ပန်းဆိုးတန်းနယ်မြေတွင် ၁ဝ ထပ်အထိသာ ဆောက်လုပ်ခွင့်ပြု

ပန်းဆိုးတန်းနယ်မြေတွင် ၁ဝ ထပ်အထိသာ ဆောက်လုပ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
26 Jun 2014 7:48 pm တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး
မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြအမွေအနှစ်များအား ထိန်းသိမ်းသည့်အနေဖြင့် ပန်းဆိုးတန်းနှင့် နန်းသီတာကြားရှိမြေနေရာတွင် အဆောက်အအုံဆောက် လုပ်ခွင့်ကို ၁ဝ ထပ်အထိသာ ဆောက်လုပ်ခွင့်ပြုကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောသည်။

အဆိုပါ မြေနေရာပေါ်တွင်ယခင်က အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ဒါကို အထပ် ၂ဝ အထိ ခေါ်ခဲ့သော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှမြို့ပြအမွေအနှစ်များ၏ မြင်ကွင်းကို ပျောက်ကွယ်နိုင်သဖြင့် ၎င်းမြေနေရာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်အား ပေ ၁၆ဝ အမြင့်အထိသာ ဆောက်လုပ်ခွင့် ပြုထားကြောင် သိရသည်။

”ဒီပန်းဆိုးတန်းနဲ့ နန်းသီတာကြားမှာရှိတဲ့ မြေနေရာကို အဆောက်အအုံဆောက်ခွင့်နဲ့ ပတ်သက်ပြီး ၂ဝ၁၂ ခုနှစ်ကတည်းက တင်ဒါခေါ်ခဲ့ပေမယ့် အဓိကက ကမ်းနားမြေပေါ်မှာ ရှေးဟောင်းအဆောက်အအုံတွေ ဖြစ်တဲ့ အကောက်ခွန်ရုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၊ Strand Hotel နဲ့ မြန်မာ့လေကြောင်းရုံးတို့ရဲ့ အမြင့် ထက် ကျော်လွန် ဆောက်လုပ်ခွင့်မပြုတဲ့အတွက် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းမှုတွေ ကြန့်ကြာနေတာကြောင့် ဒီနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဖြစ်တာပါ”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောသည်။

ရန်ကုန်မြို့၏ အထင်ကရအဆောက်အအုံများနှင့် ဘုရားစေတီပုထိုးများ၏ မြင်ကွင်းကွယ်မည့် အဆောက်အအုံများကို ထပ်မံခွင့်ပြုသွားမည် မဟုတ်ဘဲ ဗိုလ်တထောင်ဘုရား၏မြင်ကွင်းနားရှိ အဆောက် အအုံများကိုလည်း သုံးထပ် အထိသာဆောက်လုပ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ လမ်းမတော်၊ ကမ်းနားနှင့် နန်းသီတာ ဆိပ်ကမ်းတစ်လျှောက်ရှိမြေနေရာကိုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တောင်းဆိုထားသည့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုသွားမည်ဖြစ်သော်လည်း ကမ်းနားမြေနေရာ ၂၅ ပေ ချန်ပြီးမှသာ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ကျင်းပ ပြုလုပ်သည့် မြို့မြေအသုံးချမှုနှင့်အဆောက်အအုံ တည်ဆောက်မှုဇုန်၊ အများပြည်သူ ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြစီမံကိန်းရေးဆွဲပညာရှင် ဒေါ်လှိုင် မော်ဦးက ပြောသည်။

”ကန့်သတ်ဇုန်တွေကို ထိန်းသိမ်းဖို့အတွက် စိမ်းလန်းစိုပြည်တဲ့နေရာတွေကို ထိန်းသိမ်းဖို့လိုတယ်။ ဒါကြောင့် ကမ်းနားရဲ့မြင်ကွင်းကိုတစ်ဖက်ကမ်းကကြည့်ရင် မြို့ပြရဲ့မြင်ကွင်းတွေကို မပျောက်ကွယ်စေချင်ဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာသူ့ရဲ့မြို့ပြအလှကို ထိန်းသိမ်းကြတယ်။ မြန်မာပြည်မှာက ဆူးလေဘုရားနဲ့ တန်းတူဖြစ်တဲ့ ဆူလေးရှန်ဂရီလာဟိုတယ်တို့လို အဆောက်အအုံမျိုး ထပ်မဖြစ်အောင် ထိန်းသိမ်းသွားမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

”ရွှေတိဂုံဘုရားရဲ့ ကုန်းတော်အမြင့်က ပေ ၁၉ဝ ရှိတယ်။ ရွှေတိဂုံဘုရားကို ကွယ်မယ့် အဆောက်အအုံ တွေ ဆောက်ခွင့် မရှိပါဘူး။ ဗိုလ်တထောင်ဘက်ကို သုံးထပ် ဆောက်လုပ်ခွင့်ပြုထားပေမယ့် လမ်းမတော်၊ လသာဘက်ကိုတော့ အထပ်မြင့်ဆောက်ခွင့်ပေးပါတယ်။ ဆူးလေဘုရားက ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ၁ဝဝ ရှိတယ်။ အရင်က သတ်မှတ်ထားတာကတော့ ပေ ၃ဝ ရှိတဲ့ လမ်းမှာ ၄၅ ပေထက် မမြင့် ရပါဘူး။ ပေ ၅ဝ ရှိတဲ့လမ်းမှာ ၈၆ ပေထက် မမြင့်ရပါဘူး။ ပေ ၁ဝဝ ရှိတဲ့လမ်းမှာ ပေ ၁ဝဝ ဆောက်ခွင့်ပြုထား ပါတယ်။ ဗဟန်းမြို့နယ်ကိုတော့ဆိတ်ငြိမ်ရပ်ကွက်အဖြစ် ဆက်လက်ထားရှိသွားမှာပါ။ လှိုင်မြို့နယ်မှာ ၁၆ ထပ်အထိ ဆောက်ခွင့်ပြုမှာဖြစ်ပြီးတော့ အင်းစိန်လမ်း တစ်လျှောက်မှာတော့ လူနေသိပ်သည်းလို့ ရှစ်ထပ်၊ ကိုးထပ်အထိပဲ ဆောက်ခွင့်ပြုမှာပါ”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း တာဝန်ခံ ဒုတိယဌာနမှူးဦးတိုးအောင်က ပြောသည်။

လက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဗိုလ်တထောင်ဆိပ်ကမ်းနယ်မြေနှင့် ယခု ပန်းဆိုးတန်းနန်းသီတာ ဆိပ်ကမ်းနယ်မြေတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါကကမ်းနားလမ်း ဆူးလေဆိပ်ကမ်း နယ်မြေနှင့် ဝါးတန်းဆိပ်ကမ်းနယ်မြေတို့တွင်ပါ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်ကပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service