ဆာကူရာတာဝါမှ အခန်းငှားခများ တိုးတောင်းပြီးနောက် ရန်ကုန်မြို့လယ် ရုံးခန်းငှားခ ကမ္ဘာ့အဆင့်(၃)အထိ မြင့်မားလာ

ဆာကူရာတာဝါမှ အခန်းငှားခများ တိုးတောင်းပြီးနောက် ရန်ကုန်မြို့လယ် ရုံးခန်းငှားခ ကမ္ဘာ့အဆင့်(၃)အထိ မြင့်မားလာ - Property News in Myanmar from iMyanmarHouse.com
10 Jul 2014 10:29 am တွင် တင်ခဲ့သည်
1130 ကြိမ် ကြည့်ရှု့ပြီး
ဆာကူရာတာဝါမှ ရုံးခန်းငှားရမ်းခများကို ထပ်မံတိုးတောင်းလာပြီးနောက် ယင်းနှုန်းထားများအရ ဆိုပါက ရန်ကုန်မြို့လယ်၏ ရုံးခန်းငှားရမ်းခများမှာ ကမ္ဘာ့မြို့ကြီးများ၏ ရုံးခန်းငှားရမ်းခများဖြင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့အဆင့်သုံးအထိ မြင့်မားလာကြောင်း ငှားရမ်းထားသူ လုပ်ငန်းရှင်များက တွက်ချက်ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ်က ဆာကူရာတာဝါ၏ ရုံးခန်းတစ်လငှားရမ်းခ နှုန်းထားမှာ တစ်စတုရန်းမီတာလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ဝ အထိရှိရာမှ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ဝ အထိ တိုးမြှင့်တောင်းခံခဲ့သည်။

တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၈ဝ ဆိုသည်မှာ အနည်းဆုံးနှုန်းထားဖြစ်ပြီး ပထမအလွှာဆိုလျှင် တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၁၂ဝ အထိ ပေးရကြောင်းလည်း သိရသည်။

ယခုထပ်မံ၍ ငှားရမ်းခများအား နောက်ထပ် ၅ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့် တောင်းခံလာကြောင်း၊ ထို့အတွက် ဆကူရာတာဝါ၏ ရုံးခန်းတစ်လ ငှားရမ်းခသည် တစ်စတုရန်းမီတာလျှင် အနည်းဆုံး ၈၄ ဒေါ်လာမှ အများဆုံး ၁၂၆ ဒေါ်လာအထိ မြင့်တက်သွားမည်ဖြစ်သည်။

တစ်စတုရန်းမီတာလျှင် တစ်နှစ်ငှားရမ်းခ အနေဖြင့် အနည်းဆုံး ၁ဝဝ၈ ဒေါ်လာမှ အများဆုံး ၁၅၁၂ ဒေါ်လာအထိ ထပ်မံမြင့်တက်လာမည်ဖြစ်ကြောင်း ငှားရမ်းထားသည့် လုပ်ငန်းရှင်များက ပြောကြားသည်။

ဒေါ်လာ ၁၅၁၂ အထိ မြင့်တက်လာမည်ဆိုပါက ရန်ကုန်မြို့လယ်ရှိ ရုံးခန်းငှားရမ်းခ ဈေးနှုန်းကြီးမြင့်မှုမှာ ကမ္ဘာ့အဆင့်သုံးအထိ မြင့်တက်လာမည်ဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခနှင့် Cushman & Wakefield Research မှ ထုတ်ပြန်ထားသည့် စင်ကာပူ၊ ဂျကာတာ၊ ဟိုချီမင်း၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ မနီလာမြို့များရှိ Central Business District နေရာများ၏ ငှားခများနှင့် နှိုင်းယှဉ်လျှင်လည်း ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခမှာ အမြင့်မားဆုံးဖြစ်ကြောင်း၊ ဘန်ကောက်မြို့ထက် သုံးဆမှ လေးဆကျော်အထိ ပိုမိုမြင့်မားလျက်ရှိကြောင်း . . . . .

