုလူဦးရေစာရင်းကို နေ့ချင်းပြီး ရရှိနိုင်မည်ဖြစ် ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သုံးရက်အတွင်း အပြီးအစီး ဆောင်ရွက်ပေးမည်ဖြစ်သည်။
သွေးနှောပြည်သူများအတွက် အခြေခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်ချက်အရ မြို့နယ်ရုံးများ တွင်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး သွေးနှောမြန်မာနိုင်ငံ သားများအတွက် နိုင်ငံသားစိစစ်ရေးကတ် ပြား များကိုတိုင်းဦးစီးမှူးကသာ လက်မှတ်ထိုးထုတ်ပေးမည်ဖြစ်သည်။
ဇူလိုင်လ ၁၇ ရက်မှစတင်ကာ နှစ်လ အထိပြုလုပ်ပေးမည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အိမ်ထောင်စု လူ ဦးရေစာရင်း ထုတ်ယူခြင်းကို ငွေကြေးတစ်စုံတရာပေးသွင်းရန်မလိုဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်း မိုးပွင့်စီမံချက် ဆောင်ရွက်ရန် ကြိုတင်စာရင်း ကောက်ယူ ချက်အရ အသက် ၁၀ နှစ် ပြည့်နှင့် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင် ဆောင်ခြင်းမရှိသေးသူ ဇူလိုင်လ ၉ ရက် စာရင်း အရ ရှစ်သောင်းကျော်ရှိရာ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ငါးသောင်း ခန့် ပါဝင်နေပြီး ဇူ လိုင်လ ၁၇ ရက်၊ မိုးပွင့်အဆင့်(၆) စီမံချက် ကွင်းဆင်းသည့်ရက်များတွင် ကတ်ပြား ပျောက် ဆုံးသူ၊ အသစ်လျှောက်လိုသူ သုံး သိန်းအထိ စာရင်းရှိလာနိုင်သည်ဟု ဦး ကြည်လင်းက ပြောသည်။
Credit: Mizzima