စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူလယ်သမားများပိုင် ဦးပိုင် အမည်ပေါက် လယ်မြေ များကို မြေစာရင်း ဌာနမှ လယ်မြေ လုပ်ပိုင်ခွင့် လက်မှတ်များ ရာနှုန်းပြည့်ထုတ်ပေးပြီးပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနမှ သိရသည်။ ယင်းသို့ လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးမှုကို လယ်ယာမြေ ဥပဒေထွက်ပြီး ကတည်းက စတင်ကာ မြို့နယ်အလိုက် ဆောင်ရွက်ပေးခဲ့ပြီး၊ မှတ်ပုံတင် အသစ်များကိုလည်း လာရောက် လျှောက်ထားပါက ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
တောင်သူလယ်သမားတွေအနေနဲ့ မြန်မာ့လယ်ယာ ဖွံ့ ဖြိုးရေးဘဏ် မှာလည်း မိုးရာသီ သီးနှံချေးငွေကိုလည်း အလွယ်တကူ ထုတ်ယူနိုင်ကြ ပါတယ်။ တကယ်လို့ အသစ် လျှောက်လို့ နှောင့်နှေးမှုတွေ ဖြစ်နေတယ်ဆို ရင်လည်း သက်ဆိုင်ရာကို အမြန် ထုတ်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ လယ် ယာမြေ မှတ်ပုံတင်လုပ်သူ အများဆုံး ဖြစ်ပါတယ် ဟု တိုင်းဒေသကြီး လယ်ယာစိုက်ပျိုး ရေးဝန်ကြီး ဦးစောမြင့်ဦးက The Messenger Media သို့ ပြောသည်။ယင်းသို့ တိုင်းဒေသကြီးအတွင်း လယ် ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးရာ တွင် မူလလျာထားချက် အနေဖြင့် ဦးပိုင်ပေါင်း (၁၈၀၉၉၄၃)ခု ရှိပြီး၊ တောင်သူပေါင်း (၉၈၉၇၆၀) ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေး ရန် လျာထားခဲ့သည်။
ယခုအခါ ဦးပိုင်ပေါင်း(၁၈၁၄၅၈၈) ခု အတွက် တောင်သူပေါင်း ( ၉၇၀၅၆၅) ဦးအား ထုတ်ပေးနိုင်ခဲ့သဖြင့် ပြီးစီးမှု အခြေအနေအားဖြင့် (၁၀၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးက ပြောသည်။
Credit: The Messenger