ဘဏ်နှင့် ချိတ်ဆက်၍ ဆိုင်ခန်းများ၊ တိုက်ခန်းများ ငှားဝယ်စနစ်နှင့် ဝယ်ယူနိုင်ရန် မန်းစည်ပင် စီစဉ်

ဘဏ်နှင့် ချိတ်ဆက်၍ ဆိုင်ခန်းများ၊ တိုက်ခန်းများ ငှားဝယ်စနစ်နှင့် ဝယ်ယူနိုင်ရန် မန်းစည်ပင် စီစဉ် - Property News in Myanmar from iMyanmarHouse.com
6 Jul 2014 3:33 pm တွင် တင်ခဲ့သည်
1054 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးစည်ပင်သာယာရေး ကော်မတီက ရောင်းချမည့် ဈေးဆိုင်ခန်းများ၊ တိုက်ခန်းများ၊ တန်ဖိုးနည်း အိမ်ရာများကို ငွေလက်ငင်းစနစ်နှင့် ပေးချေဝယ်ရန် အခက်အခဲရှိသည့် သူများအတွက် ဘဏ်နှင့် ချိတ်ဆက်ပြီး (ငှား၊ ဝယ်စနစ်) ဝယ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တကယ်အသုံးလိုသည့် သူများအတွက် တစ်ခါတည်း ငွေမလုံးအရင်းနှင့် မပေးချေနိုင်၍ မပိုင်ဆိုင်တာမျိုး မဖြစ်ရအောင် ယခုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
စည်ပင်သာယာက ရောင်းချမည့် တိုက်ခန်း၊ ဆိုင်ခန်း၊ တန်ဖိုးနည်း အိမ်ရာများကို ဝယ်ယူချင်သူများအနေဖြင့် စည်ပင်သာယာနှင့် ချိတ်ဆက်ထားသည့် ဘဏ်တွင် ငွေစာရင်း အကောင့်ဖွင့်ထားပြီး သတ်မှတ်ထားသည့် တန်ဖိုးငွေကို အရစ်ကျပေးသွင်းရမည် ဖြစ်သည်။ ဘဏ်က ငွေတန်ဖိုး အကုန်လုံးကို စည်ပင်သာယာသို့ စိုက်ထုတ်ပေးထားမှာဖြစ်ပြီး ဝယ်ယူမည့်သူ အနေဖြင့် ဘဏ်ကို ငွေအကျေ ပေးသွင်းပြီးမှသာ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ “ဝယ်ချင်တဲ့သူကလဲ ငွေတစ်ခါတည်း အလုံးအရင်းလိုက် ပေးစရာမလိုဘဲ ဝယ်နိုင်မယ်၊ စည်ပင်ကလဲ ဘဏ်က ငွေအလုံးအရင်း တစ်ခါတည်း ရတဲ့အတွက် မြို့ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်၊ ဘဏ်အနေနဲ့ကလဲ အတိုးရမယ်၊ ဒီစနစ်က သုံးဦး သုံးဖလှယ် အဆင်ပြေမယ့် စနစ်ပါ” ဟု စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ “ဘယ်ဘဏ်နဲ့ ချိတ်ဆက်မယ်ဆိုတာ အခုမှ စီစဉ်နေတုန်းဆိုတော့ သေချာမပြောနိုင်သေးဘူး။ လောလောဆယ် အသစ်ဆောက်မယ့် ၄၁ လမ်း ကုန်စိမ်းဈေး ဆိုင်ခန်းတွေကို အဲဒီစနစ်နဲ့ စရောင်းပေးဖို့လဲ စီစဉ်ထားတယ်” ဟု ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit : Property Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service