Cushman & Wakefield Research မှ ၂ဝ၁၄ ခုနှစ်အတွင်း ရုံးခန်းငှားရမ်းခဈေး အမြင့်ဆုံး ကမ္ဘာ့မြို့ကြီး ၁ဝ မြို့ကို ထုတ်ပြန်ထားရာ လန်ဒန် (West End) ၌ တစ်စတုရန်းမီတာလျှင် တစ်နှစ်ငှားရမ်းခ ၂၁၂၂ ယူရို (အမေရိကန်ဒေါ်လာ ၂၈၈၉)ဖြင့် အများဆုံးမြို့အဖြစ် ရပ်တည်နေပြီး ဒုတိယအများဆုံးအဖြစ် ဟောင်ကောင်မြို့၏ မြို့လယ်တွင် ၁၄၃၂ ယူရို (အမေရိကန်ဒေါ်လာ ၁၉၅ဝ)ဖြင့် ရပ်တည်နေသည်။

တတိယဈေးအမြင့်ဆုံး မြို့အဖြစ် မော်စကိုမြို့က ရပ်တည်နေပြီး မော်စကို၏ Central Business District နေရာမှာ တစ်စတုရန်းမီတာ တစ်နှစ်ငှားရမ်းခအဖြစ် ၁ဝ၉၂ ယူရို (ဒေါ်လာ ၁၄၈၇)အထိ ကျသင့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယခု ရန်ကုန်မြို့လယ်ရှိ ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် အမြင့်ဆုံးတစ်နှစ် အမေရိကန်ဒေါ်လာ ၁၅၁၂ အထိ ကျသင့်မည်ဖြစ်ရာ ကမ္ဘာ့အဆင့်သုံး မော်စကိုမြို့ထက် ဈေးနှုန်းမြင့်မားသွားမည်ဖြစ်သည်။

Cushman & Wakefield Research မှ အကယ်၍ ရန်ကုန်မြို့လယ်ရှိ ရုံးခန်းငှားရမ်းခများကို ထည့်သွင်း၍ သုတေသနပြု ထုတ်ပြန်မည်ဆိုပါက ငှားရမ်းခအမြင့်ဆုံး မြို့ကြီးများစာရင်းတွင် နံပါတ်သုံး၌ ရပ်တည်မည်ဖြစ်သည်။

မော်စကို၏နောက်တွင် ဘေဂျင်း၊ တိုကျို၊ နယူးယောက်၊ ရီယိုဒီဂျနေရိုး၊ နယူးဒေလီ၊ ပဲရစ်၊ ဆစ်ဒနီနှင့် စင်ကာပူမြို့ကြီးများက ရုံးခန်းငှားရမ်းခ ဈေးအကြီးဆုံး မြို့များအဖြစ် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

ရန်ကုန်မြို့လယ်ရှိ ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခနှင့် Cushman & Wakefield Research မှ ထုတ်ပြန်ထားသည့် စင်ကာပူ၊ ဂျကာတာ၊ ဟိုချီမင်း၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ မနီလာမြို့များရှိ Central Business District နေရာများ၏ ငှားခများနှင့် နှိုင်းယှဉ်လျှင်လည်း ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခမှာ အမြင့်မားဆုံးဖြစ်ကြောင်း၊ ဘန်ကောက်မြို့ထက် သုံးဆမှ လေးဆကျော်အထိ ပိုမိုမြင့်မားလျက်ရှိကြောင်း သိရသည်။

ဆာကူရာတာဝါတွင် ရုံးခန်းအဖြစ် ငှားရမ်းနိုင်သည့် ဧရိယာမှာ ၁၂၄၂၅ စတုရန်းမီတာအထိ ကျယ်ဝန်းသည့်အတွက် ယခုလက်ရှိ မြင့်တက်လိုက်သော ဈေးနှုန်းဖြင့်ဆိုပါက တစ်နှစ်လျှင် ငှားရမ်းခစုစုပေါင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃ သန်းနီးပါး ရရှိမည်ဖြစ်သည်။

