ခွင့်ပြုချက်မဲ့ ဆောက်လုပ် သော ကန်ထရိုက်တိုက်များ တည် ဆောက်မှုတွင် လိုင်စင်ရကန်ထ ရိုက်များလည်း ပါဝင်နေကြောင်း စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယနေ့ပြုလုပ် သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိ သောကန်ထရိုက်များကို အရေးယူ မှုဆောင်ရွက်ရာတွင် လိုင်စင်ရ ကန်ထရိုက်များသည် လက်ရှိအချိန် ၌ လိုင်စင်မဲ့ကန်ထရိုက်များအား ပေးဆောင်စေသော ဒဏ်ကြေး အတိုင်းသာပေးဆောင်ရသော်လည်း လိုင်စင်ရကန်ထရိုက်များသည် စပေါ်တင်ထားသော ငွေများရှိ သည့်အတွက် ၄င်းတို့ ထပ်မံ ကျူးလွန်ပါက စပေါ်ငွေကို ထုတ် ပေးခြင်းမပြုဘဲ လိုင်စင်ကိုပြန် လည် သိမ်းဆည်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးကော်မတီ အနေဖြင့် ကန်ထရိုက်တိုက်များ ဆောက်လုပ်ခွင့်ကို ယခင်ကထက် လျင်မြန်စေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး တရားမဝင် ဆောက်လုပ်လျက်ရှိသော ကန် ထရိုက်များကို ဖျက်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ တရားမဝင် ကန်ထရိုက်တိုက်ဆောက်လုပ်မှု အမှုတွဲ ၂ဝဝဝ ကျော်ခန့်ရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်သည် အများ ဆုံးဖြစ်ကြောင်း သိရသည်။
Credit : The Union Daily