Property Tax ကောက်ခံနိုင်ပါက အိမ်ခြံမြေဈေး ကျဆင်းနိုင်

Property Tax ကောက်ခံနိုင်ပါက အိမ်ခြံမြေဈေး ကျဆင်းနိုင် - Property News in Myanmar from iMyanmarHouse.com
14 Jun 2014 10:57 am တွင် တင်ခဲ့သည်
1378 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးနှုန်း မြင့်တက်ခြင်းကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ထိန်းချုပ်နိုင်ရန် နိုင်ငံတော်က ပိုင်ဆိုင်မှုအခွန် ကောက်ယူရာတွင်ထိထိရောက်ရောက် ကောက်ခံခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းများ ပြန်လည် ကျဆင်းလာနိုင်ကြောင်း စီးပွားရေးပညာရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

”အိမ်တစ်လုံးပိုင်ဆိုင်တဲ့ လူကိုကောက်တဲ့ အခွန်ထက် အဲဒီလူကပဲနောက်ထပ်အိမ်တွေ အများကြီး ပိုင် တဲ့အပေါ်မှာ ကောက်တဲ့ အခွန်နှုန်းထားက မတူဘူး။ real estate ကို access များများပိုင်တဲ့ လူက များများ အခွန်ပေးရမယ်။ အဓိက ဦးတည်တာကတော့ မြေတွေကို အလုပ်မလုပ်ဘဲကိုင်ထားပြီး အမြတ်အစွန်းကို မျှော် တဲ့လူတွေက အဲဒီအခွန်ကို ပေးရမယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က The Trade Times ကို ပြောသည်။

နိုင်ငံတကာတွင် အိမ်ခြံမြေအမြောက်အမြားပိုင်ဆိုင်သည့် လုပ်ငန်းရှင်ကြီးများအပေါ် ပိုင်ဆိုင်မှု အခွန် များကို အိမ်အရေအတွက်နှင့် မြေပိုင်ဆိုင်မှုအလိုက် ထပ်တိုးစနစ်ဖြင့်ကောက်ခံသွားခြင်းကြောင့် ငွေကြေးချမ်း သာသူက အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက် ဈေးကစားခြင်းမှအထိုက်အလျောက် လျော့ကျသွားပြီး မြေဈေး နှုန်းများ ကျဆင်းလာနိုင်မည် ဖြစ်သည်။

”ဒီကိစ္စကို လုပ်လိုက်လို့ အခြေခံလူတန်းစားကို သိပ်မထိနိုင်ဘူး။ ဒီလိုပိုင်ဆိုင်မှု အခွန်ကောက်မယ့် အဖွဲ့ကလည်း Strong ဖြစ်ဖို့ လိုတယ်။ မဟုတ်ရင် စားပေါက်ဖွင့်ပေးသလိုဖြစ်လိမ့်မယ်။ ထိထိရောက်ရောက် လုပ်နိုင်ရင်တော့ မြေဈေးက ကျသွားမယ်”ဟု ၎င်းက ပြောသည်။

သို့သော် အိမ်ခြံမြေအမြောက်အမြားပိုင်ဆိုင်သူများအပေါ်ကောက်ခံမည့်ပိုင်ဆိုင်မှုအခွန်အကောက်အဖွဲ့ အနေဖြင့် သမာသမတ်ရှိကာ အနှောင်အဖွဲ့ကင်းကင်းဖြင့် တရားဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လုပ်ကိုင်ရန် လိုအပ်ပြီး ကမ္ဘာ့နိုင်ငံအချို့တွင် ယင်းအဖွဲ့များက တိတိကျကျ လုပ်ဆောင်မှုမရှိဘဲ လုပ်ငန်းရှင်များ၊ မြေရှင်များ နှင့် ပူးပေါင်း၍ ဈေးနှုန်းညှိနှိုင်းကာဈေးဖြတ်ခြင်း၊ မမှန်စာရင်းများ လိမ်လည် ပြသခြင်းတို့ ပြုလုပ်ပြီး အဂတိ လိုက်စားမှုများ ဖြစ်ပေါ်စေခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ပိုင်ဆိုင်မှုအခွန် (Property Tax) ကို ထိထိ ရောက်ရောက် ကောက်ခံရန်လိုအပ်ကြောင်း အိမ်ခြံမြေလေ့လာသုံးသပ်သူများက ပြောသည်။

”၂ဝ၁၁ အကုန်လောက်က စပြီးအိမ်ခြံမြေဈေးကွက်ထဲရော အစိုးရပိုင် အဆောက်အအုံတွေကိုပါ လိုက် ဝယ်နေတဲ့ အဖွဲ့တွေ ရှိတယ်”ဟုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားတစ်ဦးအနေဖြင့် အိမ်ခြံမြေပိုင်ဆိုင်မှုသတ်မှတ်ထားခြင်းမရှိသဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်သည့် အချိန်တွင် အိမ်ခြံမြေဈေးကွက်အလားအလာကို တွက်ဆမိသည့်ပြည်တွင်း ပြည်ပမှ ငွေကြေးအင်အားတောင့်တင်းသူများက မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက်ဈေးကစား လာခြင်းကြောင့် အစိုးရသစ်တက်လာသည့် သုံးနှစ်အတွင်းအိမ်ခြံမြေဈေးနှုန်းများ အနည်းဆုံးသုံးဆခန့်အထိ မြင့်တက်လာကြောင်းအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

”နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အိမ်ခြံမြေ ဈေးတွေ အနည်းဆုံး သုံးဆလောက် ထပ်တက်လာတယ်” ဟု ရွှေကျွန်းကြီး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service