ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စုရှိ ကျောက်ရဲ (အောင်ချမ်းသာ) မူလတန်းကျောင်းနှင

ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စုရှိ ကျောက်ရဲ (အောင်ချမ်းသာ) မူလတန်းကျောင်းနှင - Property News in Myanmar from iMyanmarHouse.com
9 Jul 2014 2:27 pm တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီမြစ်ကမ်းပြိုမှုကြောင့်ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စုရှိ ကျောက်ရဲ (အောင်ချမ်းသာ) မူလတန်းကျောင်း ဖျက်ရွှေ့ထားရပြီး အိမ်ခြေ ၁၁၀ခန့် ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

အဆိုပါစာသင်ကျောင်းသည် ကျောက်ရဲကျေးရွာရှိ အောင်ချမ်းသာနှင့် ရဲတံခွန်အစုတို့မှ ကျောင်းသား၊ ကျောင်းသူ ၉၀ ခန့် မှီခိုပညာသင်ကြားနေသောနေရာဖြစ်ပြီး တည်ဆောက်ပြီး စာသင်နှစ်နှစ်နှစ်သာ ကြာမြင့်ချိန်တွင် ထိုသို့ကမ်းနှင့်နီးလာသဖြင့် ဖျက်ရွှေ့ထားရခြင်းဖြစ်သည်။

"စဆောက်တုန်းက တာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး ကျောင်းကိုကမ်းနဲ့ လေးဖာလုံလောက် ခွာဆောက်ထားတာ။ ပြီးခဲ့တဲ့တစ်ပတ်လောက်မှာ ကမ်းနဲ့ကျောင်းက ပေ ၅၀ လောက်ပဲရှိလာတော့ ဖျက်ပြီးရွှေ့ရတာပေါ့။
ဒီလိုရွှေ့နေတဲ့တစ်ပတ်အတွင်းတောင် ပေ ၂၀ လောက်ထပ်ပြိုတယ်။ ကလေးတွေကို ရဲတံခွန်ဘုန်းကြီးကျောင်းမှာ စာသင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ဘုန်းကြီးကျောင်းက အကာအရံမပြီးသေးတော့ မိုးပက်တယ်။ ဗွက်ထဲမှာစာသင်ရတာနဲ့ ကျန်းမာရေးအတွက် မကောင်းနိုင်တာကြောင့် လက်ရှိမှာတော့ အောင်ချမ်းသာဘုန်းကြီးကျောင်းကိုပြောင်းပြီး စာသင်ပေးနေပါတယ်" ဟု ကျောက်ရဲ(အောင်ချမ်းသာ)ဒေသခံတစ်ဦးက ပြောကြားသည်။

ခြင်ဘို့အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက "မိုးတွင်းအစပိုင်းက အိမ်ခြေ ၃၈ လုံးရွှေ့ပြောင်းခဲ့ရပြီး အခုနောက်ထပ် ၇၁ လုံးနဲ့ဆိုရင် ပြောင်းရတာ အိမ်ခြေ ၁၀၉ လုံးရှိသွားပါပြီ။ ကမ်းကတော့ပြိုနေတယ်။ အိမ်နားမရောက်သေးပေမယ့် မိုးတွင်းထပ်ပြိုမှာကိုစိုးရိမ်လို့ ပြောင်းနေကြသူတွေရှိတယ်။ ရဲတံခွန်အစုက ပြောင်းရတာများတယ်။ အောင်ချမ်းသာအစုလည်း နည်းနည်းပါတယ်။ ပြောင်းကြရတဲ့အိမ်တွေက ကျောက်ရဲရွာထဲမှာပဲ စုနေကြတာပေါ့။ ရွှေ့ပြောင်းမှုတွေကို ခ.လ.ရ ၁၈ ကပြီးခဲ့တဲ့နှစ်က တစ်လလောက် လာကူညီတယ်။ ဒီနှစ်လည်း တစ်ပတ်လောက်လာကူညီတယ်။ စာသင်ကျောင်းကိုတော့ မူလကျောင်းပိုင်သစ်၊ ပြီးတော့ အခုဖျက်ခဲ့တဲ့ကျောင်းကသစ်တွေနဲ့ ရွာက ကိုယ်ထူကိုယ်ထ ပြန်ဆောက်နေပါတယ်။ ရွှေ့ပြောင်းစာရင်းတွေကို ထွေအုပ်ကိုတင်ပြထားပါတယ်" ဟု ဖြေကြားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ကျောက်ရဲရွာတွင် အောင်ချမ်းသာ၊ ငါးအိမ်တန်း၊ ကျောင်းစု၊ ရဲတံခွန်၊ ငှက်ပျောတောဟူ၍ အစုငါးစု စုပေါင်းနေထိုင်ကြပြီးနောက် ကျယ်ပြန့်သောရွာမြေတွင် သီးခြားနေရာခွဲထွက်နေထိုင်ခဲ့ကြကြောင်း၊ ကမ်းပြိုမှုများ နှစ်စဉ်ခံခဲ့ရသည့်အခါ လုပ်စားမြေများဆုံးရှုံးပြီး ရွာမြေပါထိခိုက်လာသဖြင့် အစုလိုက်ပြောင်းရွှေ့ကြရင်း ယခုအခါ တစ်စုတည်းအနေအထား ပြန်လည်ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ကမ်းပြိုမှုဒဏ် ဆက်လက်ခံရပါက ကျောက်ရဲကျေးရွာ မြေနေရာမရှိတော့သဖြင့် နေထိုင်ပြောင်းရွှေ့ရေး အခက်အခဲများ ဆက်လက်ကြုံတွေ့လာနိုင်ကြောင်း ဒေသခံများကဆိုသည်။

Credit: Eleven Media Group
ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စုရှိ ကျောက်ရဲ (အောင်ချမ်းသာ) မူလတန်းကျောင်းနှင - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service