နောင်မွန်၊ ဖာပွန်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မိုးမိတ် တို့တွင် လေဆိပ်သစ်များ တည်ဆောက်မည်

နောင်မွန်၊ ဖာပွန်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မိုးမိတ် တို့တွင် လေဆိပ်သစ်များ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
4 Jul 2014 3:13 pm တွင် တင်ခဲ့သည်
1806 ကြိမ် ကြည့်ရှု့ပြီး
နောင်မွန်၊ ဖာပွန်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မိုးမိတ်မြို့တို့တွင် လေဆိပ်များတိုးချဲ့တည်ဆောက်သွားမည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဦးရဲထွဋ်အောင်က ဇူလိုင် ၁ ရက်၌ လေကြောင်းပညာသိပ္ပံခန်းမတွင် ပြုလုပ်သည့် လေကြောင်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ဦးရဲထွဋ္ဋ်အောင်က “ နောင်မွန်၊ ဖာပွန်၊ ကိုကိုးကျွန်း၊ မာန်အောင်နဲ့ မိုးမိတ်တွေမှာ အခုလက်ရှိလေဆိပ် မရှိပါဘူး။ လေယာဉ်ကွင်းဟောင်း တချို့တော့ရှိတယ်။ ဒါတွေကို လေဆိပ်အဆင့် တိုးချဲ့တည်ဆောက်သွားမယ့် အစီအစဉ်တွေရှိတယ်”ဟု ပြောသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ့လေကြောင်းကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ စံသတ်မှတ်ချက်များနှင့်အညီဖြစ်စေရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးခြင်းအပြင် ဦးစီးဌာန၏ ဖွဲ့စည်းပုံများကို ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် ပြည်တွင်း/ပြည်ပခရီးသွားများ ၀င်၊ ထွက်သွားလာမှုအပေါ်မူတည်ပြီး ပြည်တွင်းလေဆိပ်များကို အဆိုပြုအဆင့်သတ်မှတ်ထားရာ (ဃ) အဆင့်လေဆိပ်များအဖြစ် ကျောက်ထု၊ ချမ်းမြ၊ အနီးစခန်း၊ မကွေး၊ ပခုက္ကူ၊ နောင်မွန်၊ ဖာပွန်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မိုးမိတ်တို့ကိုသတ်မှတ် ထားသည်။

ယင်းလေဆိပ် ဆယ်ခုကို သတ်မှတ်ထားသော်လည်း နောင်မွန်၊ ဖာပွန်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မိုးမိတ်တို့တွင် လေဆိပ်များ တည်ဆောက်ထားခြင်း မရှိသည့်အတွက် တိုးချဲ့တည်ဆောက်သွားမည်ဖြစ်သည်။

(က) အဆင့်လေဆိပ်အဖြစ် ပုဂံ-ညောင်ဦး၊ ဟဲဟိုး၊ ထားဝယ် (ခ)အဆင့် လေဆိပ်အဖြစ် တာချီလတ်၊ မြစ်ကြီးနား၊ ကော့သောင်း၊ မြိတ်၊ သံတွဲ၊ စစ်တွေ၊ (ဂ) အဆင့်လေဆိပ်များတွင် လားရှိုး၊ ကျိုင်းတုံ၊ ကျောက် ဖြူ၊ မော်လမြိုင်လေဆိပ်များ အပါအ၀င် လေဆိပ် ၁၆ခု ပါဝင်သည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုအပါအ၀င် လေဆိပ် ၆၉ ခုရှိသော်လည်း အသုံးပြုနိုင်သည့် ပြည်တွင်းလေဆိပ် ၃၃ ကွင်းသာရှိပြီး တစ်နိုင်ငံလုံးရှိ လေဆိပ် ၂၇ ခုတွင် ပြည်တွင်း ပြည်ပလေယာဉ်များ ပျံသန်းဆင်းသက်နေသည်။

Credit : Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service