ဗိုလ်ချုပ်ကြီးများ သိမ်းယူထားသော လယ်မြေယာများ ပြန်လည်ရရှိရန် တောင်သူလယ်သမား ညီလာခံပြုလုပ်မည်

ဗိုလ်ချုပ်ကြီးများ သိမ်းယူထားသော လယ်မြေယာများ ပြန်လည်ရရှိရန် တောင်သူလယ်သမား ညီလာခံပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
30 Jun 2014 3:35 pm တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး
ယခင်က ပြင်ဦးလွင်မြို့တွင် ဗိုလ်ချုပ်ကြီးများ သိမ်းယူထားသော မြေဧက နှစ်သိန်းကျော်အား ပြန်လည် ရရှိရန် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ဦးဆောင်၍ တောင်သူလယ်သမား ညီလာခံတစ်ရပ်ကို သြဂုတ်လတွင် ပြုလုပ် တောင်းဆို သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းတောင်သူ လယ်သမား ညီလာခံအား ယခင်က မေလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးဆောင်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ပုဒ်မ (၁၈) ဖြင့် အကျဉ်းကျခံခဲ့ရခြင်းကြောင့် ညီလာခံ မကျင်းပနိုင်ကြောင်း သိရသည်။

ကျွန်တော် ဒီကြားထဲမှာတော့ သူတို့ တွေနဲ့ မဆက်သွယ်ဖြစ်ဘူး၊ မိုးတွင်းဆိုတော့ တောင်သူလယ်သမားတွေက စိုက်ပျိုးနေတဲ့ အချိန်ဆိုတော့ သူတို့တွေလည်း အားမှာ မဟုတ်ဘူးလေ ဟု မြန်မာလူမှုဘ၀ဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်မှ ဦးဆောင်သူ ဦးနေမျိုးဇင် က The Messenger Media သို့ပြောသည်။ သိမ်းယူထားသော မြေယာအရေ အတွက်နှင့် ပတ်သက်၍ လယ်သမားများက ဧကနှစ်သိန်းကျော်ခန့် ဟု ပြောဆိုထားပြီး ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းနှင့် ကွာဟမှု မရှိကြောင်း၊ ညီလာခံပြု လုပ်လျှင် လယ်သမားများ၏ သိမ်းဆည်းခံရမှု မြေယာအရေအတွက်အား တိကျစွာ ကောက်ခံသွားမည် ဖြစ်ပြီး အစိုးရထံ တောင်းဆိုပေး သွားမည်ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

လယ်သမားတွေ မှာတော့ ပိုင်ဆိုင်တဲ့ အထောက်အထား တွေရှိတယ်။ အဲဒီအချိန်တုန်း က သိမ်းသွားတာ လျော်ကြေးလည်း မရဘူး။ ညီလာခံ ဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ ပူးပေါင်းဝင်သွားမှာပါ ဟု ပြင်ဦးလွင်မြို့ တောင်သူလယ်သမားသမဂ္ဂ ဦးဆောင်သူ ဦးစိုင်းမင်းလတ်က The Messenger Media သို့ ပြောသည်။

ယင်းမြေယာများအား ဗိုလ်ချုပ်ကြီး များက ၂၀၀၉ ခုနှစ်တွင် ကော်ဖီစီမံကိန်းပြုလုပ်ရန် သိမ်းယူခဲ့ပြီး ကုမ်္ပဏီများက လုပ်ကိုင်လျှက် ရှိကြောင်း သိရသည်။ ထို့ပြင် သိမ်းယူထားသည့် လယ်ယာမြေများတွင် တောင်သူလယ်သမားများ ၀င်ရောက် လုပ်ကိုင်မှုကြောင့် တောင်သူလယ်သမားအချို့ တရားစွဲဆိုခံရမှု၊ ထောင်ကျမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ၎င်း က ပြောသည်။

Credit : The Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service