သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်စီမံကိန်းအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း စတင်မည်

သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်စီမံကိန်းအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း စတင်မည် - Property News in Myanmar from iMyanmarHouse.com
1 Jul 2014 9:37 am တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး
တစ်ဧက ကျပ်သိန်း သုံးရာလျော်ကြေး တောင်းဆိုထား သော သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဟက်တာ ၂၀၀၀စီမံကိန်းအတွက် မဟာဗျူဟာမြောက်ပတ်ဝန်းကျင် ဆန်းစစ်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်တော့မည်ဟု သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသော်က ပြောသည်။

‘‘စီမံကိန်း ဘယ်အချိန်စမယ် ဆိုတာတော့ မပြောနိုင်သေးဘူး။ လောလောဆယ် စစ်တမ်းတွေ အရင်ကောက်တာပါ။ ဒါပြီးရင် တော့ ဆက်လာမှာပေါ့’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့်ကို အကောင် အထည်ဖော်ပါက လူမှုပတ်ဝန်း ကျင်နှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျိုးသက်ရောက်မှုများ ကို နိုင်ငံတကာ စံချိန်မီဆန်းစစ် လေ့လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဟက် တာ ၂,၀၀၀ ဧရိယာအတွင်း ကျေးရွာပေါင်း ခြောက်ရွာနှင့် လယ်မြေများစွာရှိနေပြီး အထူးစီးပွားရေးဇုန် စီမံကိန်းကို စတင်ပါက လယ်မြေတစ်ဧကကို ၂၀၁၂ လယ်ယာမြေဥပဒေအတိုင်း လျော်ကြေးပေးရန် လိုလားကြသည်။

‘‘လျော်ကြေးကတော့ ဒေသ ပေါက်ဈေးအတိုင်းပဲ။ လယ်ယာ မြေနည်းဥပဒေအတိုင်းပဲလိုချင် တယ်’’ ဟု သီလဝါအထူးစီးပွား ရေးဇုန်ဟက်တာ ၂,၀၀၀ အတွင်း မှ ကျေးရွာတစ်ရွာဖြစ်သော အလွမ်းဆွတ်ကျေးရွာမှ လယ်သမားဦးမြလှိုင်က ပြောသည်။

သီလဝါ ဒေသတွင် တိုင်း ဒေသကြီး အစိုးရက သတ်မှတ် ထားသော မြေပေါက်ဈေးမှာ လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၆၅၀ အထိရှိနေသည်။ လက်ရှိ အချိန်တွင် သီလဝါအထူးစီးပွား ရေးဇုန် ပထမအဆင့် ဟက်တာ ၄၀၀ ကို အကောင်အထည်ဖော် ရာတွင် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များက များစွာစိတ် ဝင်စားနေသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော် တည် ဆောက်ခဲ့သော သီလဝါအထူးစီး ပွားရေးဇုန် ပထမဆင့်တွင် လက် ရှိအချိန်၌ အမေရိကန်၊ ဂျပန် ကုမ္ပဏီများ အပါအဝင် ဒေသ တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ က ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြသည်။

မြန်မာနိုင်ငံတွင် သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာတွင် ပထမအဆင့်ကို ဂျပန်၊ မြန်မာနှစ်နိုင်ငံပူးပေါင်း၍ စတင်ဖွင့်လှစ်အကောင်အထည် ဖော်ခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ အကွာ ကျောက်တန်းမြို့နယ် ရှိ မြေဟက်တာ ၂,၄၀၀ ကျော် တွင် တည်ဆောက်အကောင် အထည်ဖော်လျက်ရှိသည်။ လက် ရှိပထမအဆင့်စီမံကိန်းကို ၂၀၁၅ နှစ်လယ်တွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit : 7day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service