မြို့ပြမြေအသုံးချမှု ဆွေးနွေးပွဲ ထပ်မံကျင်းပမည်

မြို့ပြမြေအသုံးချမှု ဆွေးနွေးပွဲ ထပ်မံကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
8 Jun 2014 4:11 pm တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြမြေယာအသုံးချမှုနှင့် ဇုန်ခွဲခြားသတ်မှတ် မှုများအတွက် လေးကြိမ်မြောက်အလုပ်ရုံဆွေးနွေးပွဲကို ယခုလ ၁၀ ရက်နေ့တွင် ပြုလုပ် သွားမည်ဖြစ်ပြီး ယခုအကြိမ်သည် မြို့မြေအသုံးချမှုဇုန်သတ်မှတ်ချက်ကို အတည်ပြု နိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူကပြောသည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင် မြို့ပြမြေယာ အသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့် ဆက်နွှယ် သောပညာရှင်များသာမက အများပြည်သူပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်သွားမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါအချက်များကို စဉ်းစားနေဆဲဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတိုးအောင်က မေလ ၃၀ ရက်နေ့က မြန်မာတိုင်း(မ်)ကိုပြောသည်။

"အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်သူတွေ ပါဝင်ဆွေးနွေးနိုင်ဖို့ကိစ္စကိုတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ စဉ်းစားနေတုန်းပဲ ရှိပါသေးတယ်" ဟု ၎င်းက ပြောသည်။ မြို့မြေအသုံးချမှုဇုန်၁၁ ဇုန် သတ်မှတ်ခြင်း နှင့် ရန်ကုန်မြို့အဆောက်အအုံအမြင့်ဇုန်များ သတ်မှတ်ခြင်းအတွက် မြေပုံရေးဆွဲပြီးစီးမှုတို့ ကိုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသော ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည့်အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ရေးဆွဲပြီးစီးသည့်သတ်မှတ်ချက် များကို တိုင်းဒေသကြီးလွှတ်တော်သို့ မတင်ပြ မီပြည်သူလူထုကို အသိပေးချပြမည်ဖြစ်ပြီး အများပြည်သူများထံမှ အကြံပြုချက်များ လည်းရယူမည်ဖြစ်ကြောင်း ဦးတိုးအောင်က ပြော သည်။

မြို့ပြမြေအသုံးချမှုဇုန် သတ်မှတ်ချက်ကို ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်တင်ပြသွားမည်ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရနှင့်ဂျိုက်ကာတို့ ပူးပေါင်း ဆောင်ရွက်နေသော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်း၏အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး မြို့ပြမြေအသုံးချမှုဇုန် ရေးဆွဲ သတ်မှတ်ခြင်းအားဖြင့် ရန်ကုန်မြို့၏ထူးခြား သောသွင်ပြင်လက္ခဏာများကို ထိန်းသိမ်းပြီး လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုမျိုးကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်ကြောင်း ပညာရှင်များက ပြောသည်။

ရန်ကုန်မြို့တော် မြေအသုံးချမှုနှင့် ဇုန်ခွဲခြား သတ်မှတ်မှု၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာအဆိုပြုပုံစံများ စိစစ်အကြံပြုခြင်းလုပ်ငန်းကော်မတီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ဌာနမှူးများနှင့် ပညာရှင်များ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် JICA Study Teamတို့က ပညာရှင်များဖြင့် ၂၀၁၃ ခုနှစ်၊ မေလက ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၏ မြို့မြေအသုံးချခြင်းနှင့်တည်ဆောက်မှုဇုန်များ သတ်မှတ်ခြင်းတို့ကို စတင်လေ့လာဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

Credit: MM Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service