ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ တွင် ဗိသုကာများ၏ အခန်းကဏ္ဍ ပိုမို နေရာယူလာနိုင်

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ တွင် ဗိသုကာများ၏ အခန်းကဏ္ဍ ပိုမို နေရာယူလာနိုင် - Property News in Myanmar from iMyanmarHouse.com
26 Jun 2014 7:29 pm တွင် တင်ခဲ့သည်
1968 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကပြည်တွင်း အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းကြီးများသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာခြင်း၊ ပြည်တွင်းရှိအင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီကြီးများက နိုင်ငံတကာအဆင့်မီ အဆောက်အအုံများ ဆောက်လုပ်လာနေခြင်းတို့ကြောင့် အဆောက်အအုံများအတွက် ဒီဇိုင်းရေးဆွဲပေးနေရ သည့် ဗိသုကာများ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာသည့်အပြင်ရန်ကုန်မြို့တော်တွင်လည်း ဒီဇိုင်းပုံစံဆန်းသစ် သည့် အဆောက်အအုံအများအပြား ပေါ်ထွက်လာနိုင်ကြောင်း ပြည်ပဗိသုကာများထံမှသိရသည်။

”အခု တစ်နှစ်၊ နှစ်နှစ်အတွင်းရန်ကုန်မြို့မှာ ဒီဇိုင်းပုံစံဆန်းသစ်တဲ့ အဆောက်အအုံတွေ အများကြီး တွေ့လာရတယ်။ နိုင်ငံတကာကပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကတော့ မြန်မာအိမ်ခြံမြေဈေးကွက် အနေအထား ဒီထက် ပိုကောင်းလာလိမ့်မယ်လို့ မြင်နေကြတော့ လာမယ့်နှစ်တွေမှာလည်း ဒီဇိုင်းဆန်းသစ်တဲ့ အဆောက်အအုံတွေ အများကြီးရန်ကုန်မြို့မှာ ထပ်ပေါ်လာနိုင်တယ်”ဟု ဟောင်ကောင်အခြေစိုက် နိုင်ငံတကာ ရှိ အဆောက်အအုံများကိုဒီဇိုင်းပုံစံများ ရေးဆွဲပေးနေသည့် The Wong Tung Group of Companies မှ အုပ်ချုပ်မှုဒါရိုက်တာ၊ ဗိသုကာပညာရှင် Mr. Alex Lau က The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားသည်။

နိုင်ငံတကာ အစိုးရဌာနများ၊ ကုမ္ပဏီကြီးများက တည်ဆောက်လိုသည့် အဆောက်အအုံများအတွက် ပြင်ပမှ အဆောက်အအုံ ဒီဇိုင်းရေးဆွဲပေးသည့် ကုမ္ပဏီများ ငှားရမ်းလေ့ရှိပြီး မြေနေရာအကျယ်အဝန်း၊ အသုံး ပြုနိုင်သည့် ကုန်ကျစရိတ်တို့ကိုပေးအပ်ပြီး ဗိသုကာများက လုပ်ငန်းအပ်နှံသူ၏ လိုအင်ဆန္ဒအလျောက် အဆောက်အအုံပုံစံများကို ရေးဆွဲပေးရခြင်းဖြစ်ကာ အချို့သော အဆောက်အအုံများအတွက် ဒီဇိုင်းရေးဆွဲခနှင့် ကြီးကြပ်ခ ဒေါ်လာသန်းနှင့်ချီပြီးပေးရလေ့ရှိကြောင်း သိရသည်။

”ရန်ကုန်မှာတောင် နိုင်ငံခြားကဗိသုကာ အဖွဲ့တွေ ခုနစ်ဖွဲ့လောက်ရှိနေပြီ။ သူတို့ကို ဘယ်လိုပေးရ တယ်ဆိုတာကတော့ သူတို့အချင်းချင်းပဲသိလိမ့်မယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမေအောင်က ပြော သည်။

ယခု ပြည်တွင်းဈေးကွက်တွင်အဆောက်အအုံတစ်ခု ဆောက်လုပ်ရန်အတွက် ဗိသုကာများသို့အပ်နှံရာ တွင် အကျယ်အဝန်းအလိုက် တစ်စတုရန်းပေလျှင် ကျပ် ၁ဝဝ မှ ကျပ် ၁၅ဝ အထိ ပေးချေနေရသော်လည်း ရန်ကုန်မြို့တော်တွင် အများအပြားတည်ဆောက်နေသည့် ခြောက်ထပ်၊ ရှစ်ထပ် ကန်ထရိုက် တိုက်များ အတွက်မူ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဗိသုကာများထံ တိုက်အလုံးအရေအလိုက် အပြတ်စနစ်ဖြင့် ပေးချေပြီး အဆောက်အအုံဒီဇိုင်းများ ရေးဆွဲရန် အပ်နှံမှုများရှိကြောင်း သိရသည်။

ဗိသုကာများ၏ ကျော်ကြားမှုပေါ်မူတည်၍ အဆောက်အအုံဒီဇိုင်းရေးဆွဲခ ဈေးနှုန်းများ ပုံသေသတ် မှတ်၍ မရသော်လည်း အထပ်မြင့်အဆောက်အအုံကြီးများ၊ အဆင့်မြင့်ဈေးဝယ်စင်တာကြီးများအား တည် ဆောက်ရန်အတွက် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီကြီးများကပြည်ပရှိ ဗိသုကာများကို ငှားရမ်းအသုံးပြုမှု များပြားလာကြောင်းပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

”အိမ်ခြံမြေဈေးတွေကလည်းကောင်းနေတဲ့ အချိန်မှာ ကိုယ့်ရှိတဲ့မြေမှာ ဆောက်မယ့် အဆောက် အအုံတွေကို အကျိုးရှိရှိနဲ့ နေရာလွတ်မကျန် အသုံးချနိုင်ဖို့ ပညာရှင်ဗိသုကာတွေရဲ့ အခန်းကဏ္ဍကို အသုံးပြုလာကြတယ်” ဟု Mr. Alex Lau က ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service