အိမ်ခြံမြေဈေးထိန်းညှိရန် ပိုင်ဆိုင်ခွန် ကောက်ခံပါက လူတန်းစားအားလုံးကောက်ခံနိုင်မှသာ မျှတမှုရှိရမည်

အိမ်ခြံမြေဈေးထိန်းညှိရန် ပိုင်ဆိုင်ခွန် ကောက်ခံပါက လူတန်းစားအားလုံးကောက်ခံနိုင်မှသာ မျှတမှုရှိရမည် - Property News in Myanmar from iMyanmarHouse.com
27 Jun 2014 4:01 pm တွင် တင်ခဲ့သည်
1445 ကြိမ် ကြည့်ရှု့ပြီး
အဆမတန်ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများ ထိန်းညှိရန်အတွက် ပိုင်ဆိုင်ခွန်ကောက်ခံသွားမည်ဖြစ်ရာ ယင်းကဲ့သို့ကောက်ခံပါက ဆင်းရဲ၊ ချမ်းသာမရွေး လူတန်းစားအားလုံကို ကောက်ခံနိုင်မှသာ မျှတမှုရှိမည်ဖြစ်ပြီး ကောက်ခံမှုရရှိမည့် အချက်အလက်များမှာလည်း မှန်ကန်မှုရှိရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦး က အကြံပြုသုံးသပ်သည်။

အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ငန်းတွင်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် ဈေးကစားနေသူများအား ထိန်းချုပ်နိုင်ရေးအတွက် ပိုင်ဆိုင်ခွန် အခွန်ကောက်စနစ် ဆောက်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က နေပြည်တော်တွင် ကျင်းပသည့် ပထမ အကြိမ်ပြည်သူ့လွတ်တော် ဒသမ ပုံမှန်အစည်းအဝေး သတ္တမနေ့က ပြောကြားခဲ့ခြင်းအပေါ် ဦးသန်းဦး က ယင်ကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ပိုင်ဆိုင်ခွန်ကောက်ခံတဲ့နည်းကို သုံးရင် မြေဈေးကျနိုင်တယ်လို့ ပြောတယ်။ တကယ်တမ်းကောက်နိုင်မယ်ဆိုရင်တော့ ကျနိုင်မယ်။ ဒါပေမယ့် ကောက်တဲ့နေရာမှာ ပြည်သူတွေသာမက အုပ်ချုပ်သူ လူတန်းစားအားလုံး ပါအောင် တကယ်ကောက်နိုင်မှာလား ဟု ၄င်းက ပြောဆိုသည်။

အိမ်ခြံမြေ ဈေးကစားမှုကို ထိန်းချုပ်ရန် ယင်းကဲ့သို့ စနစ်တစ်ခုကို အကောင်အထည်ဖော်မည်ဆိုပါက ဆင်းရဲ၊ ချမ်းသာမရွေး၊ ပြည်သူ၊ အစိုးရ၀န်ထမ်းမရွေး၊ အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံလူတန်းစားမရွေး အိမ်ခြံမြေပိုင်ဆိုင်သူ အားလုံးကို ကောက်ခံမှသာ မျှတမှုရှိနိုင်မည် ဖြစ်ပြီး ကောက်ခံရရှိသည့် စာရင်းမှန်ကန်မှုမှာလည်း အဓိက အရေးပါသည့် အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

ယခင်က အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းကို ကောက်ခံရန် လွတ်တော်တွင် အဆိုတင်သွင်းခဲ့စဉ်ကပင် ယင်းအဆို ရှုံးနိမ့်ခဲ့ရာ အိမ်ခြံမြေဈေးနှုန်း ထိန်းညှိရန်အတွက် အစိုးရအဖွဲ့ဝင်များ အပါအ၀င် နိုင်ငံသားအားလုံထံမှ ပိုင်ဆိုင်မှုစာရင်း ကောက်ခံရန်ဆိုသည်မှာ မလွယ်ကူနိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် ပြည်ပနိုင်ငံတစ်ချို့ ၌ အိမ်ခြံမြေဈေးနှုန်း ထိန်းညှိရန်အတွက် လူတစ်ဦးလျှင် တရားဝင် အိမ်ခြံမြေပိုင်ဆိုင်မှု ကန့်သက်သည့် နည်းဖြင့် ထိန်းချုပ်ကျင့်သုံးနေရာ အောင်မြင်မှုရှိသဖြင့် မြန်မာနိုင်ငံတွင်းလည်း ယင်းစနစ်မျိုး ကျင့်သုံးနိုင်မည်ဆိုပါက အိမ်ခြံမြေဈေးနှုန်း ထိန်းညှိရန် ဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြသည်။

Credit: စံတော်ချိန်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service