မြန်မာ့ဂုဏ်ရောင်အိမ်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တွေ့ရှိသမျှတင်ပြ

မြန်မာ့ဂုဏ်ရောင်အိမ်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တွေ့ရှိသမျှတင်ပြ - Property News in Myanmar from iMyanmarHouse.com
13 Jun 2014 4:50 pm တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး
တာမွေမြို့နယ်၊ သံသုမာလမ်းမကြီးပေါ်ရှိ မြန်မာ့ဂုဏ်ရောင်အိမ်ရာစီမံကိန်းအတွက် သိမ်းယူခဲ့သည့် မြေကွက်များပေါ်တွင် လက်ရှိအချိန်အထိ အဆောက်အအုံ ဆောက်လုပ်ခြင်း မရှိသေးသည့် မြေကွက်လွတ် ၁ဝ ကွက်နှင့် ဆောက်လုပ်ထားသောတိုက်တွင် အခန်းပိုများ ထပ်တိုးတည်ဆောက်ခဲ့ခြင်းကို စုံစမ်းတွေ့ရှိခဲ့ရ သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က The Trade Times ကို ပြောသည်။

”တွေ့ရှိချက်တွေကို ဝန်ကြီးချုပ်ဆီ တင်ထားပါတယ်။ ကုမ္ပဏီဘက်ကလည်းခွင့်ပြုထားတဲ့အထပ်ထက် ပိုဆောက်ထားလို့ အခန်းတွေပိုထွက်လာတယ်။ စီမံကိန်းပြီးသွားပေမယ့် အဆောက်အအုံဆောက်မထားတဲ့ မြေကွက်လွတ်တွေလည်းအများကြီးရှိသေးတယ်” ဟု ၎င်းကပြောသည်။

တပ်မတော် (ရေ) တပ်တန်းလျားများ တည်ဆောက်မည်ဟု ပြောကြားပြီး အဆိုပါနေရာမှဒေသခံ များကိုဖယ်ရှားစေခဲ့သော်လည်း နောက်ပိုင်းတွင် ဝါဝါဝင်းကုမ္ပဏီနှင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတို့ အကျိုးတူပူးပေါင်းကာ အချိုးကျခွဲဝေမှုစနစ်ဖြင့် မြန်မာ့ဂုဏ်ရောင်အိမ်ရာစီမံကိန်းကို တည်ဆောက်ခဲ့ခြင်းဖြစ် သည်။

မြေသိမ်းခံခဲ့ရသည့် ရပ်ကွက်နေပြည်သူများက အစိုးရသစ်လက်ထက်တွင် ယင်းတို့၏ နစ်နာဆုံးရှုံးမှု များအတွက် ပြန်လည်ဆန္ဒဖော်ထုတ်တောင်းဆိုမှုများပြုလုပ်လာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကလွှတ်တော်ကိုယ်စားလှယ်များနှင့် မီဒီယာများရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူများနှင့် ညှိနှိုင်းခဲ့ပြီး မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်သွား မည်ဟု အတိအလင်းပြောကြားခဲ့ကာ ယင်းမြေသိမ်းဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းလျက် စုံစမ်းစေခဲ့သည်။

”နစ်နာတဲ့သူတွေကို ပြန်ပေးနိုင်ဖို့ အရင်ပိုင်ဆိုင်မှုတွေကို စိစစ်ရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ကို တာဝန်ပေးမထားဘူး။ သူတို့တာဝန်ပေးရင်တော့ ပြန်စိစစ်ပေးရမယ်” ဟုဦးဝင်းထိန်က ပြောသည်။

”ကုမ္ပဏီဘက်က ရောင်းမထွက်သေးတဲ့ တိုက်ခန်းတွေကိုတန်ဖိုးသတ်မှတ်ပြီး အရင်က မြေတကယ်ပိုင် ဆိုင်ခဲ့တဲ့သူတွေအတွက်ပြန်စဉ်းစားပေးမယ်လို့ကြားတယ်”ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ပြောသည်။

စီမံကိန်းများအတွက် ရပ်ကွက်နေပြည်သူများထံမှ မြေသိမ်းယူခဲ့ရာတွင် စုစုပေါင်း ၁၇ ဒသမ ၃၇၇ ဧက သိမ်းယူခဲ့ပြီး အိုးအိမ်ဦးစီးဌာနက ၄ ဧက နှင့် ဝါဝါဝင်းကုမ္ပဏီဘက်က ၁၃ ဒသမ ၃၇၇ ဧက ခွဲဝေကာ အိမ်ရာစီမံကိန်းလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ကြောင်း၊ ကုမ္ပဏီဘက်ကရရှိထားသည့် မြေအကျယ် ၁၃ ဒသမ ၃၇၇ ဧက အတွင်းမှ အိုးအိမ်ဦးစီးဌာနသို့ မြေကွက်ပေါင်း ၂၁ ကွက်ကိုအချိုးကျ ပြန်လည်ပေးအပ်ထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းမြေသိမ်းခံဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ရာတွင် အဖွဲ့၌ပါဝင်ကြသူများက စုံစမ်းစစ်ဆေးရမည့် မြေပြင်အနေအထားကို ကွင်းဆင်းစစ်ဆေးခြင်း၊ အချက်အလက် တောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service