ဆာကူရာတာဝါ၏ ရုံးခန်းငှားရမ်းခ တိုးမြှင့်လိုက်သည့်အပေါ် ငှားရမ်းထားသူ လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့ စာချုပ်က ကျန်သေးတယ်။ ဒါပေမဲ့ အခု ဇူလိုင်လကစပြီး စုစုပေါင်းငှားခရဲ့ ၅ ရာခိုင်နှုန်း ထပ်ပေးရမယ်လို့ အကြောင်းကြားထားတယ်။ ၂ဝ၁၂ တုန်းက တစ်စတုရန်းမီတာ ဒေါ်လာ ၄ဝ အခု ၂ဝ၁၃ မှာ ဒေါ်လာ ၈ဝ ကနေ ၁၂ဝ အထိတိုးတောင်းတယ်။ အခု ၅ ရာခိုင်နှုန်း ထပ်မြှင့်တယ်။ သူတို့ အကြောင်းပြတာက အခွန်အတွက်လို့ ပြောထားတယ်။ ကျွန်တော်တို့ပြောချင်တာက ကိုယ်တတ်နိုင်တဲ့ ပမာဏလောက်ပဲ ပေးနိုင်တာကို စာချုပ်မစေ့သေးဘဲ တိုးတောင်းတာမျိုးကတော့ ငါတို့လုပ်ချင်သလို လုပ်မယ်လို့ ပြောတာနဲ့ အတူတူပဲ။ ဒီလိုတိုးချင်တိုင်း တိုးနေတာကိုလည်း ဘယ်အဖွဲ့အစည်း၊ ဘယ်တာဝန်ရှိသူတွေကမှ ထိန်းပေးတာမရှိဘူး။ အခုတော့ ရန်ကုန်မြို့လယ်ငှားခ ဈေးနှုန်းက ကမ္ဘာမှာ ကျွန်တော်လေ့လာထားသလောက် အဆင့် ၃၊ အာရှမှာဆိုရင် ဟောင်ကောင်ပြီးရင် ရန်ကုန်က အများဆုံးပဲ အရှေ့တောင်အာရှမှာ ဆိုရင်တော့ နံပါတ်တစ်ဈေးအကြီးဆုံး ဖြစ်နေပြီလို့ တာဝန်ရှိတဲ့သူတွေကို ပြောချင်တာပါပဲ” ဟု ပြောပြသည်။

ဆာကူရာတာဝါ အနေဖြင့် အခွန်ပေးဆောင်ရန်အတွက် ငှားရမ်းသူ လုပ်ငန်းရှင်များထံမှ ထပ်မံတိုးတောင်းသည်ဟုဆိုသော် တစ်နှစ်အမေရိကန်ဒေါ်လာ ၁၃ သန်းနီးပါး ဝင်ငွေအပေါ် ဒေါ်လာသိန်းပေါင်းများစွာ အခွန်ရုံးသို့ ပြန်လည်ပေးဆောင်ရမည် ဖြစ်သည်။

ယခင်နှစ်များက ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း စာရင်းတွင်မူ ဆာကူရာတာဝါ အမည်ဖြင့် အခွန်ပေးဆောင်ထားမှု မပါဝင်ပေ။

မြန်မာနိုင်ငံအနေဖြင့် အိမ်ခြံမြေငှားရမ်းခ မြင့်မားသည့် နိုင်ငံအလိုက် စာရင်း၊ လူတစ်ဦးချင်းဝင်ငွေ နည်းပါးသည့် နိုင်ငံအလိုက်စာရင်း၊ ဆင်းရဲမွဲတေမှု နိုင်ငံအလိုက်စာရင်း၊ လာဘ်ပေးလာဘ်ယူမှု အများဆုံး နိုင်ငံအလိုက်စာရင်း၊ ကင်ဆာအဖြစ်အများဆုံး နိုင်ငံအလိုက်စာရင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ထူထောင်လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံအလိုက်စာရင်း စသည်ဖြင့် မပါသင့်သည့် စာရင်းများတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

Credit : Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service